နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း မာကျောတဲ့ ဆလားဗီးယား ပရက်ဂ်ကို အေစီမီလန်တို့ အသာရသွားမှာလား | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဆလားဗီးယား ပရက်ဂ် အေစီမီလန်

ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဆလားဗီးယား ပရက်ဂ်နဲ့ အေစီမီလန်တို့ ဖော်ကျူနာအရီနာမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ အေစီမီလန်တို့ပထမအကျော့ ဆန်စီရိုကွင်းမှာ ၄-၂နဲ့ ဂိုးပြတ် အနိုင်ရထားပေမယ့် ချက်ကလပ်ဟာ အိမ်ကွင်း မာကျောတာကြောင့် အေစီမီလန်တို့ အလွယ်တကူ အသာရသွားပါ့မလား ဆိုတာ စောင့်ကြည့်ရပါမယ်။

ဆလားဗီးယား ပရက်ဂ်ဟာ အခုနှစ် ယူရိုပါလိဂ်မှာ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီး ချက် ပြည်တွင်းလိဂ် မှာလည်း ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ ပထမအကျော့တုန်းကလည်း အေစီမီလန်ကို အဝေးကွင်းမှာ တတ်နိုင်သမျှ ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် စောစောစီးစီး တစ်ယောက် အထုတ်ခံလိုက်ရလို့သာ ပေးဂိုးတွေ များသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သွင်းဂိုး ၂ ဂိုးပြန်ရခဲ့တာ ကတော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဒေါ့မွန်
PSV
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အေစီမီလန် ကတော့ ပထမအကျော့ ရလဒ်ကောင်း တစ်ခုကြောင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ဖို့ အခြေအနေကောင်းနေပေမယ့် ပေါ့ဆလို့တော့ မရသေးပါဘူး။ အေစီမီလန်ဟာ ဒီရာသီ ပြည်တွင်း ပြိုင်ပွဲမှာ အဝေးကွင်း ရှုံးပွဲ ၃ ပွဲ ရှိထားပြီး ဥရောပပြိုင်ပွဲ မှာလည်း ရှုံးပွဲ ၃ ပွဲ ရှိထားပါတယ်။ အေစီမီလန်ဟာ စီးရီးအေ အဆင့် ၂ နေရာမှာ ရှိနေပေမယ့် အင်တာမီလန်နဲ့ ရမှတ် ကွာဟချက် မြင့်မားနေတာကြောင့် ရာသီကုန်မှာ ဖလားလက်မဲ့ မဖြစ်ရေး ဖြစ်နိုင်ချေရှိတဲ့ ယူရိုပါလိဂ်ကို ပိုမို အားစိုက်လာဦးမှာတော့ သေချာပါတယ်။ ဒါပေမယ့် အိမ်ကွင်း ကစားပုံ မာကြောတဲ့ ကြယ်နီတွေကို အသာရပါ့မလား ဆိုတာတော့ စိုးရိမ်စရာ ရှိပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို ဆလားဗီးယား ပရက်ဂ် ဘက်က မာလစ်ခ် ဒီယော့ပ် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိပြီး ဒေးဗစ် ပက်ချ်၊ ဗော်လစ်ကီး၊ ခိုလာ၊ ဆက်ဗ်ဆစ်ခ် တို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

အေစီမီလန် ဘက်မှာတော့ ပွဲပယ်ထိထားတဲ့ ဖလော်ရန်ဇီနဲ့ ဒဏ်ရာရထားတဲ့ ပိုဘီဂါ တို့ကလွဲလို့ ကျန်အဓိကကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဆလားဗီးယား ပရက်ဂ် – စတန်နက်ခ်၊ ဇီမာ၊ ဟိုးလ်စ်၊ ဘိုရေးလ်၊ ဗဲလ်ဆက်ခ်၊ ဒေါ်လီ၊ မာဆိုပွတ်စ်၊ ပရိုဗော့ဒ်၊ ဇင်မာဇလီ၊ ဒူဒီရာ၊ ချီတေးလ်

အေစီမီလန် မိုက်ဂ်နန်၊ ကေယား၊ ဂက်ဘ်ီယာ၊ ကာလာဘရီယာ၊ ဟာနန်ဒက်ဇ်၊ ဘန်နက်ဆာ၊ ရိုင်ဒါ၊ လော့ဖ်တပ်စ်ချိခ်၊ ပူလီဆစ်ခ်၊ လီယာအို၊ ဂျရူး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပထမအကျော့တုန်းက ပထမဦးဆုံး အကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပြီး အေစီမီလန်က ၄-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဆလားဗီးယား ပရက်ဂ်က ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး အေစီမီလန် ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဆလားဗီးယား ပရက်ဂ် ဘက်က နေရင် ၂.၉၃ ဆ၊ အေစီမီလန် နိုင်ရင် ၂.၁၁ ဆ၊ သရေ ဆိုရင်တော့ ၃.၃၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပေးထားပါပြီး ဒါကလည်း ဆလားဗီးယား ပရက်ဂ်ရဲ့ အိမ်ကွင်း မာကျောမှုကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ပြီး အေစီမီလန်တို့ ပထမအကျော့တုန်းက ဂိုးပြတ် နိုင်ထားလို့ ထိန်းကန်နိုင်တဲ့ အခြေအနေကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် အပြည့်အဝ ပျော်ရွှင်ရမယ့် အခြေအနေပါ။ ဒီပွဲ ကိုတော့ သရေလောက်ပဲ မျှော်လင့်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေလည်း ရှိလာနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်