နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျော်ဂျီယာက တူရကီ အတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာမလား | ယူရို ၂၀၂၄ (ပွဲကြိုသုံးသပ်ချက်)

countdown banner

တူရကီ – ဂျော်ဂျီယာ

ယူရို ၂၀၂၄ အုပ်စု (F) ရဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် တူရကီနဲ့ ဂျော်ဂျီယာ တို့ ဒေါ့မန် အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတယ်ပါတယ်။ သမိုင်းတစ်လျှောက် ဥရောပချန်ပီယံရှစ် ပြိုင်ပွဲကြီးကို ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်လာတဲ့ ဂျော်ဂျီယာတို့ တူရကီလို အသင်းကောင်း တစ်သင်းကို ဒုက္ခပေးသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တူရကီ ကတော့ ယူရို ၂၀၂၄ ဟာ သူတို့ အတွက် ၆ ကြိမ်မြောက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ဥရောပပြိုင်ပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲ နှစ်ကြိမ်ဆက် အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ တူရကီက ဒီပြိုင်ပွဲမှာတော့ ပေါ်တူဂီ၊ ချက်၊ ဂျော်ဂျီယာ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုတွင်း အားအနည်းဆုံး အသင်း ဖြစ်တဲ့ ဂျော်ဂျီယာနဲ့ တွေ့ဆုံနေတဲ့ ဒီပွဲမှာ မဖြစ်မနေ အမှတ်ပြည့်ရရှိဖို့ လိုအပ်နေပါတယ်။ ဒီပွဲပြီးရင် တူရကီတို့ ပေါ်တူဂီ၊ ချက်တို့နဲ့ ကစားရမှာ ဖြစ်လို့ ခက်ခဲဖို့ပဲ ရှိပါတယ်။ တူရကီဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ နိုင်ပွဲ ပျောက်နေတာကြောင့်တော့ ခြေစွမ်းပိုင်းအရ စိတ်ပူစရာ ရှိနေပါတယ်။

ဂျော်ဂျီယာ ကတော့ ယူရို ၂၀၂၄ ရောက်မှ ပထမဦးဆုံး အကြိမ် ဥရောပပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၂၄ ကို ပလေးအော့ဖ် ကနေ တဆင့် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အသင်း ဖြစ်ပြီး အတွေ့အကြုံ ကလည်း တော်တော်လေး နုပါတယ်။ အုပ်စုတွင်း အားအနည်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပြီး အဖွင့်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့တော့ မလွယ်ပါဘူး။ မာမက်ဒက်ရှ်ဗီလီ၊ ခဗရာစခီလီယာ တို့ နှစ်ဦးလောက်ပဲ သိတဲ့သူ ရှိပြီး ကျန် ကစားသမားတွေ ကတော့ လူသိနည်းပါတယ်။ ဂျော်ဂျီယာ အနေနဲ့ တူရကီကို အမြင့်ဆုံး သရေလောက်ပဲ ကစားနိုင်စွမ်း ရှိမယ်ထင်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ပွဲဦးထွက်လည်း ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။ တူရကီ မှာတော့ လိုင်လီ တိုက်စစ်မှူး ယူဆက်ဖ် ရက်ဇီရှီ ဖျားနာ ဝေဒနာကြောင့် လွဲချော်ဖွယ် ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

တူရကီ – ဂူနော့ခ်၊ အေဟန်၊ ဒါမီရယ်၊ ဘာဒက်ရှီ၊ ကာဒီယိုဂလူ၊ အော့ဇ်ကန်၊ အာဒါ ဂူလာ၊ ရီလ်ဒစ်ဇ်၊ အက်ခ်တာကိုဂလူ၊ ရီလ်မက်ဇ်

ဂျော်ဂျီယာ ကတော့ ယူရို ၂၀၂၄ ရောက်မှ ပထမဦးဆုံး အကြိမ် ဥရောပပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ယူရို ပြိုင်ပွဲ ကစားခွင့်ရထားတဲ့ ဂျော်ဂျီယာ

ဂျော်ဂျီယာ – မာမက်ဒက်ရှ်ဗီလီ၊ ကဗက်ဗီလီယာ၊ ကာရှီယာ၊ ဒီဗာလီ၊ ကာကာဘက်ဇီ၊ ကီတိုက်ရှ်ဗီလီ၊ ကိုချော်ရက်ရှ်ဗီလီ၊ ရှန်ဂီလီယာ၊ ချက်ခ်ဗတ်တက်ဇီ၊ ခါဗရာစခီလီယာ၊ မီကူတက်ဇီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၀၁၂ ခုနှစ်က ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး တူရကီက ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ တူရကီ နိုင်ရင် ၁.၇၆ ဆ၊ ဂျော်ဂျီယာ နိုင်ရင် ၄.၇၄ ဆနဲ့ သရေ ဆိုရင်တော့ ၃.၄၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ တူရကီက သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ဒီနှစ်သင်းက ကမ္ဘာ့အဆင့် ကွာခြားချက် ကြီးမားသလို ကစားသမား စုဖွဲ့မှုမှာလည်း တူရကီက အများကြီး ပိုသာပါတယ်။ တူရကီက ဒီပွဲ မတိုင်ခင် ရလဒ်တွေ ဆိုးနေပြီး ဂျော်ဂျီယာ ကတော့ နိုင်ပွဲတွေ ဆက်နေပေမယ့် အတွေ့အကြုံပိုင်းက အများကြီး စကားပြောပါလိမ့်မယ်။ တူရကီ ဘက်မှာပဲ ယုံကြည်မှု ရှိရှိ ရပ်တည်ထားရမယ့်ပွဲ ဖြစ်ပြီး ဒီနှစ် ယူရို ထုံးစံ အတိုင်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဦးမှာပါ။

 

ခန့်မှန်းရလဒ်

တူရကီ ၂-၁ ဂျော်ဂျီယာ

 
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်