နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ဗိုလ်လုပွဲ အရှုံးဟာ လေဗာကူဆင်ရဲ့ အောင်မြင်မှုကို သက်ရောက်မှု မရှိဘူး ဆိုတဲ့ ဇာဘီ အလွန်ဆို | ယူရိုပါလိဂ်

countdown banner

ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အတ္တလန္တာကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ဖလား ၃ လုံး အိမ်မက် ပျက်ပြားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေဗာကူဆင်ဟာ တစ်ရာသီလုံး ထိန်းသိမ်းလာခဲ့တဲ့ ပြိုင်ပွဲစုံ ၅၁ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်မှပဲ ကျိုးပျက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီပွဲမှာ လေဗာကူဆင်ရဲ့ ကစားပုံက တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပြီး အကြိမ်ကြိမ် လူပေးမှားမှုတွေနဲ့ တိုက်စစ် ကလည်း အတ္တလန္တာ နောက်တန်းရဲ့ ထိန်းချုပ်မှု အောက်မှာ အသက် ကင်းမဲ့ခဲ့ပါတယ်။ ယူရိုပါလိဂ် ဟာ အတ္တလန္တာရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ရရှိတဲ့ ဥရောပဖလား ဖြစ်သလို ဒုတိယအကြိမ်မြောက် ဆုဖလား ဖြစ်ပါတယ်။ အတ္တလန္တာဟာ ၁၉၆၂/၆၃ မှာ ကိုပါအီတလီယာ ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဆုဖလား ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂတ်စ်ပီရီနီ အတွက်လည်း ပထမဦးဆုံး အကြိမ် ဆုဖလား ရရှိမှု ဖြစ်ပါတယ်။

ဇာဘီ အလွန်ဆို ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ရှုံးပွဲဟာ လေဗာကူဆင်ရဲ့ အောင်မြင်မှုကို သက်ရောက်မှု မရှိဘူးလို့ ယုံကြည်ထားပြီး ဘွန်ဒက်စ်လီဂါ ဖလား ရယူပြီးနောက် ပိုကယ်ဖလား မှာပါ ချန်ပီယံ ထပ်ဖြစ်ဖို့ စိတ်အားထက်သန်နေတာပါ။ လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် ကွင်းလယ် ကစားသမားဟောင်းဟာ လေဗာကူဆင်ရဲ့ အမှတ်ရဖွယ် ရာသီကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အလွန်ဆိုက TNT Sports နဲ့ အင်တာဗျူးမှာ ဒီနေ့ ရလဒ်က ကျွန်တော့် အတွက်ရော ကျွန်တော့် ကစားသမားတွေ အတွက်ပါ ဘာမှမခံစားရသလို ဘာမှလည်း မပြောင်းလဲသွားပါဘူး။ ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ ဆုဖလားကို ကိုင်မြှောက်ချင်ပေမယ့် အရာအားလုံး မစွမ်းဆောင်နိုင်ခဲ့လို့ နာကျင်ရပါတယ်။ ဘွန်ဒက်လီဂါ ချန်ပီယံ ဖြစ်ပြီးပါပြီ။ လာမယ့် စနေနေ့မှာ ပိုကယ်ဖလား ဖလားကို ကိုင်မြှောက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲ့နောက် အလွန်ဆိုက ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အတ္တလန္တာ အသင်းရဲ့ နည်းပြ ဂတ်စ်ပီရီနီကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲ အရှုံးကို ခေါင်းထဲမရှိတဲ့ လေဗာကူဆင်

ဆက်လက်ပြီး စပိန်လူမျိုး နည်းပြက “ဒီရာသီ အောင်မြင်မှုတွေက မျှော်လင့်ထားတာထက် ကျော်လွန်သွားပါပြီ။ ကျွန်တော်တို့ အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခု လုပ်ပြဖို့ ရှိခဲ့ပေမယ့် မျှော်လင့်ထားတာထက် အများကြီး ပိုခဲ့ပါတယ်။ လေဗာကူဆင်လို ကလပ် အသင်း တစ်ခု အတွက် ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့ အရာတွေက အရမ်းကောင်းပါတယ်။ ဘွန်ဒက်စ်လီဂါကို သိမ်းပိုက်ပြီး ရာသီ နောက်ဆုံး သတင်းပတ်မှာ ပိုကယ်ဖလား ဗိုလ်လုပွဲကို သွားရတာ ကလည်း အများကြီး အဓိပ္ပာယ် ရှိပါတယ်။ နည်းပြ တစ်ယောက် အတွက် ပထမရာသီက တော်တော်လေး ကောင်းသွားပြီလို့ ပြောလို့ ရပါတယ်။” လို့ ဆိုပါတယ်။

အဲ့နောက် အလွန်ဆိုက ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အတ္တလန္တာ အသင်းရဲ့ နည်းပြ ဂတ်စ်ပီရီနီကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ အလွန်ဆိုက “ဒါဟာ ဒီနှစ်မှ သူတို့ လုပ်ခဲ့တဲ့ အရာ မဟုတ်ဘူး၊ နှစ်ပေါင်း များစွာ လုပ်ခဲ့တာပါ။ သူတို့က အရမ်းကောင်းတဲ့ အစုအဖွဲ့တစ်ခုပါ။ ပုံမှန်အားဖြင့် ကျွန်တော် တို့ဟာ ပိုကောင်းတဲ့ အနေအထားမှာ ရှိခဲ့ပေမယ့် ကျွန်တော်တို့ ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားပေမယ့် အတ္တလန်တာကို ဂုဏ်ပြုပါတယ်၊ သူတို့နဲ့ ထိုက်တန်ပါတယ်၊ ဒါကြောင့် ဘာမှပြောစရာ မရှိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ကိုတော့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး ယူရိုပါလိဂ် မှာတော့ ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် နောက်ထပ် တစ်ကြိမ် ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ၁၉၈၇/၈၈ ခုနှစ်မှာ ယူရိုပါလိဂ် ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး ပိုကယ်ဖလား မှာလည်း ၁၉၉၃/၉၃ ခုနှစ်က တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်