နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန်နဲ့ ပတ်သတ်လို့ ပြောစကားတွေကို အာရုံထဲမရှိဘူး ဆိုတဲ့ ဇူဘာ | ယူရို ၂၀၂၄

countdown banner

ဆွစ်ဇာလန်နဲ့ အင်္ဂလန် တို့ဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် မတိုင်ခင် အင်္ဂလန် အသင်းရဲ့ လက်တလော အားရစရာ မရှိတဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့် ဆွစ်ဇာလန် ကွင်းလယ်လူ ဇူဘာ ကတော့ အာရုံမစိုက်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ဆွစ်ဇာလန် လက်ရွေးစင် စတီဗင် ဇူဘာက ကွာတားဖိုင်နယ် ပွဲစဉ် မတိုင်ခင် အင်္ဂလန် အသင်းနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ သူ့ရဲ့ အသင်းဖော်တွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဇူဘာက အင်္ဂလန်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် ပြုခဲ့ပေမယ့် ဆွစ်ဇာလန် အနေနဲ့ သူတို့ လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့တာပါ။

ဇူဘာက “အင်္ဂလန်ရဲ့ အရည်အသွေး ဒါမှမဟုတ် တခြားသော အရာတွေကို ပြောဖို့ မလိုအပ်ဘူး ထင်ပါတယ်။ ကျွန်တော်က သူတို့ အသင်း ဘာတွေဖြစ်နေလဲ ဆိုတာကို စိတ်မဝင်စားပါဘူး။ ရိုးရိုးသားသား ပြောရရင် ဒါက ကျွန်တော်တို့ အလုပ်မဟုတ်သလို ကျွန်တော်တို့ ကိုယ်တိုင် ကြိုးစားရယ့် အလုပ်ပါ။ ကျွန်တော်တို့ဟာ ကျွန်တော် တို့ရဲ့ အားသာချက်ကို သိထားပါတယ်၊ ကျွန်တော်တို့ရဲ့ အရည်အသွေး ကိုလည်း သိပြီး ပွဲကို စောင့်မျှော်နေပါတယ်။ ကွင်းထဲမှာ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေကို ပြသဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က စကားပြော မကောင်းပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ အရည်အသွေး ပြတဲ့ နေရာမှာတော့ တော်ပါတယ်။” လို့ ဇူဘာက ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာပါ။

နောက်ဆုံး မှာတော့ ဇူဘာက “အရေးကြီးတဲ့ အသင်းတွေကို အမြဲတမ်း အနိုင်ယူဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်းပဲ ရေပန်းစားတဲ့ အသင်းတွေက အမြဲတမ်း ခက်ခဲလေ့ ရှိပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ အတွက် နယ်နိမိတ်တွေက အရေးမပါတော့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ဆွစ်ဇာလန်ဟာ အခုနှစ် ယူရို ၂၀၂၄ မှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး ဖျက်မြင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အသင်း ဖြစ်ပါတယ်။ အများစု ကတော့ ခြေစွမ်းပိုင်း အားရစရာ မရှိတဲ့ အင်္ဂလန်တို့ အသင်းလိုက် ကစားပုံ ကောင်းမွန်လွန်းနေတဲ့ ဆွစ်ဇာလန်ကို ကျော်ဖြတ်ဖို့ ခက်ခဲမယ်လို့ ယူဆနေကြတာပါ။ ဆွစ်ဇာလန်ဟာ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်မှာ လက်ရှိ ချန်ပီယံ အီတလီကို ၂-၀ ရလဒ်နဲ့ ကျော်ဖြတ်ပြီး ဒီအဆင့် ရောက်လာခဲ့ပေမယ့် အင်္ဂလန် ကတော့ ဆလိုဗက်ကီးယားကို ခက်ခက်ခဲခဲ ကစားပြီးမှ ကွာတားဖိုင်နယ် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဆွစ်ဇာလန်ဟာ ယူရို ပြိုင်ပွဲမှာ အမြင့်ဆုံး အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ မှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပေမယ့် အီတလီကို ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ထားရတဲ့ အသင်း ဖြစ်ပါတယ်

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်