နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း နိုင်ပွဲနဲ့ အတူ ဖီအိုရင်တီးနားတို့ ဆီမီးဖိုင်နယ် တက်သွားနိုင်မလား | ယူရိုပါကွန့်ဖရင့်လိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဖီအိုရင်တီးနား – ဗစ်တိုးရီးယား ပလယ်ဇန်

ယူရိုပါကွန့်ဖရင့်လိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပထမနေ့ ပွဲစဉ် အဖြစ် ဖီအိုရင်တီးနားနဲ့ ဗစ်တိုးရီးယား ပလယ်ဇန်တို့ Stadio Artemio Franchi ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ ချက်မြေမှာ ဂိုးမရှိ သရေကျထားလို့ ဒီပွဲက နောက်တစ်ဆင့် တက်ရောက်ရေး အတွက် မဖြစ်မနေ နိုင်ပွဲ ရအောင် ကြိုးစားကြရမှာလည်း ဖြစ်ပါတယ်။

ဖီအိုရင်တီးနားက ပထမအကျော့တုန်းက ကစားရခက်တဲ့ ချက်မြေမှာ ဂိုးမရှိ သရေရအောင် ကစားနိုင်ခဲ့ပြီး အိမ်ကွင်း ဖြစ်တဲ့ အီတလီမြေမှာ အသာရဖို့ အသေအချာ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားဟာ ပထမအအကျော့တုန်းက ဗစ်တိုးရီးယား ပလယ်ဇန်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့်သာ နိုင်ပွဲ မရခဲ့တာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားဟာ ယူရိုပါကွန့်ဖရင့်လိဂ်ကို အပြည့်အဝ အာရုံစိုက်နေပုံရပြီး စီးရီးအေ မှာတောင် တောက်လျောက် ရလဒ်တွေ ယိမ်းယိုင်နေတာ တွေ့ရပါတယ်။

ဗစ်တိုးရီးယား ပလယ်ဇန် ကတော့ ချက်ရဲ့ အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် ဖီအိုရင်တီးနားနဲ့တော့ ခြေစွမ်းပိုင်း ကွာဟလွန်းပါတယ်။ သူတို့ရဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဖြတ်သန်းမှုကို ပြန်ကြည့်ရင် လွယ်ကူခဲ့တယ်လို့ ပြောလို့ ရပြီး ဒီအဆင့်မှာတော့ ဖီအိုရင်တီးနားကို ကျော်ဖြတ်ဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ ဗစ်တိုးရီးယား ပလယ်ဇန်ဟာ လက်ရှိမှာ ခြေစွမ်းပိုင်း သိပ်တော့ မဆိုးလှသလို နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲ နိုင်၊ ၂ ပွဲ သရေကျထားပါတယ်။ ဒါ့အပြင် အဝေးကွင်း နောက်ဆုံး ၁၄ ပွဲဆက်လည်း ရှုံးပွဲ မရှိထားပါဘူး။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဖီအိုရင်တီးနား ဘက်မှာ ဒဏ်ရာရ/ ပွဲပယ်ကစားသမား ကင်းရှင်းနေလို့ အတောင့်တင်းဆုံး လူစာရင်း ပွဲထွက်လာနိုင်ဖို့ ရှိပါတယ်။

ဗစ်တိုရီးယား ပလယ်ဇန် ဘက်မှာတော့ ဒူရိုဆင်မီ၊ ဗယ်လန်တာ၊ မော့ကီရာ၊ ဆိုင်ကိုရာ၊ ဂျီရာကာ တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဖီအိုရင်တီးနား – တာရက်စီယာနို၊ ကာတာ၊ မီလန်ကိုဗစ်၊ ဘီရာဂီ၊ ဒိုဒို၊ မန်ဒရာဂိုရာ၊ အာသာ၊ ဘဲလ်ထရန်၊ ဘယ်လော့တီ၊ ဂွန်ဇာလက်ဇ်၊ ဆော့တေးလ်

ဗစ်တိုးရီးယား ပလယ်ဇန် – ဂျက်ဒလစ်ကာ၊ ဟက်ဂျ်ဒါ၊ ရန်နက်၊ ဂျမဲလ်ကာ၊ ကဲလ်ဗက်ချ်၊ ဆက်ဗ်၊ ရက်ဇ်နစ်ခ်၊ ကာဒူ၊ ဆူလက်၊ ချိုရီ၊ ဗီဒရာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပြီးခဲ့တဲ့ ပထမအကျော့ တစ်ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဖီအိုရင်တီးနား ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ ဗစ်တိုးရီးယား ပလယ်ဇန် ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဖီအိုရင်တီးနား နိုင်ရင် ၁.၃၅ ဆ၊ ဗစ်တိုးရီးယား ပလယ်ဇန် နိုင်ရင် ၆.၄၀ ဆ၊ သရေ ဆိုရင်တော့ ၄.၀၁ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဖီအိုရင်တီးနား နိုင်ရင် သရေ တစ်ဝက်ရှုံး၊ တစ်လုံး တစ်ဝက် ရှုံး၊ တစ်လုံး အရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ပထမအကျော့က ချက်မြေမှာမို့လို့သာ ဖီအိုရင်တီးနားတို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ အိမ်ကွင်းမှာတော့ နိုင်ပွဲ ရှာတွေ့သွားပြီး နောက်တစ်ဆင့် တက်သွားမယ် ထင်ပါတယ်။ ဂိုးနည်းနိုင်ပါတယ်။

ခန့်မှန်းရလဒ်

ဖီအိုရင်တီးနား ၁-၀ ဗစ်တိုးရီးယား ပလယ်ဇန် (နှစ်ကျော့ပေါင်း ရလဒ် ၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်