နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားတဲ့ စပိန် | ယူရို ၂၀၂၄

စပိန် ၂-၁ အင်္ဂလန်

ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲစဉ် မှာတော့ စပိန်က အင်္ဂလန်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ စပိန်ဟာ တကယ့်ကို ကောင်းမွန်နဲ့ ခြေစွမ်းနဲ့ အင်္ဂလန်ကို အဘက်ဘက်မှာ အသာစီး ရယူ ကစားပြီး သူတို့ အတွက် ၄ ကြိမ်မြောက် ဥရောပ ချန်ပီယံရှစ် ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

စပိန် ကတော့ သူတို့ရဲ့ အသားကျနေပြီးသား အခင်းအကျင်း ဖြစ်တဲ့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပြီး အင်္ဂလန် ကလည်း ၄-၂-၃-၁ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ စပိန် ဘက်မှာ အူနိုင်း ဆီမွန်၊ လီနော်မက်ဒ်၊ လာပေါ့တ်၊ ကူကာရယ်လာ၊ ကာဗာဟယ်၊ ရိုဒရီ၊ ရူအစ်ဇ်၊ အော်လမို၊ ယာမယ်၊ နီကို၊ မိုရာတာ တို့ ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန် ကတော့ ခံစစ်မှာ ဂီဟီနဲ့ ဂျွန်စတုန်းစ်ကို တွဲဖက်ပေးခဲ့ပြီး လုခ်ရှော၊ ကိုင်လ် ဝေါလ်ကာ၊ ကွင်းလယ်မှာ မိုင်နူး၊ ရိုက်စ်နဲ့ ဖိုဒန်၊ တောင်ပံ နှစ်ဖက်မှာ ဆာကာနဲ့ ဘယ်လင်ဟမ်၊ တိုက်စစ် မှာတော့ ကိန်းပဲ ပွဲထွက်လာခဲ့ပါတယ်။

စပိန်ဟာ ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားရင်း သူတို့ရဲ့ အားသာချက် ဖြစ်တဲ့ တောင်ပံ နှစ်ဖက် ကနေ အင်္ဂလန်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ နီကို ဝီလီယမ်စ်ရဲ့ မွှေနောက်ထိုးဖောက်မှုတွေကြောင့် အင်္ဂလန် ခံစစ်က ဝေါလ်ကာနဲ့ စတုန်းစ်တို့ တော်တော်လေး အလုပ်ရှုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ကတော့ နှစ်သင်းစလုံး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့တာကြောင့် ပွဲက အနည်းငယ် ပျင်းစရာ ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စပိန်က ပွဲအစပိုင်း အင်္ဂလန်ရဲ့ အထနှေးမှုကို အခွင့်ကောင်းယူပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုး ကတော့ အင်္ဂလန် နောက်တန်းရဲ့ ပေါ့လျော့မှုကို ယာမယ်နဲ့ နီကို ဝီလီယမ်စ် အတွဲအဖက်က ရယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် စပိန်တို့ အနည်းငယ် ကစားအားချလိုက်ချိန် မှာတော့ အင်္ဂလန်တို့ အခွင့်အရေးတွေ ပြန်ရလာခဲ့ပြီး ဆောက်ဂိတ် အနေနဲ့ ကိန်း အစား ဝက်ကင်န်၊ မိုင်နူး အစား ပါးလ်မား တို့ကို ထည့်ခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ကိုးလ် ပါးလ်မား အနေနဲ့ ကွင်းထဲ ရောက်လာပြီး ၃ မိနစ် အကြာမှာပဲ ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆာကာ ကနေ ဘယ်လင်ဟမ်၊ ဘယ်လင်ဟမ် ကနေ ပြန်ချပေးတဲ့ ဘောလုံးကို ပါးလ်မားက ပြေးဝင်ပြီး အဝေးကန်ချက်နဲ့ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဦးချင်း ဆုတံဆိပ်တွေ အရ ဆိုရင်လည်း ယူရို ၂၀၂၄ရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို စပိန် ကွင်းလယ်လူ ရိုဒရီက ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
အင်္ဂလန်ကို အကောင်းဆုံး ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တဲ့ စပိန်

ချေပဂိုး ပေးလိုက်ရတဲ့ နောက်မှာတော့ စပိန်က ပွဲကို အတတ်နိုင်ဆုံး ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပြီး ကစားကွက်လည်း အချိတ်အဆက် ပြန်မိလာခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ် အရောက်မှာတော့ မိုရာတာ အစား လူစားဝင်လာခဲ့တဲ့ အိုရာဇာဘယ်က ကူကာရယ်လာရဲ့ ဖန်တီးပေးမှုကို အဆုံးသတ်ပြီး အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဒီကလန် ရိုက်စ်ရဲ့ ခေါင်းတိုက်ချက်ကို အူနိုင်း ဆီမွန် ကာကွယ်နိုင်ခဲ့သလို ဒန်နီ အော်လမို ကလည်း ဂိုးစည်းပေါ် ကနေ ခေါင်းတိုက် ကာကွယ်သွားခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး စပိန်တို့ ချန်ပီယံဆုနဲ့ အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အတူ အင်္ဂလန်ကို အနိုင်ယူပြီး ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန်ဟာ ပြိုင်ပွဲ တစ်လျှောက်လုံးလည်း ၇ ပွဲစလုံး ရှုံးပွဲ မရှိခဲ့တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အနီနဲ့ အဝါရောင်တို့ဟာ နိုင်ငံတကာ ပြိုင်ပွဲ သမိုင်းမှာ ပြိုင်ပွဲ တလျှောက် ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပထမဦးဆုံး ဥရောပအသင်း ဖြစ်ခဲ့ရပါတယ်။ နောက်ပြီး စပိန်ဟာ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ ၄ ကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အင်္ဂလန် ကတော့ ယူရို ပြိုင်ပွဲမှာ ဗိုလ်လုပွဲ နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ၅၈ နှစ်ကြာ ဝေးကွာနေတဲ့ ဖလား လက်မဲ့ ဖြစ်မှုကိုလည်း အဆုံးမသတ်နိုင်ခဲ့ပါဘူး။

တစ်ဦးချင်း ဆုတံဆိပ်တွေ အရ ဆိုရင်လည်း ယူရို ၂၀၂၄ရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို စပိန် ကွင်းလယ်လူ ရိုဒရီက ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က အကောင်းဆုံး လူငယ် ကစားသမားဆု၊ အော်လမိုက ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။ ဂိုးသွင်းအများဆုံး ကစားသမားဆု ကိုတော့ အော်လမို (စပိန်)၊ ဟယ်ရီကိန်း (အင်္ဂလန်)၊ ဂက်ခ်ပို (နယ်သာလန်)၊ မူဆီအာလာ (ဂျာမနီ)၊ မီကော တာဇက် (ဂျော်ဂျီယာ)နဲ့ ရှရန်းဇ် (ဆလိုဗက်ကီးယား) တို့က ပူးတွဲ ပိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်