နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ ဖီယင်နော့ဒ် ကိုပဲ ယုံကြည်ထားချင်တယ် | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဖီယင်နော့ဒ် – ရိုးမား

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဖီယင်နော့ဒ် ကတော့ ရိုးမားကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်လို့ ပွဲကြိုအချက်အလက်နဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…

မနှစ်က ယူရိုပါကွန်းဖရင့်လိဂ်မှာ ဗိုလ်လုခဲ့ကြတဲ့ နှစ်သင်း ဖြစ်ပြီး ဥရောပအဆင့် ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက် တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။ ဖီယင်နော့ဒ်က ဒီရာသီမှာ တောက်လျောက် ပုံစံကောင်းရနေပြီး ရှုံးပွဲ တော်တော်လေး နည်းနေတာ တွေ့ရပါတယ်။ ယူရိုပါလိဂ် မှာတော့ အုပ်စု အဆင့် ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပေမယ့် အုပ်စုဗိုလ် ဖြစ်ခဲ့ပြီး ၁၆ သင်း အဆင့်ကို တိုက်ရိုက် ကစားခွင့်ရခဲ့ပါတယ်။ အဲ့နောက် ရှက်တာဒိုးနတ်စ်ကို နှစ်ကျော့ပေါင်း ၈-၂ နဲ့ အနိုင်ယူ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် ရောက်လာတာ ဖြစ်လို့ နယ်သာလန် ကလပ်ကို လျှော့တွက်လို့တော့ မရပါဘူး။ ထူးခြားချက်က အာနေး စလော့တ်ရဲ့ အသင်းက ဒီရာသီ ပြည်တွင်း လိဂ် မှာရော၊ ယူရိုပါလိဂ်မှာပါ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ အဆင့်မှာလည်း ရှက်တာကို အဝေးကွင်းမှာ ၁-၁ ကစားပြီး အိမ်ကွင်း ရောက်မှ ၇-၁ နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

ရိုးမားက လက်တလော စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိနေပြီး ယူရိုပါလိဂ်မှာလည်း ပုံစံကောင်းတစ်ခု ပြသထားနိုင်ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲဆက် ပေးဂိုး မရှိ နိုင်ပွဲ ရထားတဲ့ ရိုးမား

ရိုးမား ကတော့ ခြေစွမ်း အတက်အကျ မမှန်ပေမယ့် အတွေ့အကြုံရင့် နည်းပြ ဟိုဆေး မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့ အတူ နောက်ထပ် ဥရောပဖလား တစ်လုံး ကိုင်မြှောက်ဖို့ ရည်ရွယ်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရိုးမားက လက်တလော စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိနေပြီး ယူရိုပါလိဂ်မှာလည်း ပုံစံကောင်းတစ်ခု ပြသထားနိုင်ပါတယ်။ အုပ်စု ဒုတိယနေရာသာ ရခဲ့ပေမယ့် ပလေးအော့ဖ်မှာ ချန်ပီယံလိဂ်က ဆင်းလာတဲ့ ဆဲလ်ဘာ့ဂ်ကို ကျော်ဖြတ်နိုင်ခဲ့သလို ၁၆ သင်း အဆင့်မှာလည်း စပိန် ကလပ် ဆိုစီဒက်ကို ထပ်မံကျော်ဖြတ်ပြီး ဒီအဆင့်ကို ထိုက်ထိုက်တန်တန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရိုးမားက ပေးဂိုး မရှိ နောက်ဆုံး နှစ်ပွဲဆက် အနိုင်ရထားပြီး ဖီယင်နော့ဒ် ကိုတော့ ကောင်းကောင်း ဒုက္ခပေးနိုင်မယ့် ခြေစွမ်းမျိုး ရှိနေပါတယ်။

ဒီပွဲ ကိုတော့ ဖီယင်နော့ဒ် ဘက်ကို ဘစ်ဂျ်လိုးဝ်နဲ့ တင်ဘာတို့ လွဲချော်မှာ ဖြစ်ပြီး ရိုးမား မှာတော့ ရစ်ခ် ကားစ် ဒေါ့ပ် တစ်ဦးတည်း လွဲချော်ဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဖီယင်နော့ဒ် ဝယ်လန်ရူသာ၊ ဟန်ကို၊ ထရောင်နာ၊ ဂီရာထရူအီဒါ၊ ကော့ချူ၊ ဇီမန်းစကီး၊ ပိုက်ရှုံ၊ အီဒရစ်ဆီ၊ ဟင်မီနက်ဇ်

ရိုးမား ပက်ထရီစီယို၊ စမောလင်း၊ မန်ချီနီ၊ အီဘာနက်ဇ်၊ မာတစ်၊ ဝိုင်နယ်ဒမ်၊ စပင်နက်ဇိုလာ၊ ဇာလက်စကီး၊ ဒီဘားလား၊ ပယ်လီဂရီနီ၊ ဘယ်လော့တီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပ အဆင့်မှာ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ရိုးမားတို့ ဖီယင်နော့ဒ်ကို ၂ ပွဲနိုင်၊ ၁ ပွဲ သရေ ကစားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ယူရိုပါလိဂ် ပလေးအော့ဖ် အဆင့်မှာ နှစ်ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ ရိုးမားတို့ ဖီယင်နော့ဒ်ကို အနိုင်ယူ ကျော်ဖြတ်ခဲ့သလို မနှစ်က ယူရိုပါကွန်းဖရင့်လိဂ် ဗိုလ်လုပွဲ မှာလည်း ဇန်နီအိုလိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာတော့ ဖီယင်နော့ဒ်က ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ပွဲတိုင်း ဂိုးပေါ်ခဲ့ပါတယ်။ ရိုးမား ကတော့ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိပြီး ဂိုးအောက် ၃ ပွဲ ကစားခဲ့ပါတယ်။ ဒါပေမယ့် ပေးဂိုးမရှိတဲ့ ပွဲက ၃ ပွဲ ရှိခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဖီယင်နော့ဒ် အတွက် ၂.၃၇ ဆ၊ ရိုးမား အတွက် ၃ ဆ နီးပါး ကြေးဖွင့်ပေးထားပါတယ်။ ဟမ်းဒီးကပ်မှာ ဖီယင်နော့ဒ်က သရေကျရင် ခပ်ပါးပါး ရှုံးမယ့် ကြေးမျိုး ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ထားပါတယ်။ နှစ်သင်းစလုံးက ဥရောပမှာ တန်းတစ်ခု ရှိတဲ့ အသင်းတွေ ဖြစ်နေလို့ ပွဲကတော့ ကြည့်ကောင်းဦးမှာပါ။ ဖီယင်နော့ဒ်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကြောင့် ရိုးမားတို့ လွယ်ကူနိုင်ဖို့တော့ မရှိပါဘူး။ အပြန်အလှန်တော့ ဂိုးသွင်းနိုင်ဖို့ ရှိပြီး အိမ်ရှင် တို့ပဲ ကပ်နိုင်သွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်