နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်ဂိတ်ကို ကာကွယ်ဖို့ အင်္ဂလန်က ဘာမဆိုလုပ်သွားမယ် ဆိုတဲ့ ရိုက်စ် | ယူရို ၂၀၂၄

countdown banner

အင်္ဂလန် အသင်း ကတော့ ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်မှာ ဆလိုဗက်ကီးယားကို အသည်းအသန် နောက်ကနေ ကစားပြီး ဘယ်လင်ဟမ်၊ ကိန်း တို့ရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းဟာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ အားရစရာ မရှိသေးသလို နည်းပြ ဖြစ်သူ ဂါရက်သ် ဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်း ကလည်း ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကတော့ သူတို့ အသင်းရဲ့ နည်းပြကို ကာကယ်နိုင်ဖို့ ဘာမဆို လုပ်သွားမယ် ဆိုပြီးတော့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ မနေ့ညက ပွဲစဉ်မှာ ဆလိုဗက်ကီးယားရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ဘယ်လင်ဟမ်ရဲ့ နာကျင် အချိန်ပို နောက်ကျဂိုးကြောင့် အချိန်ပို ဆက်ကစားခွင့်ရခဲ့ပါတယ်။ အချိန်ပိုမှာတော့ ကိန်းက အင်္ဂလန်တို့ နောက်တစ်ဆင့် တက်ရောက်စေမယ့် ဂိုးကို အပိုင်ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာတင် စောစောစီးစီး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ပွဲပြီးခါနီး အထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့တဲ့ ဆလိုဗက်ကီးယား အတွက်တော့ အသဲကွဲခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာ ဦးဆောင်ဂိုး သွင်းယူခဲ့ရချိန်တိုင်း ရှုံးပွဲနဲ့ ရင်ဆိုင်ရလေ့ ရှိပြီး အခုလို အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့ အနိုင်ရခဲ့ပွဲ ကလည်း ၄ ပွဲသာ ရှိထားတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဒီလို ပြိုင်ပွဲဝင်စိတ် အပြည့်နဲ့ ကစားခဲ့တာက နည်းပြ ထိုင်ခုံလှုပ်နေတဲ့ ဆောက်ဂိတ် အတွက် ဖြစ်ကြောင်း ကွင်းလယ်လူ ရိုက်စ်က ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ရိုက်စ်က “ကျွန်တော့် အနေနဲ့ ဥရောပ ချန်ပီယံရှစ် ၁၆ သင်း အဆင့်မှာ အင်္ဂလန်ကို ကိုယ်စားပြုခွင့်ရတဲ့ ခံစားချက်ကို မဖော်ပြနိုင်ပါဘူး၊ ခင်ဗျားတို့ နာရီကို ကြည့်လိုက်ပြီး ‘ကျွန်တော်တို့ အိမ်ပြန်ရမယ်လို့ ထင်ခဲ့မယ် ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ ပွဲပြီးဖို့ တစ်မိနစ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် တွန်းအား စကားတွေ ပြောခဲ့ကြပြီး ကျွန်တော်တို့မှာ တိုက်ပွဲဝင်စိတ်တွေ ရှိခဲ့ကြပါတယ်။ ဒီည ကျွန်တော်တို့ စည်းလုံးမှု ရှိခဲ့ကြပါတယ်၊ ဒီမန်နေဂျာကို ကာကွယ်ဖို့လည်း ဘာမဆို လုပ်သွားပါမယ်။ ဆက်ပြီး တိုက်ပွဲဝင်သွားရမှာပ ဂုဏ်ယူစရာပါပဲ၊ ကျွန်တော်တို့ ရှေ့ဆက်သွားပါမယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုက်စ်က ၉၄ မိနစ်နဲ့ ၃၄ စက္ကန့်မှာ နောက်ပြန် ကန်ချက်နဲ့ လှလှပပ ဂိုးသွင်းပြီး အင်္ဂလန်ကို အချိန်ပိုဆီ ပို့ဆောင်ပေးခဲ့တဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်နဲ့ အချိန်ပိုမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်း ကိုလည်း ရိုက်စ်က အသိအမှတ်ပြု ချီးကျူးသွားခဲ့ပါသေးတယ်။ အာဆင်နယ် ကွင်းလယ်လူက ကိန်းရဲ့ သွင်းဂိုးဟာ နိုင်ငံအသင်းရဲ့ သမိုင်း တစ်လျှောက် အကောင်းဆုံး ဂိုးတွေထဲက တစ်ဂိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

ရိုက်စ်က“ကျွန်တော် ကန်သွင်းတဲ့ အလုံး တိုင်ထိသွားချိန်မှာ ရူးချင်သွားပါတယ်။” လို့လည်း အရွှန်းဖောက် ပြောဆိုသွားပါသေးတယ်။ ဆက်လက်ပြီး ရိုက်စ်က “အသက် ၂၁ နှစ် အရွယ်မှာ ဘယ်လင်ဟမ် အတွက်တော့ ကြီးမားတဲ့ အခိုက်အတန့် တစ်ခုပါပဲ။ ခင်ဗျားတို့ အနေနဲ့ ဂိုးသွင်းဖို့ ဘယ်လောက်အထိ ကြိုးစားရတယ် ဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်တို့ဟာ တစ်ဖက်က မမြင်နိုင်တဲ့ သူတွေနဲ့ ကစားနေတာ မဟုတ်ပါဘူး။ သူတို့က ထိပ်တန်း ကစားသမားတွေ ဖြစ်ကြပြီး၊ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့ပြီး အဲ့ဒီ အခိုက်အတန့်ကို စောင့်ဆိုင်းခဲ့ရတာပါ။ ဒီည ပရိသတ်တွေကို ကျွန်တော်တို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုလို အခြေအနေမှာ သူတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။

အခုဆိုရင်တော့ ရိုက်စ်ရဲ့ အင်္ဂလန် အသင်းဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီး ဆွစ်ဇာလန်နဲ့ တွေ့ဆုံရတော့မှာပါ။ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခြင်း မရှိသေးတဲ့ အင်္ဂလန် အတွက်တော့ ခြေစွမ်းထက်နေတဲ့ ဆွစ်ဇာလန်က ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။ အင်္ဂလန်ဟာ ဇွန်လ ၆ ရက်နေ့ ဒူဆယ်ဒေါ့ဖ် ကွင်းမှာ ဆွစ်ဇာလန်နဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်