နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ တစ်မှတ်စီခွဲယူပြီး ရှုံးထွက်တက်သွားတဲ့ ဂျာမနီနဲ့ ဆွစ်ဇာလန် | ယူရို ၂၀၂၄ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဂျာမနီ ၁-၁ ဆွစ်ဇာလန်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၄ အုပ်စု (A) နောက်ဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့ တစ်ဖက် တစ်မှတ်စီ ခွဲယူခဲ့ကြရင် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆွစ်ဇာလန်ရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကြောင့် ဂျာမနီတို့ ခက်ခဲခဲ့ရပြီး လူစားဝင် တိုက်စစ်မှူး ဖူးလ်ခရက်ချ်ရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဆွစ်ဇာလန်က ၃-၄-၂-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဆွမ်မား၊ အာကန်ချီ၊ ရှား၊ ရိုဒရီဂွက်ဇ်၊ ဖရီအူလာ၊ ချာကာ၊ ဝစ်ဒ်မာ၊ အာဘိုင်ရှာ၊ အန်ဒိုရီ၊ ရိုင်ဒါ၊ အမ်ဘိုလို တို့ ပါဝင်တဲ့ အစုအဖွဲ့နဲ့ ဂျာမနီကို အကောင်းဆုံး ရင်ဆိုင်သွားခဲ့ပါတယ်။ ဂျာမနီ ဘက်ကမှာလည်း နော်အာ၊ တာ့ရ်၊ ရူဒီဂါ၊ ကင်မစ်ချ်၊ မစ်တဲလ်စတတ်ဒ်၊ အန်းဒရစ်ချ်၊ ခရူးစ်၊ မူဆီအာလာ၊ ဂွန်ဒိုအန်၊ ဝစ်ဇ်၊ ဟာဗက်ဇ် တို့ ပွဲထွက်လာခဲ့ပါတယ်။

နေဂဲလ်စ်မန်းရဲ့ ဂျာမနီက ပြီးခဲ့တဲ့ ပွဲစဉ် နှစ်ပွဲမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒီနေ့ ပွဲမှာတော့ ရုန်းကန်ခဲ့ရပြီး အဓိက ကတော့ ဆွစ်ဇာလန်ရဲ့ Midblockနဲ့ Lowblock တွေကို မကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်က စနိုက်ပါ ခရူးစ်ရဲ့ ဖန်တီးပေးပို့မှုတွေ ကောင်းမွန်ခဲ့သလို မူဆီအာလာ ကလည်း တစ်ကိုယ်တော် ထိုးဖောက်မှုတွေနဲ့ ဆွစ်ဇာလန် ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လည်း တိုက်စစ်က ကိုင်ဟာဗက်ဇ် တစ်ယောက် ဒီနေ့ပွဲမှာတော့ ကြောင်ပျောက်နေခဲ့ရပြီး အခွင့်အရေးတွေလည်း အသုံးမချနိုင်ခဲ့ပါဘူး။

ဆွစ်ဇာလန် ကတော့ ဂိုးမပေးရရေးကို ဦးတည်ပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ဂိုးရဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ မူရတ် ယာကင်ရဲ့ နည်းဗျူဟာက အလုပ်ပိုဖြစ်ခဲ့တယ်လို့ ပြောနိုင်ပြီး တစ်ချက်တစ်ချက် ဆွစ်ဇာလန်ရဲ့ တန်ပြန် တိုက်စစ်တွေက ရူဒီဂါ ဦးဆောင်တဲ့ ဂျာမနီ ခံစစ်ကို ဗျာများစေခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၂၈ မိနစ် မှာတော့ ဆွစ်ဇာလန်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဖရီအူလာရဲ့ ဖန်တီးပေးမှု ကနေ ပွဲစကတည်းက ခြေစွမ်းပြနေတဲ့ တောင်ပံ ကစားသမား အန်ဒိုရီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုး မတိုင်ခင် အန်းဒရစ်ချ်က ဂျာမနီက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဝစ်ဇ် ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တယ် ဆိုပြီး VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ ဂျာမနီတို့ နစ်နာခဲ့ရပါသေးတယ်။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်မှာတော့ ဂျာမနီက ပွဲကို ရာနှုန်းပြည့် လွှမ်းမိုးထားခဲ့ပြီး ဆွစ်ဇာလန် ကတော့ ခံစစ်ပိုင်းမှာ အမှားအယွင်း မရှိအောင် ကစားရင်း ဂျာမနီရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားခဲ့ပါတယ်။ ဒါကြောင့် နေဂဲလ်စ်မန်း တစ်ယောက် ဒုတိယပိုင်းမှာတော့ ရှလော့တာဘက်ခ်၊ ရမ်း၊ ဘိုင်ယာ၊ ဖူးလ်ခရက်ချ်၊ ဆာနေး တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ရပါတယ်။ နေဂဲလ်စ်မန်းရဲ့ လူစားလဲလှယ်မှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ လူစားဝင် ကစားသမား နှစ်ဦးရဲ့ ကြိုးပမ်းမှု ကနေ ချေပဂိုး ရအောင် ယူနိုင်ခဲ့ပါတယ်။ ရမ်းရဲ့ တောင်ပံ ကနေ ဖြတ်တင် ပေးပို့မှုကို ဖူးလ်ခရက်ချ်က အပိုင် ခေါင်းတိုက်ကာ ချေပဂိုး အဖြစ် ရယူသွားခဲ့လို့ ဆွစ် တို့ အသဲကွဲခဲ့ရပါတယ်။

ဆွစ်ဇာလန်ဟာ ဒီပွဲ အနိုင်ရရင် ယူရို ၂၀၂၄ ရှုံးထွက် အဆင့်ကို အုပ်စု ဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သရေ တစ်မှတ်သာ ရရှိခဲ့တာကြောင့် ဂျာမနီရဲ့ အနောက် ကနေ အုပ်စု ဒုတိယအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျာမနီ ကတော့ အိမ်ကွင်း ပရိသတ်‌ ရှေ့မှောက်မှာ ဖူးလ်ခရက်ချ်ရဲ့‌ နောက်ကျ ချေပဂိုးကြောင့် အရှက်ကွဲမယ့် အခြေအနေ ကနေ လွတ်မြောက်ခဲ့သလို အုပ်စု ပွဲစဉ် အားလုံး ရှုံးပွဲ မရှိပဲ ရမှတ် ၇ မှတ်နဲ့ ရှုံးထွက်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျာမနီက ယူရို ၂၀၂၄ ရှုံးထွက် အဆင့်မှာ အင်္ဂလန်၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယား တို့ ပါဝင်တဲ့ အုပ်စု (C) က အုပ်စု ဒုတိယရတဲ့ အသင်းနဲ့ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဆွစ်ဇာလန် ကတော့ စပိန်၊ အီတလီ၊ အာဘေးနီးယား၊ ခရိုအေးရှား တို့ ပါဝင်တဲ့ အုပ်စု (B) က ဒုတိယရတဲ့ အသင်းနဲ့ ရှုံးထွက် ကစားရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်