နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းလိုက် ကစားအားကောင်းကောင်းနဲ့ လက်ရှိ ချန်ပီယံကို ကျော်ဖြတ်ခဲ့တဲ့ ဆွစ်ဇာလန် | ယူရို ၂၀၂၄ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဆွစ်ဇာလန် ၂-၀ အီတလီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာတော့ ဆွစ်ဇာလန်က လက်ရှိ ချန်ပီယံ အီတလီကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်း ဆွစ်ဇာလန်က အီတလီကို ခြေစွမ်းအသာနဲ့ ကစားပြီး ရှုံးထွက်အဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး အတောင့်တင်းဆုံး အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ ဆွစ်ဇာလန် ဘက်မှာ ဆွမ်မား၊ အာကန်ဂျီ၊ ရှား၊ ရိုဒရီဂွက်ဇ်၊ ဂရန်းနစ် ချာကာ၊ ဖရီအူလာ၊ အဘစ်ရှာ၊ အန်ဒိုရီ၊ ဗားဂတ်စ်၊ ရိုင်ဒါ၊ အမ်ဘိုလို တို့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အီတလီ မှာတော့ ဒွန်နာရူးမား၊ ဘက်စတိုနီ၊ မန်ချီနီ၊ ဒီလော်ရန်ဇို၊ ဒါမီရန်၊ ဖက်ဂီအိုလီ၊ ခရစ္စတန်တီ၊ ဘာရယ်လာ၊ ဆကမ်မက်ကာ၊ အဲလ်ရှာရာဝီ၊ ခီယေဇာ တို့ ပွဲထွက်ခဲ့ပါတယ်။

ဆွစ်ဇာလန်မှာ ကြယ်ပွင့် ကစားသမားတွေ အများကြီး မပါပေမယ့် အသင်းလိုက်ကစားပုံ ကောင်းကောင်းနဲ့ အထနှေးတဲ့ အီတလီကို ပွဲစကတည်းက ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ချာကာ၊ ဖရီအူလာ တို့ ဦးဆောင်တဲ့ ဆွစ်ဇာလန် ကွင်းလယ်ကို အီတလီ ကွင်းလယ်က ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၃၇ မိနစ်မှာ ဆွစ်ဇာလန်တို့ အီတလီ နောက်တန်းရဲ့ ပေါ့ဆမှု ကနေ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဖရီအူလာက အကောင်းဆုံး အဆုံးသတ်သွားခဲ့ပါတယ်။ အဲ့နောက်မှာလည်း ဆွစ်ဇာလန် ကပဲ ပွဲကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ဗားဂတ်စ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာ အီတလီတို့ ချေပဂိုး ရရှိရေး အွက် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဆွစ်ဇာလန်ရဲ့ ပုံစံကောင်း ရနေမှုကို ဘယ်လိုမှ မတုန့်ပြန်နိုင်ခဲ့ပဲ ၂-၀ ရလဒ်နဲ့ပဲ အရှုံးပေးခဲ့ရပြီး ရှုံးထွက်အဆင့် ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ဒီပုံ အတိုင်း ဆိုရင် ဒီနှစ် ယူရို ၂၀၂၄ မှာ ဆွစ်ဇာလန်က ဖျက်မြင်း ဖြစ်လာဖို့ ရှိနေပြီး နောက်အဆင့်တွေ မှာလည်း အသင်းကောင်းတွေကို ကောင်းကောင်း ဒုက္ခပေးဦးမယ့် သဘော ရှိပါတယ်။
လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခြင်း မရှိတော့တဲ့ အီတလီ

ဒီပုံ အတိုင်း ဆိုရင် ဒီနှစ် ယူရို ၂၀၂၄ မှာ ဆွစ်ဇာလန်က ဖျက်မြင်း ဖြစ်လာဖို့ ရှိနေပြီး နောက်အဆင့်တွေ မှာလည်း အသင်းကောင်းတွေကို ကောင်းကောင်း ဒုက္ခပေးဦးမယ့် သဘော ရှိပါတယ်။ ပြိုင်ပွဲအစကတည်းက ယိုင်နဲ့နဲ့ ခြေစွမ်းနဲ့ ဒီအဆင့်ကို တက်လှမ်းလာခဲ့တဲ့ အီတလီ အတွက် ကတော့ အရှုံးနဲ့ ထိုက်တန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ အီတလီမှာ ခြေစွမ်းခြေစ ရှိတဲ့ ကစားသမားတွေ တပုံကြီး ရှိနေပေမယ့် ဒီလို အဆင့်မှာ အသင်းလိုက် ဟန်ချက်ညီညီ ကစားနိုင်ဖို့က အရေးကြီးခဲ့တယ် ဆိုတာ သိသာခဲ့ပါတယ်။

နောက်တဆင့် တက်လှမ်းသွားခဲ့တဲ့ ဆွစ်ဇာလန် ကတော့ ကွာတားဖိုင်နယ်အဆင့် မှာတော့ အင်္ဂလန် သို့မဟုတ် ဆလိုဗက်ကီးယားနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ လက်ရှိ ခြေစွမ်းအရ ဆိုရင်လည်း ဆွစ်ဇာလန်တို့ ဒီပုံ အတိုင်း ဆက်ကစားမယ် ဆိုရင် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့တောင် ခက်ခဲနိုင်မှာ မဟုတ်ပဲ ဆလိုဗက်ကီးယားနဲ့ ဆိုရင် ပိုမို လွယ်ကူနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဆလိုဗက်ကီးယား ပွဲစဉ် ကတော့ ဒီကနေ့ ညမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် ကတော့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် ဇူလိုင်လ ၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်