နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲဆက်နေတဲ့ မာဆေးလ်ကို ဘင်ဖီကာတို့ အသာရသွားမှာလား | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

မာဆေးလ် – ဘင်ဖီကာ

ယူရိုပါလိဂ် ကွာတားဖိုင််နယ် ဒုတိယအကျော့ရဲ့‌ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ပြင်သစ် ကလပ် မာဆေးလ်နဲ့ ဘင်ဖီကာ တို့ မာဆေးလ်မြို့က Orange Vélodrome ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ ပေါ်တူဂီမြေမှာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားတဲ့ မာဆေးလ်တို့ ဘင်ဖီကာ ကို အိမ်ကွင်းမှာ အသာရအောင် ကစားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျင်းန် လူးဝစ် ဂက်ဆတ်ရဲ့ အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးထားပြီး ခြေစွမ်း တော်တော်လေး ကျနေတာ တွေ့ရပါတယ်။ ဒဏ်ရာရကစားသမားတွေ များပြားနေခြင်းနဲ့ အတူ ပွဲထွက်ကစားသမားတွေကလည်း ပုံမှန်ခြေစွမ်းအောက် ရောက်နေချိန်ဖြစ်လို့ ပွဲတိုင်းကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။ ဒါပေမယ့်လည်း မာဆေးလ်ဟာ ပထမအကျော့မှာတုန်းက ဘင်ဖီကာကို ခြေရည်တူနီးပါး ကစားနိုင်ခဲ့ပြီး ၂-၁ နဲ့ ကပ်ရှုံးထားတာ ဖြစ်လို့ မျှော်လင့်ချက်တော့ ခပ်ရေးရေး ရှိနေဆဲပါ။ မာဆေးလ်ဟာ ယူရိုပါလိဂ် ကစားပြီးနောက် လိဂ် ပွဲစဉ် မကစားထားပဲ အနားရနေလို့ ဒီပွဲမှာ ဘင်ဖီကာကို အိမ်ကွင်းမှာ ရှုံးကြွေးဆပ်နိုင်မလား ဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဘင်ဖီကာ ကတော့ ဥရောပ အတွေ့အကြုံရင့် အသင်း တစ်သင်းပီပီ ပထမအကျော့ကလည်း နိုင်ထားလို့ ဒီပွဲမှာ ဂိုးမပေးရရေး ထိန်းကစားလာနိုင်ပါတယ်။ မာဆေးလ်ကို စိတ်ကြိုက် ထိုးဖောက်ခွင့်ပေးပြီး တန်ပြန် တိုက်စစ်နဲ့ ဒုက္ခပေးဖို့ ကြိုးပမ်းမှာပါ။ ဘင်ဖီကာဟာ အဝေးကွင်းမှာ သရေရုံနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရောက်ပြီ ဖြစ်လို့ တတ်နိုင်သမျှ သရေခံကစားဖို့ ကြိုးစားပါလိမ့်မယ်။ မာဆေးလ်ရဲ့ Form ပျက်နေမှုကို ဘင်ဖီကာတို့ အခွင့်ကောင်းယူဖို့ ကြိုးစားမှာ ဖြစ်ပြီး အားလုံး မျှော်လင့်ထားသလို လုပ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ဘင်ဖီကာဟာ မာဆေးလ်ကို အနိုင်ရပြီးနောက် လိဂ် ပွဲစဉ်မှာလည်း အဓိက ကစားသမားတချို့ ချန်လှပ်ပြီး ကစားခဲ့ပေမယ့် မိုရီရန့်စ်ကို ဂိုးပြတ် အနိုင်ရထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မာဆေးလ် ဘက်က ကစားသမား အများအပြား လွဲချော်ဖို့ ရှိနေပြီး ရွန်ဂီယာ၊ မာလင်၊ ကလော့စ်၊ အိုနာနာ၊ ဆား၊ နာဒီရာ၊ မိုင်တေးတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

ဘင်ဖီကာ ဘက်မှာတော့ ဂျူအန် ဘားနတ် တစ်ဦးတည်း လွဲချော်မှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

မာဆေးလ် – လိုပက်ဇ်၊ ဂီဂေါ့တ်၊ ဘယ်လာဒီ၊ အမ်ဘမ်ဘာ၊ ဟာရစ်၊ အူနာဟီ၊ ကွန်ဒေါ့ဘီယာ၊ ဗယ်ရီတောက်၊ အန်ဒီရာရီ၊ အော်ဘာမီယန်း၊ မမ်ဘက်ဂ်နာ

ဘင်ဖီကာ – ထရူဘင်၊ ဘာ့ရ်၊ ဆေးလ်ဗား၊ အော့တ်တာမန်ဒီ၊ အားစ်နက်စ်၊ ဖလော်ရန်တီနို၊ နီဗက်စ်၊ ဒီမာရီယာ၊ ရာဖာ ဆေးလ်ဗား၊ နီရက်စ်၊ တန်းဂ်စတတ်ဒ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့်မှာတော့ ပြီးခဲ့တဲ့ ပထမအကျော့မှသာ ပထမဦးဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပြီးတော့ ဘင်ဖီကာက အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ကျန် ၃ ပွဲ ကတော့ ခြေစမ်းပွဲတွေ ဖြစ်ပြီး မာဆေးလ်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဘင်ဖီကာက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ မာဆေးလ်က ၅ ပွဲစလုံး ရှုံးထားပြီး ဘင်ဖီကာ ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မာဆေးလ် နိုင်ရင် ၂.၃၅ ဆ၊ ဘင်ဖီကာ နိုင်ရင် ၂.၆၄ ဆ၊ သရေ ဆိုရင်တော့ ၃.၁၅ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေး၊ မာဆေးလ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးကြေးတွေ ဖွင့်ပေးထားပါတယ်။ ဂိုးပေါင်း ကလည်း ၃ လုံး သွင်းရင် ရပါပြီ။ မာဆေးလ်ဟာ ရှုံးပွဲတွေ ဆက်နေပြီး ကွင်းတွင်း စွမ်းဆောင်ရည် တော်တော်လေး ကျဆင်းနေပါတယ်။ ဘင်ဖီကာလို ဥရောပ အတွေ့အကြုံရင့် အသင်း တစ်သင်းကို အရှုံးကနေ ပြန်လာပြီး ကျော်ဖြတ်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဘင်ဖီကာ ပြင်သစ်မြေမှာ အနိမ့်ဆုံး သရေကစားပါလိမ့်မယ်။ ဂိုးလည်း ပေါ်နိုင်ပါတယ်။

ခန့်မှန်းရလဒ် မာဆေးလ် ၂-၂ ဘင်ဖီကာ (နှစ်ကျော့ပေါင်း ရလဒ် ၃-၄)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်