နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကို ဝီလီယမ်စ်ကို ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်း ချီးကျူးခဲ့တဲ့ ဝိန်း ရူနီ | ယူရို ၂၀၂၄

အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရူနီ ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ စပိန် လူငယ် ကြယ်ပွင့်လေး နီကို ဝီလီယစ်ကို ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ခိုင်းနှိင်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယူရို ၂ဝ၂၄ ချန်ပီယံ စပိန်က အသင်းရဲ့ တောင်ပံ နှစ်ဖက်မှာ နီကို ဝီလီယမ်စ်နဲ့ လမိုင်း ယာမဲလ် တို့ကို တွဲဖက်စေခဲ့ပြီး အထောင် တိုက်စစ် မှာတော့ အဲလ်ဗာရိုး မိုရာတာ ကိုထားကာ ပြိုင်ပွဲ တစ်လျှောက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်စစ် အတွဲအဖက်ဟာ စပိန် အတွက် တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပြီး နီကို ဝီလီယံစ်က (၂) ဂိုးသွင်း (၁) ဂိုး ဖန်တီးပြီး ယာမယ် ကတော့ ၁ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ အလားတူ မိုရာတာက (၁) ဂိုးသွင်းကာ (၁) ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

အားလုံးထဲမှာ နီကို ဝီလီယမ်စ်က အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အရေးပါတဲ့ သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့သလို သူ့ရဲ့ သွင်းဂိုး ကိုတော့ လမိုင်း ယာမယ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ စပိန် တိုက်စစ် အစုအဖွဲ့ထဲက တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့တော့ ဝိန်း ရူနီက “ဝီလီယမ်စ်က ထူးခြားတဲ့ ကစားသမားလေး တစ်ဦးပါ။ သူကစားနေတာကို ကြည့်ရတာ ခရစ္စတီယာနို ရော်နယ်လ်ဒို ငယ်ငယ်တုန်းက ကစားပုံတွေကို သွားပြီး သတိရမိစေပါတယ်။ သူက အရည်အသွေး ပြည့်ဝတဲ့ ကစားသမားလေးပါ။ တစ်ခါတစ်လေမှာ အများကြီး လုပ်ပြဖို ကြိုးစားတတ်ပေမယ့် များသောအားဖြင့် ကတော့ သူက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။ သူက တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခိုက်အတန့်တွေ မှာလည်း မထင်မှတ်ထားလောက်တဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင် နိုင်သလို ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။ လို့ မှတ်ချက်ပေး ချီးကျူး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် (၂၂) နှစ် အရွယ်သာ ရှိနေသေးတဲ့ စပိန် ဘယ်တောင်ပံ ကစားသမား လေး နီကို ဝီလီယမ်စ်ဟာ စပိန်နဲ့ ဘီလ်အာအို အသင်း တို့ရဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နီကိုဟာ ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီက ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားခဲ့ရာမှာ ၉ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာတော့ ၃၇ ပွဲ ကစားပြီး ၈ ဂိုး သွင်းကာ ၁၆ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

  ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ နီကို ဝီလီယမ်စ်ကို လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ အတူ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားလျက် ရှိပြီး လက်ရှိမှာတော့ ဝီလီယမ်စ်က စပိန် အသင်းဖော် လမိုင်း ယာမယ် ရှိရာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်လျက် ရှိပါတယ်။ ဒါ့အပြင် နီကို ဝီလီယမ်စ် ကိုတော့ ဘာစီလိုနာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် ကိုယ်တိုင် ကလည်း သဘောကျ နှစ်သက်နေတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်