နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမြင့်ပျံနေတဲ့ လေဗာကူဆင်ကို ဝက်စ်ဟမ်းတို့ တားဆီးနိုင်ပါ့မလား | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဝက်စ်ဟမ်း – လေဗာကူဆင်

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ဝက်စ်ဟမ်းနဲ့ လေဗာကူဆင်တို့ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဘေးအရီနာမှာ ၂ ဂိုးပြတ် နိုင်ထားတဲ့ လေဗာကူဆင်တို့ အားသာချက်တွေ ရှိနေပြီး ဒီရလဒ် တစ်ခုကို ဆက်ထိန်းသွားနိုင်မလား။ ဒါမှမဟုတ် ဝက်စ်ဟမ်း ကပဲ မထင်မှတ်တာတွေ လုပ်ပြပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်း ကတော့ လက်ရှိမှာ ခြေစွမ်းကျဆင်းနေပြီး အသင်း ကလည်း အဓိက ကစားသမား တချို့ ဒဏ်ရာပြသနာ ရှိနေလို့ လေဗာကူဆင်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါ။ အဓိက တောင်ပံ တိုက်စစ်က ဂျရော့ဒ် ဘိုဝင် ဒဏ်ရာရနေတာက ဝက်စ်ဟမ်းကို တော်တော်လေး အားနည်းသွားစေခဲ့ပြီး ဒီပွဲမှာရော လိုအပ်တဲ့ ဂိုးတွေ ရှာဖွေနိုင်ပါ့မလား ဆိုတာ စိုးရိမ်စရာပါ။ ဝက်စ်ဟမ်းဟာ လေဗာကူဆင်ကို ၂ ဂိုးပြတ်နဲ့ ရှုံးပြီးနောက် ဖူလ်ဟမ် ကိုလည်း အိမ်ကွင်းမှာ ၀-၂ ရလဒ်နဲ့ ဆက်ရှုံးထားပါတယ်။

လေဗာကူဆင် အကြောင်း ကတော့ ပြောလို့ ကုန်နိုင်မှာ မဟုတ်ပါဘူး။ ဇာဘီ အလွန်ဆို တည်ဆောက်ထားတဲ့ လေဗာကူဆင်က ကွင်းတွင်းရော၊ ကွင်းပြင်ပမှာပါ အားရစရာ အပြည့်ပါ။ ပူပူနွေးနွေး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးထားပြီး လက်ကျန် ၅ ပွဲ မတိုင်ခင်မှာတင်ပဲ ချန်ပီယံ ဖြစ်ထားလို့ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံး ရောက်နေပါတယ်။ ဒါ့အပြင် ပိုကယ်ဖလားမှာ ကိုင်ဇာစလော့တန်နဲ့ ဗိုလ်လုပွဲ ကစားရဖို့ ရှိလို့ ချန်ပီယံဖြစ်ဖို့ သေချာသလောက် ရှိနေပြီး ပရိသတ်တွေ အနေနဲ့ Treble ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ Neverkusen ကနေ Winnerkusen ဖြစ်သွားတဲ့ အလွန်ဆိုရဲ့ အသင်းက ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်ဖို့ အင်အား အပြည့် ရှိနေပြီး အခုပွဲမှာလည်း ဝက်စ်ဟမ်းကို အဝေးကွင်း ထပ်ပြီး အနိုင်ရဖို့ အားထုတ်လာမှာ သေချာပါတယ်။ လေဗာကူဆင်ရဲ့ ယူရိုပါလိဂ် ဆုဖလားဆီသွားရာ လမ်းမှာ ဝက်စ်ဟမ်းဟာ ဆူးညှောင့်တစ်ခု ဖြစ်လာနိုင်မှာတော့ မဟုတ်ပါဘူး။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဝက်စ်ဟမ်း ဘက်က အီမာဆင်နဲ့ ပက်ကေးတားတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကယ်ဗင်ဖီးလစ်၊ ဘိုဝင် ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပြီး ဂိုးသမား အာရီယိုလာ ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

လေဗာကူဆင် ဘက်မှာတော့ ဟိုးလ်ဇက်ခ် ကလွဲလို့ ကျန်အဓိက ကစားသမားတွေ အားလုံး ပါဝင်လာဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဝက်စ်ဟမ်း – ဖေဘီယန်စကီး၊ ဇူးမား၊ အော့ဘွန်နာ၊ ခရက်စ်ဝဲလ်၊ ကူဖယ်၊ အဲလ်ဗာရက်ဇ်၊ ဆိုချက်ခ်၊ ဝက်ဒ်-ပရောက်စ်၊ ဂျွန်ဆင်၊ ကူဒု့စ်၊ အန်တိုနီယို

လေဗာကူဆင် – ဟွာဒက်ကီ၊ ကော့ဆူနူ၊ တာ့ရ်၊ စတန်နီဆစ်၊ ဖရင်ပေါင်၊ ချာကာ၊ ပလာစီယို့စ်၊ ဂရီမဲလ်ဒို၊ ဝစ်ဇ်၊ အက်ဒ်လီ၊ ဘိုနီဖေ့စ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့် ပြိုင်ပွဲ တစ်ခုမှာ ဒုတိယ အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က ကစားခဲ့တဲ့ ခြေစမ်းပွဲ မှာတော့ လေဗာကူဆင်က ၄-၀ ရလဒ်နဲ့ ဝက်စ်ဟမ်းကို အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာလည်း ဘေးအရီနာမှာ လေဗာကူဆင်က ၂ ဂိုးပြတ်နဲ့ နိုင်ထားပါတယ်။ လေဗာကူဆင်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ပွဲ ၄၃ ပွဲဆက် ရှုံးပွဲ မရှိသလို ပြီးခဲ့တဲ့ ၈ ပွဲဆက် နိုင်ထားပြီး ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက်လည်း နိုင်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၃.၃၀ ဆ၊ လေဗာကူဆင် နိုင်ရင် ၁.၉၂ ဆ၊ သရေ ဆိုရင်တော့ ၃.၃၆ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လေဗာကူဆင်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ သရေ တစ်ဝက်ရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကလည်း ၃ လုံး သွင်းမှ စိတ်ချရမှာပါ။ ဝက်စ်ဟမ်းဟာ ခြေစွမ်းပိုင်း ယိမ်းယိုင်နေပြီး လေဗာကူဆင် ကတော့ အဘက်ဘက်မှာ အမြင့်ဆုံး ရောက်နေချိန် ဖြစ်ပါတယ်။ ဇာဘီ အလွန်ဆိုနဲ့ အတူ ဖလား ၃ လုံး အိမ်မက် အကောင်အထည်ဖော်ဖို့ တော်တော်လေး စိတ်အားထက်သန်နေတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ နှစ်ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တဲ့ အထိ တိုက်စစ်က အားနည်းနေပါတယ်။ လေဗာကူဆင် ကတော့ ခံစစ်ကောင်းသလို တိုက်စစ်လည်း အားသန်တဲ့ အသင်းပါ။ ကျနော် ကတော့ လန်ဒန် ကွင်းမှာ ကစားမှာ ဖြစ်ပေမယ့် လေဗာကူဆင်ကိုပဲ ထပ်ပြီး ယုံကြည်ထားချင်နေပါတယ်။

ခန့်မှန်းရလဒ် ဝက်စ်ဟမ်း ၁-၂ လေဗာကူဆင် (နှစ်ကျော့ပေါင်း ရလဒ် ၁-၄)


ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်