နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဖာ ဆေးလ်ဗားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ကွာတားဖိုင်နယ် တက်သွားတဲ့ ဘင်ဖီကာ | ယူရိုပါလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ရိန်းဂျားစ် ၀-၁ ဘင်ဖီကာ (နှစ်ကျော့ပေါင်း ရလဒ် ၂-၃)

ယူရိုပါလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ ဘင်ဖီကာက ရိန်းဂျားစ်ကို ရာဖာ ဆေးလ်ဗားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ၂-၃ ရလဒ်နဲ့ ဘင်ဖီကာ တို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ၄-၂-၃-၁ ကစားဟန်တွေနဲ့ ပွဲထွက်လာခဲ့ကြပြီး ရိန်းဂျားစ်မှာ ဘတ်လန်း၊ ဂိုးလ်ဆင်၊ ဆောက်တာ၊ ရီလ်မက်ဇ်၊ တာဗာနီယာ၊ ဒိုင်အိုမန်ဒီ၊ လွန်းစတွမ်း၊ လောရန့်စ်၊ ရိုက်၊ ဆေးလ်ဗား၊ ဒက်ဆာတို့ ပါဝင်ခဲ့ပါတယ်။ ဘင်ဖီကာ ဘက်မှာတော့ ထရူဘင်၊ အော့တာမန်ဒီ၊ ဆေးလ်ဗား၊ ဘာ့ရ်၊ အားနက်စ်၊ နီဗက်စ်၊ လူးဝစ်၊ ရာဖာ ဆေးလ်ဗား၊ နီရက်စ်၊ ဒီမာရီယာနဲ့ လီယိုနာဒိုတို့ ပွဲထွက်ခဲ့ပါတယ်။ 

ပထမအကျော့တုန်းကလိုပဲ ကြည့်ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး လျင်မြန်မှုကို အသားပေးခဲ့ပြီး အခွင့်အရေး ရရင် ရသလို တန်ပြန် တိုက်စစ်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် မျှော်လင့်ထားခဲ့သလောက် သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ ရိန်းဂျားစ်ဟာ ပွဲချိန် အများစုမှာ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဘင်ဖီကာရဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေ ကိုတော့ နောက်တန်းက ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်
ဖူလ်ဟမ်
တော့တင်ဟမ် ဟော့စပါး
1X2 သရေ (Draw) @ 3.53
ဂိုးပေါ် 3.25 @ 2.07
ဂိုးပေါင်း 2-3 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးအချက်အလက်တွေကို ပြန်ကြည့်ရင် နှစ်သင်းစလုံး ဂိုးပေါက် ကန်ချက် ၁၀ ကြိမ်ကျော် ရှိခဲ့ကြပေမယ့် ဂိုးပေါက်တည့်မှု ကတော့ နှစ်သင်းပေါင်းမှ ၇ ကြိမ်သာ ရှိခဲ့တာပါ။ ဘင်ဖီကာ အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ ဒီမာရီယာရဲ့ ဖန်တီးပေးမှု ကနေ ရာဖာ ဆေးလ်ဗားက ရိန်းဂျားစ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး သွင်းယူခဲ့ရပါတယ်။ VAR ပြန်ကြည့်ခဲ့ရပေမယ့်လည်း ကွင်းလယ်ဒိုင်က သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့ ပေါ်တူဂီ မြေမှာ နှစ်ဂိုးစီ သရေကျထားခဲ့လို့ အနည်းငယ် အသာရနေခြင်းကို ရိန်းဂျားစ်တို့ အသုံးမချနိုင်ခဲ့သလို အိမ်ကွင်း အားသာချက်ကိုလည်း အခွင့်အရေးမယူနိုင်ခဲ့ပါဘူး။ ဘင်ဖီကာဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့လည်း ထိုက်တန်ခဲ့ပါတယ်။ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့် မဲခွဲပွဲတွေ ကိုတော့ မကြာခင် ကျင်းပသွားဖို့ ရှိပြီး ဘင်ဖီကာ တို့ ဘယ်အသင်းနဲ့ တွေ့ဆုံရမယ် ဆိုတာကိုလည်း မကြာခင် သိရှိရမှာ ဖြစ်ပါတယ်။

ရိန်းဂျားစ်ဟာ စကော့တလန် ပရီးမီးယားရှစ် ပွဲစဉ် အဖြစ် ဒန်ဒီးနဲ့ ဆက်လက် ကစားရဖို့ ရှိပြီးတော့ ဘင်ဖီကာ ကလည်း ကာဆာပီယာ အသင်းနဲ့ လိဂ်ပွဲ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်