နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လွတ်ခ်မန်းရဲ့ ဟက်ထရစ်နဲ့ ရှုံးပွဲမရှိ ချန်ပီယံကို အနိုင်ယူပြီး ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အတ္တလန္တာ | ယူရိုပါလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

အတ္တလန္တာ ၃-၀ လေဗာကူဆင်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ အတ္တလန္တာက လေဗာကူဆင်ကို အံ့အားသင့်ဖွယ် ဂိုးပြတ် အနိုင်ယူပြီး သူတို့ အတွက် ပထမဦးဆုံး ဥရောပဖလား တစ်လုံး ကိုင်မြှောက်သွားနိုင်ခဲ့ပါတယ်။ အတ္တလန္တာရဲ့ အနိုင်ဂိုး ၃ ဂိုးစလုံးကို အဒီမိုလာ လွတ်ခ်မန်း တစ်ဦးတည်းက သွင်းယူပေးခဲ့ပြီး ရှုံးပွဲ မရှိ ခြေစွာနေပါတယ် ဆိုတဲ့ လေဗာကူဆင်ကို ပြတ်ပြတ်သားသား အနိုင်ယူ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲ ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး အကောင်းဆုံး ဖြစ်နိုင်မယ် ထင်တဲ့ နည်းစနစ် ဗျူဟာ အခင်းအကျင်းတွေနဲ့ ယှဉ်ပြိုင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ အတ္တလန္တာ ဘက်မှာ မူဆို၊ ဟိန်း၊ ကိုလာဆီနက်ချ်၊ ဂျင်မ်စီတီ၊ အီဒါဆင်၊ ကူ့ပ်မိုင်းနား၊ ရူဂါရီ၊ ဇာပါကော်စတာ၊ လွတ်ခ်မန်း၊ ကတ်တယ်လာရီ၊ ဆကမ်မက်ကာ တို့ ပွဲထွက်လာခဲ့ပါတယ်။ လေဗာကူဆင် ဘက်မှာတော့ ကိုဗာ၊ တပ်ဆိုဘာ၊ တာ့ရ်၊ ဟင်ကပ်ပီ၊ ချာကာ၊ ပလာစီယို့စ်၊ ဂရီမဲလ်ဒို၊ စတန်နီဆစ်၊ ဝစ်ဇ်၊ ဖရင်ပေါင်၊ အက်ဒ်လီတို့ ပါဝင် ကစားသွားခဲ့ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်ဟာ ဒီပွဲမတိုင်ခင် ပွဲပေါင်း ၅၁ ပွဲဆက် ရှုံးပွဲ မရှိထားသလို ပူပူနွေးနွေး ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားတာကြောင့် အားလုံးက လေဗာကူဆင်ပဲ ချန်ပီယံ ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ အတ္တလန္တာရဲ့ မာကျောကျစ်လျစ်တဲ့ ခံစစ်၊ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေကြောင့် လေဗာကူဆင်တို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၃၀ မပြည့်ခင် မှာပဲ အတ္တလန္တာတို့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ချန် တိုက်စစ်မှူး လွတ်ခ်မန်း တစ်ဦးတည်းကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်ထိ လေဗာကူဆင်တို့ အရင်ပွဲတွေတုန်းကလိုပဲ ပြန်လာနိုင်မယ်လို့ တော်တော်များများက မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အတ္တလန္တာရဲ့ ပုံစံကောင်း တစ်ခုကို လေဗာကူဆင်တို့ မချေဖျက်နိုင်ခဲ့ပဲ ဒုတိယပိုင်း ၇၅ မိနစ်မှာ လွတ်ခ်မန်းကပဲ တတိယဂိုးကို ထပ်မံ သွင်းယူပေးခဲ့တာကြောင့် ၃-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။


အခု ဂျာမနီရဲ့ အဆင့် ၁ လေဗာကူဆင်ကို အနိုင်ယူခဲ့တယ်။ ကျွန်တော်တို့ဟာ ထိပ်သီး အသင်းတွေကို အနိုင်ယူပြီး ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့တာပါ။
အသင်း သမိုင်းတလျှောက် ဒုတိယမြောက် ဆုဖလား ဖြစ်ခဲ့တဲ့ အတ္တလန္တာ

ဒီနေ့ပွဲမှာ လေဗာကူဆင်ရဲ့ ကစားပုံက တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပြီး အကြိမ်ကြိမ် လူပေးမှားမှုတွေနဲ့ တိုက်စစ် ကလည်း အတ္တလန္တာ နောက်တန်းရဲ့ ထိန်းချုပ်မှု အောက်မှာ အသက် ကင်းမဲ့ခဲ့ပါတယ်။ လွတ်ခ်မန်း ကတော့ အရင်ထဲက ပါရမီ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အခုလို အရေးပါတဲ့ ဗိုလ်လုပွဲမှာ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် မကြာခင် အချိန်အတွင်း ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ်ထားခြင်း ခံရဖို့ သေချာနေပြီ ဖြစ်ပါတယ်။ လွတ်ခ်မန်းရဲ့ သွင်းဂိုး ၃ ဂိုး စလုံးကို ပြန်ကြည့်ရင် နေရာယူ မှန်ကန်မှု၊ တိကျတဲ့ ကန်သွင်း အဆုံးသတ်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တချို့ဆိုရင် ရော်နယ်ဒင်ဟို ဝင်ပူးသွားသလား ဆိုပြီးတောင် ချီးကျူးနေကြတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ဟာ အတ္တလန္တာရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ရရှိတဲ့ ဥရောပဖလား ဖြစ်သလို ဒုတိယအကြိမ်မြောက် ဆုဖလား ဖြစ်ပါတယ်။ အတ္တလန္တာဟာ ၁၉၆၂/၆၃ မှာ ကိုပါအီတလီယာ ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဆုဖလား ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂတ်စ်ပီရီနီ အတွက်လည်း ပထမဦးဆုံး အကြိမ် ဆုဖလား ရရှိမှု ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဂတ်စ်ပီရီနီက “ကျွန်တော်တို့ အသင်းက ယူရိုပါလိဂ်မှာ ဗိုလ်စွဲရုံပဲ ဗိုလ်စွဲခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယူရိုပါလိဂ် ဖလားကို ဘယ်လိုမျိုး ရယူခဲ့သလဲ ဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့ လစ်ဗာပူးလ်ကို သူတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရှိနေစဉ်တုန်းက အနိုင်ရခဲ့တာပါ။ ပြီး‌တော့ ပေါ်တူဂီရဲ့ အဆင့် ၁ စပို့တင်းလစ္စဘွန်းကို ကျော်ဖြတ်ခဲ့တယ်။ အခု ဂျာမနီရဲ့ အဆင့် ၁ လေဗာကူဆင်ကို အနိုင်ယူခဲ့တယ်။ ကျွန်တော်တို့ဟာ ထိပ်သီး အသင်းတွေကို အနိုင်ယူပြီး ယူရိုပါလိဂ် မှာ ဗိုလ်စွဲခဲ့တာပါ။ ဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်