နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာဆေးလ်ကို အဝေးကွင်းမှာ သရေကစားခဲ့တဲ့ အတ္တလန္တာ၊ ဗိုလ်လုပွဲ တက်ဖို့ အခြေအနေကောင်းသွားတဲ့ လေဗာကူဆင် | ယူရိုပါလိဂ်

countdown banner

ဒီကနေ့ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေ က‌တော့ ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး အဝေးကွင်းမှာ လာရောက် ကစားခဲ့ကြတဲ့ အသင်းတွေ ရလဒ်ကောင်းခဲ့ကြပါတယ်။

 

မာဆေးလ် ၁၁ အတ္တလန္တာ

ဘင်ဖီကာကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ရတဲ့ မာဆေးလ်ဟာ အခု ပွဲမှာလည်း ပုံစံကောင်းရနေတဲ့ အတ္တလန္တာကို အသည်းအသန် ကစားခဲ့ရပါတယ်။ ဂတ်စ်ပီရီနီရဲ့ အသင်း ကတော့ ပြိုင်ပွဲစုံမှာ ရလဒ်တွေ ကောင်းနေခြင်းနဲ့ အတူ ခြေစွမ်းကောင်း တစ်ခုကို ဆက်ထိန်းပြီး ပြင်သစ်မြေမှာ အရေးပါတဲ့ သွင်းဂိုးနဲ့ အတူ သရေရအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး မာဆေးလ် တိုက်စစ်ကို အော်ဘာမီယန်းနဲ့ ဆားတို့ ဦးဆောင်ခဲ့သလို ကွန်ဒေါ့ဘီယာ၊ ဗယ်ရီတောက်၊ အမ်ဘမ်ဘာ၊ မူရီလို၊ ကလော့စ် တို့လို အဓိကက ကစားသမား အားလုံးနီးပါး ပါဝင်ခဲ့ကြပါတယ်။ အတ္တလန္တာ ကလည်း ပြီးခဲ့တဲ့ ပွဲတွေက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိခဲ့ပါဘူး။ တိုက်စစ်မှာ ဆကမ်မက်ကာ၊ ကူ့ပ်မိုင်းနားစ်၊ ဒီကတ်တယ်လာရီ တို့ကို ထားပြီး အီဒါဆင်၊ ရူဂါရီ၊ ဒီရွန်၊ ဇာပါကော်စတာ၊ ကိုလာဆီနက်ချ်၊ ဂျင်မ်စီတီ၊ ဆကယ်ဗီနီ၊ မူဆို တို့နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

အတ္တလန္တာ အတွက် ဦးဆောင်ဂိုး ကိုတော့ ဆကမ်မက်ကာက ၁၁ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာတော့ အမ်ဘမ်ဘာက မာဆေးလ် အတွက် ချေပပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ နှစ်သင်းစလုံး ဂိုးထပ်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘောလုံးက ကွင်းလယ်မှာပဲ အပျက်များနေခဲ့လို့ ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ် အတိုင်းဆိုရင် အတ္တလန္တာဟာ ဒုတိယအကျော့ အိမ်ကွင်း အားသာချက် ရှိနေပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ဖို့ အခြေအနေကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

 

ရိုးမား ၀၂ လေဗာကူဆင်

ဇာဘီ အလွန်ဆိုရဲ့ အသင်း ကတော့ သူတို့ အတွက် အရေးပါတဲ့ နောက်ထပ် ဆုဖလား တစ်လုံး မျှော်လင့်ချက် အတွက် ခြေတစ်လှမ်း ထပ်တိုးနိုင်ခဲ့ပြီလို့ပဲ ဆိုရပါမယ်။ ရိုးမားလို ခံစစ်ကောင်းတဲ့ အသင်း တစ်သင်းကို အိုလံပီကိုမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရလိုက်တဲ့ လေဗာကူဆင်ရဲ့ ခြေစွမ်းက နောက်ထပ် တစ်ကြိမ် ထပ်ပြီး ချီးကျူးချင်စရာပါပဲ။ ဒီပွဲမှာ နှစ်သင်းစလုံး အကောင်းဆုံး ဖြစ်မယ့် လူစာရင်းကိုပဲ အသုံးပြုလာကြပြီး ရိုးမား ဘက်မှာ လူကာကူ၊ ဒီဘားလား၊ အယ်ရှာရာဝီ၊ ပါရီဒက်စ်၊ ပယ်လီဂရီနီ၊ ခရစ္စတန်တီ၊ စမောလင်း၊ မန်ချီနီ၊ ကားစ်ဒေါ့ပ်၊ စပင်နက်ဇိုလာ၊ ဆဗီလာ တို့ ပါဝင်ခဲ့ပါတယ်။ လေဗာကူဆင် ကတော့ တိုက်စစ်မှာ ဝစ်ဇ်ကို အထောင်ထားပြီး အက်ဒ်လီ၊ ဖရင်ပေါင်တို့နဲ့ ဝန်းရံစေကာ ချာကာ၊ အန်းဒရစ်ချ်၊ ဂရီမဲလ်ဒို၊ ဆတန်နီဆစ်၊ တာ့ရ်၊ ဟင်ကပ်ပီ၊ တပ်ဆိုဘာ၊ ကိုဗာ တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဟွာဒက်ကီ အစား ပွဲထွက်လာခဲ့တဲ့ ဒုတိယဂိုးသမား ကိုဗာလည်း အမှားနည်းခဲ့သလို ချာကာ၊ အန်းဒရစ်ချ် တို့ရဲ့ ကွင်းလယ် အတွဲအဖက် ကလည်း လုပ်အာနှုန်း တော်တော်လေး ကောင်းခဲ့တာ တွေ့ရပါတယ်။ လေဗာကူဆင် အတွက် ဂိုးတွေ ကိုတော့ ၂၇ မိနစ်မှာ ဝစ်ဇ်နဲ့ ၇၃ မိနစ်မှာ အန်းဒရစ်ချ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အန်းဒရစ်ချ်ဟာ ပြီးခဲ့တဲ့ စတုဂတ်နဲ့ ပွဲမှာလည်း နောက်ဆုံး မိနစ်မှာ အရေးပါတဲ့ သွင်းဂိုးကို ရယူပေးခဲ့သူ ဖြစ်ပါတယ်။

အဝေးကွင်းမှာ ကစားပြီး ဂိုးပြတ် နိုင်ပွဲ ရခဲ့တဲ့ လေဗာကူဆင်ဟာ ဒုတိယ အကျော့ ဂျာမန်မြေမှာ အနိမ့်ဆုံး သရေ ကစားရုံနဲ့ ဗိုလ်လုပွဲ တက်တော့မှာ ဖြစ်ပါတယ်။ လေဗာကူဆင် အနေနဲ့ ပြိုင်ပွဲစုံမှာ ၄၇ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တာ ဖြစ်ပြီး ဒီပုံ အတိုင်း ဆိုရင် ဥရောပမှာ ဘယ်အသင်းမှ လိုက်မှီဖို့ မလွယ်တဲ့ စံချိန်ကောင်းတွေနဲ့ ဖလား ၃ လုံး သိမ်းပိုက်ဖို့ အခြေအနေကောင်းနေပြီလို့ ပြောရပါမယ်။ ရိုးမား ကတော့ ဒုတိယအကျော့ လေဗာကူဆင် အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရမှပဲ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ကတော့ လာမယ့် မေလ ၁၀ ရက်နေ့မှ ဆက်လက် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်