နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်နဲ့ တွေ့စေချင်တဲ့ နှစ်သင်းကို ပြောပြခဲ့တဲ့ ပေါလ်စခိုးလ်၊ စပို့တင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ယူရိုပါလိဂ် ကနေ ထွက်ခဲ့ရတဲ့ အာဆင်နယ် (ယူရိုပါလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ယူနိုက်တက်နဲ့ တွေ့စေချင်တဲ့ နှစ်သင်းကို ပြောပြခဲ့တဲ့ ပေါလ်စခိုးလ်၊ စပို့တင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ယူရိုပါလိဂ် ကနေ ထွက်ခဲ့ရတဲ့ အာဆင်နယ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၇ ရက်နေ့ရဲ့ ယူရိုပါလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်နဲ့ တွေ့စေချင်တဲ့ နှစ်သင်းကို ပြောပြခဲ့တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲလ်ဘက်တစ် ကို ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် ၅-၁နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ် ကတော့ ကွာတားဖိုင်နယ်မှာ ယူနိုက်တက်ကို အသင်းကြီးတွေ ဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ရိုးမား တို့နဲ့ တွေ့ဆုံစေချင်တယ်လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ၁၆ သင်းအဆင့်မှာ ဖရိုင်းဘတ်ကို အနိုင်ရခဲ့ပြီး၊ ရိုးမား ကတော့ ဆိုစီဒက်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ဆီဗီလာ၊ လေဗာကူဆင် စတဲ့ အသင်းတွေလည်း ကွာတားဖိုင်နယ် တက်ခဲ့ပေမယ့် ပေါလ်စခိုးလ် ကတော့ သူ့ အသင်းဟောင်းကို အီတလီ ကလပ် ၂ သင်းနဲ့ တွေ့စေချင်နေတာ ဖြစ်ပါတယ်။

ပေါလ် စခိုးလ်က “ ကျွန်တော် ကတော့ ပွဲကြီး ပွဲကောင်းတွေ ကိုပဲ အမြဲတမ်း လိုချင်ပါတယ်။ အိုးထရက်ဖိုဒ့်မှာ ဒီလို ပွဲကြီးတွေကို သဘောကျတာပါ။ ယူရိုပါလိဂ်မှာ ရှိနေတဲ့ အတွက် ချန်ပီယံလိဂ် မဟုတ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ရဲ့ သမိုင်းကြောင့် ပွဲဖြစ်လာရင် ဘယ်လောက်တောင် ကောင်းမလဲ။ နှစ်သင်းစလုံးက အရင်အဆင့်မှာ မဟုတ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ပြန်လာဖို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပုံ ရပါတယ်။ ဒါကြောင့် ကျွန်တော့် အတွက် ဂျူဗင်တပ်စ်နဲ့ ရိုးမားလည်း ဖြစ်နိုင်တယ်” လို့ ပြောခဲ့တာပါ။ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အတွက် မဲခွဲမှုကို ဒီနေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။


စပို့တင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ ယူရိုပါလိဂ် ကနေ ထွက်ခဲ့ရတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူဖို့ အခြေအနေ ကောင်းတဲ့ အာဆင်နယ် ကတော့ ယူရိုပါလိဂ်မှာ မထင်မှတ်ဘဲ စပို့တင်းလစ္စဘွန်းကို အရေးနိမ့်ပြီး ထွက်ခဲ့ရပါပြီ။
ပရီးမီးယားလိဂ် တစ်ခုတည်းကိုပဲ အာရုံစိုက်ရတော့မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူဖို့ အခြေအနေ ကောင်းတဲ့ အာဆင်နယ် ကတော့ ယူရိုပါလိဂ်မှာ မထင်မှတ်ဘဲ စပို့တင်းလစ္စဘွန်းကို အရေးနိမ့်ပြီး ထွက်ခဲ့ရပါပြီ။ ပထမအကျော့က လစ္စဘွန်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး အိမ်ကွင်းမှာ ပြန်ကစားရလို့ အာဆင်နယ်တို့ အခြေအနေ ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း မထင်မှတ်ဘဲ အခုလိုမျိုး ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ် အတွက် ဂရန်းနစ် ချာကာက ၁၉ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့လို့ ဒီပွဲက သူတို့ အတွက် ပိုလွယ်ခဲ့ပြီလို့ ထင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၆၂ မိနစ်မှာ ပက်ဒရိုက ချေပဂိုး ပြန်သွင်းသွားခဲ့ပြီး စပို့တင်းကို အသက်ဆက် ပေးသွားခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် အချိန်ပို အထိ ကစားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် အထိပါ ရောက်ခဲ့ရပါတယ်။ 

ပင်နယ်တီ အဆုံးအဖြတ် မှာတော့ အာဆင်နယ် အတွက် မာတင်နယ်လီ ကန်သွင်းရာမှာ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ စပို့တင်း ကတော့ ၅ ကြိမ်စလုံးကို ဂိုးဝင်အောင် သွင်းနိုင်ခဲ့ပြီး မာတင်နယ်လီရဲ့ ကန်သွင်းချက်ကို စပို့တင်း ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့တာပါ။ အာဆင်နယ်တို့ ရှုံးချက်နာခဲ့ရပြီး ဥရောပဖလား မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ 


ရမ်းစ်ဒေးလ်ကို မျက်နှာပျက်စေမယ့် သွင်းဂိုးကို သွင်းခဲ့တဲ့ ပက်ဒရို

ပရီးမီးယား လိဂ်
နော်တင်ဟမ်ဖော်ရက်စ် FC
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ (Draw) @ 3.65
ဂိုးပေါ် 2.50 @ 2.16
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပို့တင်းလစ္စဘွန်းရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ပက်ဒရို ကတော့ ညက အာဆင်နယ်နဲ့ ပွဲမှာ အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့ပါတယ်။ ပက်ဒရိုဟာ ကွင်းလယ် ကနေ လှမ်းကန်ခဲ့တာ ဖြစ်ပြီး ရှေ့ထွက်နေတဲ့ အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ် ဒေးလ် တစ်ယောက် ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရပါတယ်။ 

ကွင်းလယ်မှာ အာဆင်နယ် ကစားသမားတွေနဲ့ ဘောလုံး ယှဉ်လုနေရင်းနဲ့ ပက်ဒရိုက ဘောလုံးရလာချိန်မှာ အချိန်ဆိုင်း မနေတော့ဘဲ ဂိုးသမားကို ကျော်ပြီး သွင်းယူခဲ့တာပါ။ သူ့ရဲ့ ကန်ချက်က တိကျ မှန်ကန်ခဲ့ပြီး ရမ်းစ်ဒေးလ် တယောက် အသည်းအသန် လိုက်ဖမ်းခဲ့ပေမယ့် မမီခဲ့တော့ဘဲ ဂိုးပေးလိုက်ရကာ သူ့အတွက်တော့ အရှက်ရစရာ ဖြစ်ခဲ့ရပါတယ်။ 

စပို့တင်း အတွက်တော့ ဒီဂိုးက အသက် ဆက်ပေးနိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီရဲ့ အလှပဆုံး သွင်းဂိုးလို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဒီဂိုးကြောင့် စပို့တင်းဟာ အာဆင်နယ် ကွင်းမှာ သရေပြန် ကစားနိုင်ခဲ့ပြီး အချိန်ပို အထိ ခရီးဆက်နိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ရမ်းစ်ဒေးလ် ကတော့ ပင်နယ်တီ အဆုံးအဖြတ် မှာလည်း တစ်ဂိုးမှ မကာကွယ်နိုင်ခဲ့ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်