နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ဆုဖလား အိမ်မက်တွေ လက်လွှတ်ရနိုင်ဖွယ် ရှိနေတဲ့ လစ်ဗာပူးလ် | ယူရိုပါလိဂ်

countdown banner

“ တူးလော့စ်ရဲ့ အိမ်ကွင်းဟာ ဘယ်လိုလဲ ဆိုတာကို လစ်ဗာပူးလ်တို့ သိအောင် ကျနော်တို့ မနက်ဖြန် ညနေ ယူရိုပါလိဂ် ပွဲမှာ ပြသွားမယ်၊ ဒီပွဲကို သူတို့ တစ်သက် မမေ့အောင် လုပ်ပြသွားမှာပါ၊ အန်ဖီးလ်လ်မှာတုန်းက ကျနော်တို ပရိသတ်တွေရဲ့ အားပေးခဲ့ပုံကို ကျနော့်ဘ၀မှာ မေ့မှာ မဟုတ်တော့ပါဘူး”

ပြင်သစ် လီဂူးဝမ်းမှာ အဆင့် ၁၄ ရောက်နေတဲ့ တူးလော့စ်ရဲ့ နည်းပြ မာတီနက်ဇ်က လစ်ဗာပူးလ်နဲ့ ပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။ ညက ယူရိုပါလိဂ်ပွဲ မှာတော့ သူ ပြောခဲ့သလိုပါပဲ။ လစ်ဗာပူးလ်ကို အနိုင်ကစားပြီး သူတို့ အိမ်ကွင်းက ဘာလဲဆိုတာကို ပြသသွားခဲ့ပါတယ်။ ယာဂင် ကလော့ပ်ရဲ့ အသင်းဟာ တူးလော့စ်ကို စိတ်ပျက်စရာ ကောင်းအောင် အရေးနိမ့်ခဲ့ရပါတယ်။

ယူရိုပါလိဂ်မှာ ဆိုရင်လည်း ၄ ပွဲကစား အပြီးမှာ ၅ ဂိုး အထိ ပေးထားရပါတယ်။ ဒါက အသင်းကြီး တစ်သင်း အနေနဲ့ ဆိုရင် မဖြစ်သင့်တဲ့ အနေအထားပါ။
ယူရိုပါလိဂ် အုပ်စု (E)ကို ဆက်လက် ဦးဆောင်ထားတဲ့ လစ်ဗာပူးလ်

ဒီပွဲ ရှုံးလို့ လစ်ဗာပူးလ် အတွက် ဘာမှဖြစ်မသွားဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပွဲတိုင်းလိုလို ဂိုးပေးနေရတာ၊ အဓိကကစားသမားတွေလည်း ပါဝင်လျက်နဲ့ ရှုံးနိမ့်ခဲ့တာတွေက စိုးရိမ်စရာတော့ ကောင်းနေခဲ့ပါတယ်။ ဒီပုံစံကို မပြင်နိုင်ရင် ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ အသင်းကြီး တစ်သင်းနဲ့ တွေ့ရင် သူတို့မလွယ်ပါဘူး။

ပြီးတော့ ပရီးမီးယားလိဂ် မှာလည်း သူတို့ ပစ်မှတ်ထားတာတွေကို ဆုံးရှုံးရပါလိမ့်မယ်။ ညကဆိုရင် တိုက်စစ် ကစားသမားတွေ အားလုံး ထည့်ပြီးတော့ သူတို ကစားခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ၃-၃ ဖြစ်စေမယ့် ချေပဂိုးကို သွင်းနိုင်ခဲ့ပေမယ့် ဂိုးမသွင်းခင်မှာ မာ့ခ် အယ်လစ္စတာက လက်နဲ့ ထိခဲ့တယ်လို VAR က ပြန်ကြည့်ကာ ပယ်ဖျက်သွားခဲ့လို နစ်နာခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်း အားနည်းချက်နဲ့ အဝေးကွင်းမှာ ကစားပုံလျော့တိလျော့ရဲ ဖြစ်နေတာက ကလော့ပ် အတွက် ရင်ပူစရာပါပဲ။

ပရီးမီးယားလိဂ်
မန်ချက်စတာ ယူနိုက်တက်
လုတန် တောင်း
ဂိုး‌ပေါ်် 3.00 @ 1.92
ဂိုးပေါင်း 2-3 @ 2.11
1X2 သရေ (Draw) @ 4.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ်မှာ ဆိုလည်း သူတို့က တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းနေတာ မှန်ပါတယ်။ ဒါပေမယ့် ပွဲတိုင်း ဂိုးပေးနေရတဲ့ အချက်က ဖုံးကွယ်ထားလို့မရပါဘူး။ နိုင်ပွဲ ရနေလို့သာ သူတို့ရဲ့ ခံစစ်ပိုင်း အားနည်းချက်က မသိသာပေမယ့် ပရိသတ်တွေ ကတော့ ဒီအချက်ကို သတိထားပြီး ထောက်ပြတာတွေ ရှိနေခဲ့ပါတယ်။ ကလော့ပ်လို နည်းပြ ကလည်း မသိဘဲ နေမှာ မဟုတ်ပါဘူး။ သူ ပြင်ဆင်နေပေမယ့် သူ့ခံစစ်ပိုင်းမှာ ဗန်ဒိုက်ခ်လို ကစားသမားကအစ ခြေစွမ်းကျနေလို့ ဘာမှမတတ်နိုင်ပါဘူး။

ယူရိုပါလိဂ်မှာ ဆိုရင်လည်း ၄ ပွဲကစား အပြီးမှာ ၅ ဂိုး အထိ ပေးထားရပါတယ်။ ဒါက အသင်းကြီး တစ်သင်း အနေနဲ့ ဆိုရင် မဖြစ်သင့်တဲ့ အနေအထားပါ။ သူ ရင်ဆိုင်ရတဲ့ အသင်းတွေက ဒုတိယတန်းစား အသင်းတွေ ဖြစ်ပြီး ပွဲတိုင်းကို ဂိုးတွေပေးနေရတာပါ။ ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း ၁၀ ဂိုးအထိ ခွင့်ပြုထားရပြီး ဂိုးမပေးရတဲ့ ပွဲ ၂ ပွဲတည်းသာ ရှိခဲ့ပါတယ်။ ဒါက သူတို့ ခံစစ် ဘယ်လောက်အထိ တောင်မှ ဆိုးရွားနေလဲဆိုတာ သက်သေပါပဲ။ ဒါကို ကလော့ပ် အချိန်မီ ပြင်ဆင်ဖို့ အရေးကြီးနေပါပြီ။ မဟုတ်ရင်တော့ လစ်ဗာပူးလ်ရဲ့ ဆုဖလား မျှော်လင့်ချက်က မလွယ်ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်