နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုလံပီကိုမှာ ဆီမီးဖိုင်နယ် တက်‌ရေး အကြိတ်အနယ် ကစားကြမယ့် စီးရီးအေ နှစ်သင်း | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ရိုးမား – အေစီမီလန်

စီးရီးအေ ထိပ်သီး နှစ်သင်းဖြစ်တဲ့ ရိုးမားနဲ့ အေစီမီလန်တို့ ကစားမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကလည်း အကြိတ်အနယ် ရှိပြီး ရင်ခုန်စရာကောင်းတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။ ပထမအကျော့ ဆန်စီရိုမှာ မန်ချီနီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားတဲ့ ရိုးမားတို့ သူတို့ရဲ့ အိမ်ကွင်းမှာရော အေစီမီလန်ကို အသာရအောင် ကစားသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရိုးမားဟာ ပထမအကျော့တုန်းက အေစီမီလန်ကို မန်ချီနီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရလိုက်ပြီး အခုလည်း အိမ်ကွင်း အားသာချက် ရှိနေပါတယ်။ ရိုးမား အနေနဲ့ အိုလံပီကိုမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် အေစီမီလန်ကို အသာမရခဲ့ပဲ ၃ ပွဲ ရှုံးပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ရိုးမားက ဒီရော့ဆီ လက်ထက်မှာ ခြေစွမ်းပိုင်း ကောင်းမွန်နေသလို ခံစစ် ကလည်း ကျစ်လျစ်နေပါတယ်။ နောက်ဆုံး ၄ ပွဲဆက် Clean Sheet ရထားတဲ့ ရိုးမားတို့ အေစီမီလန်ကို မာကျောတဲ့ ခံစစ်နဲ့ တုန့်ပြန်သွားဖို့ ကြိုးစားမှာ ဖြစ်သလို အခွင့်အရေး ရရင် ရသလိုလည်း အသုံးချဖို့ ပြင်ဆင်လာပါလိမ့်မယ်။

စတက်ဖ်နို ပီအိုလီရဲ့ အသင်း ကတော့ ပထမအကျော့တုန်းက ရိုးမားကို အဘက်ဘက်က အသာစီးနဲ့ ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်း အဆုံးသတ် အားနည်းချက်တွေနဲ့ ရိုးမားရဲ့ မာကျောတဲ့ ခံစစ်ကြောင့် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်ဟာ ကစားသမား အင်အား တောင့်တင်းသလို လုပ်ရင် ဖြစ်ပေမယ့် တစ်ချက်တစ်ချက် ထထဖောက်တတ်တဲ့ အကျင့်ကြောင့် မလိုလားအပ်ပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ စီးရီးအေ အသင်းချင်း ကစားရတာ ဖြစ်လို့လည်း တစ်သင်း အကြောင်း တစ်သင်း သိနေတာလည်း ပါပါတယ်။ အဓိက ကတော့ သွင်းဂိုး လိုအပ်နေတဲ့ မီလန်တို့ ရိုးမားရဲ့ ကျစ်လျစ် မာကြောတဲ့ ခံစစ်ကို ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာ စဉ်းစားထားဖို့တော့ လိုအပ်ပါတယ်။ ဒီခံစစ် ပုစ္ဆာကို အဖြေထုတ်နိုင်ရင်တော့ အေစီမီလန်တို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ဖို့ အခြေအနေကောင်းနိုင်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ရိုးမား ဘက်က ခရစ္စတန်တီ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး အက်ဇ်မွန်နဲ့ အန်ဒစ်ကာ တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမှာပါ။

အေစီမီလန် ဘက်မှာတော့ ပိုဘီဂါ၊ အယားနဲ့ ကာလူလူ တို့ ဒဏ်ရာရနေလို့ ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရိုးမား – ဆဗီလာ၊ ဆီလစ်ခ်၊ မန်ချီနီ၊ စမောလင်း၊ စပင်နက်ဇိုလာ၊ ဘိုဗီ၊ ပါရီဒက်စ်၊ ပယ်လီဂရီနီ၊ ဒီဘားလား၊ လူကာကူ၊ အယ်လ်ရှာရာဝီ

အေစီမီလန် – မိုက်ဂ်နန်၊ ကာလာဘရီယာ၊ တိုမိုရီ၊ ဂက်ဘီယာ၊ ဟာနန်ဒက်ဇ်၊ ဘန်နက်ဆာ၊ ရိုင်ဒါ၊ ပူလီဆစ်၊ လော့ဖ်တပ်စ်ချိခ်၊ လီယောင်၊ ဂျရူး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက UEFA က ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ဒုတိယ အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်သင်းစလုံးဟာ ယူရိုပါလိဂ်မှာ ချန်ပီယံ မဖြစ်ဖူးသေးပါဘူး။ ဒီနှစ်သင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၂၉ ကြိမ်မှာ အေစီမီလန်က ၁၁ ကြိမ် နိုင်၊ ရိုးမားက ၉ ကြိမ် နိုင်ပြီး ၉ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပထမအကျော့မှာတော့ ရိုးမားက ဆန်စီရိုမှာ အေစီမီလန်ကို အနိုင်ရထားပါတယ်။ ရိုးမားဟာ အိမ်ကွင်း ၄ ပွဲဆက် ရှုံးပွဲ မရှိသလို အေစီမီလန် ကလည်း အဝေးကွင်း ၅ ပွဲဆက် မရှုံးထားပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ရိုးမား နိုင်ရင် ၂.၆၅ ဆ၊ အေစီမီလန် နိုင်ရင် ၂.၃၆ ဆ၊ သရေ ဆိုရင်တော့ ၃.၁၀ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အေစီမီလန်က သရေ တစ်ဝက် ရှုံး၊ သရေ အရှုံးနဲ့ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး ဆို ပျော်ရပါပြီ။ ရိုးမားဟာ ပထမအကျော့ အားသာချက် ရှိနေသလို နည်းပြ ဒီရော့ဆီ လက်ထက်မှာ တစ်ခုခု လုပ်ပြချင်နေပုံပါပဲ။ မနှစ်ကလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ထားတဲ့ ရိုးမားတို့ အေစီမီလန်ကို အိမ်ကွင်းမှာ အနိမ့်ဆုံး သရေကစားပြီး ကျော်ဖြတ်သွားနိုင်ဖို့ ရှိနေပါတယ်။ ရိုးမား ဘက်မှာပဲ ရပ်တည်ထားရမှာပါ။

ခန့်မှန်းရလဒ် ရိုးမား ၂-၃ အေစီမီလန် (နှစ်ကျော့ပေါင်း ရလဒ် ၅-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်