နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမနီနဲ့ ကစားရမယ့် ပွဲက ဗိုလ်လုပွဲလို ဖြစ်လာလိမ့်မယ် ဆိုတဲ့ စပိန် နည်းပြ | ယူရို ၂၀၂၄

countdown banner

ဂျာမနီနဲ့ ကစားရမယ့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ်ဟာ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲလို့တောင် သတ်မှတ်လို့ ရတယ်လို့ စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေးက ပြောကြားလိုက်ပါတယ်။

စပိန်နဲ့ ဂျာမနီ တို့ဟာ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း နှစ်သင်း အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ် လမ်းကြောင်း ရေးဆွဲမှုအရ စောစောစီးစီးပဲ ကွာတားဖိုင်နယ် အဆင့်မှာ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ စပိန်ဟာ ၁၆ သင်း အဆင့် ရှုံးထွက်မှာ ဂျော်ဂျီယာကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရလာခဲ့တာ ဖြစ်သလို တစ်ဖက်မှာ အိမ်ရှင် ဂျာမနီ ကလည်း ဒိန်းမတ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာပါ။

ဒါကြောင့် စပိန်နဲ့ ဂျာမနီ တို့ရဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ အနိုင်ရရှိတဲ့ အသင်းဟာ ချန်ပီယံ ဖြစ်နိုင်မယ်လို့ တော်တော်များများက မှန်းဆနေကြတာ ဖြစ်ပါတယ်။ စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေး ကလည်း သူတို့ အသင်း အနေနဲ့ ဂျာမနီကို ကွာတားဖိုင်နယ်မှာ အနိုင်ရရင် ချန်ပီယံ ဖြစ်ဖို့ မခက်ခဲတော့ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ လူးဝစ္စ ဒီလာ ဖျူအန်တေးက “ကျွန်တော်တို့ဟာ ဥရောပရဲ့ ဘောလုံး အင်အားကြီးနိုင်ငံတွေ ဖြစ်ပါတယ်။ ဘောလုံးအဆင့်အတန်းချင်း တူညီတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် ဒီပွဲက ဥရောပ ချန်ပီယံရှစ်ရဲ့ ဖိုင်နယ် ဖြစ်သွားနိုင်ပါတယ်။” လို့ ပွဲကြိုသတင်းစာ ရှင်းလင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖျူအန်တေးက “ဂျာမနီဟာ တကယ့်ကို အစွမ်းထက် ထိရောက်တဲ့နည်းတွေနဲ့ ပွဲတွေကို အမြဲတမ်း ချဉ်းကပ်တတ်ပါတယ်။ ဒါကြောင့် အဲဒါကို တန်ပြန်နိုင်ဖို့ ကြိုးစားရမှာ သေချာပါတယ်။ ကျွန်တော်တို့ ပွဲအစ တစ်မိနစ် ကနေ စပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့က ဥရောပ ဘောလုံးလောကရဲ့ အင်အားကြီး နှစ်သင်း ဖြစ်ပြီး ကျွန်တော့် အသင်းနဲ့ ပတ်သက်လို့ ပထမဆုံး ပြောချင်တာက ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ အားသာချက်တစ်ခုက ကျွန်တော် တို့ဟာ အမြဲတမ်း စည်းလုံး ညီညွတ်မှု ရှိတဲ့ အသင်း တစ်သင်း ဖြစ်နေတာပါ။ ကမ္ဘာပေါ်က ဘယ်အသင်းနဲ့ တွေ့တွေ့ ကျွန်တော့် ကစားသမားတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော့် အတွက် ကတော့ ကျွန်တော့် ကစားသမားတွေဟာ ကမ္ဘာ့အကောင်းဆုံးတွေပါပဲ။ ကျွန်တော်တို့ အနိုင်ရဖို့ အစွမ်းကုန် ပြင်ဆင်ထားပါတယ်။ ကျွန်တော် တို့မှာ တာဝန် အများကြီးရှိတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် တော်တော်လေးလည်း အာရုံစိုက်ရပါတယ်။” လို့ ဆိုပါတယ်။

ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ဆုဖလားတွေ ကိုင်မြှောက်နိုင်မယ်လို့ ထင်သလားလို့ မေးမြန်းရာမှာတော့ နည်းပြက “တခြားသော အသင်းလိုက် ကစားပုံကောင်းတဲ့ အသင်းတွေ ရှိနေပါတယ်။ ဖိုင်နယ် ရောက်ဖို့ နီးကပ်လေလေ အကောင်းဆုံးတွေပဲ ကျန်လေပါပဲ။ ဒီအခြေအနေမှာ ဘာမှ အလကား မရပါဘူး။ ဘယ်သူပဲ ကျော်ဖြတ်သွား ကျော်ဖြတ်သွား ကြီးကျယ် ကောင်းမွန်တဲ့ အသင်း မို့လို့ ကျော်ဖြတ်နိုင်တာပါ။ ဘောလုံးမှာ အကောင်းဆုံး အသင်း ဆိုတာ အမြဲတမ်းရှိမနေပါဘူး။ အနိုင်ရသူတွေက ချန်ပီယံဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးတွေ ထဲက တစ်သင်း ဖြစ်လာမလား ဆိုတာ မသိပေမယ့် ကျွန်တော် တို့ကတော့ ဒီအတွက် တိုက်ပွဲဝင်ဖို့ အလားအလာရှိတဲ့ အရမ်းသန်မာတဲ့ အသင်း တစ်သင်းလို့ ရှုမြင်ပါတယ်။” လို့ ဖျူအန်တေးက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ဥရောပ ချန်ပီယံရှစ် သမိုင်းမှာ စပိန်နဲ့ ဂျာမနီ တို့ဟာ ချန်ပီယံ ၃ ကြိမ်စီ ဖြစ်ထားပြီး အအောင်မြင်ဆုံး အသင်းတွေ အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂျာမနီဟာ ယူရိုဖလားကို ၁၉၉၆ ခုနှစ်မှာ နောက်ဆုံး အကြိမ် ဆွတ်ခူးထားပြီး ၂၀၀၈ ခုနှစ်မှာတော့ နောက်ဆုံး အကြိမ် ဗိုလ်လုပွဲ တက်ထားပါတယ်။ စပိန် ကတော့ ယူရို ၂၀၁၂ မှာ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပြီးတော့ ထူးခြားချက်က ပြိုင်ပွဲ နှစ်ကြိမ် ဆက်တိုက် ချန်ပီယံ ဖြစ်ထားခဲ့တာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်