နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန်တွေ အောင်ပွဲခံနေတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူရမယ် ဆိုတဲ့ ချာကာ | ယူရို ၂၀၂၄

countdown banner

ဆွစ်ဇာလန် အသင်း ကတော့ ယူရို ၂၀၂၄ အုပ်စု (A)ရဲ့ နောက်ဆုံး ပွဲစဉ်မှာ ဂျာမနီနဲ့ သရေကျခဲ့ပြီးနောက် အုပ်စုဗိုလ် အဖြစ်နဲ့ ရှုံးထွက်တက်ရောက်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင် ဂရန်းနစ် ချာကာ ကတော့ သူ့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ဂုဏ်ယူကြောင်း အခုလိုပဲ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

“ ဂျာမန်တွေ အောင်ပွဲခံနေတာကို ကြည့်ပြီး ကျွန်တော်တို့ ကိုယ့်ကို ကိုယ် ဂုဏ်ယူသင့်တယ်လို့ ထင်ပါတယ်” လို့ ချာကာက ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ချာကာက “ဒီလို အသင်းနဲ့ ရင်ဆိုင်ရတာ မလွယ်ပါဘူး။ ဒါပေမယ့်လည်း နောက်ကျ ချေပဂိုး သွင်းခံရလို့ နာကျင်ရပါတယ်။ ကျွန်တော် တို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေပါပြီ။ ဒီနေ့က စပါတယ်။

“ဟုတ်ပါတယ် ပြိုင်ဘက် ကိုလည်း ချီးကျူးရမှာပါပဲ။ ဒါပေမယ့် အားလုံးထက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရပါမယ်။ လူတိုင်းလူတိုင်း တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ခမ်းနားတဲ့နေ့ တစ်နေ့ ဖြစ်ရမယ်လို့ အမြဲတမ်း ပြောခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ အခြေအနေ တစ်ခု အထိ ရောက်အောင် ကိုယ့်ကိုယ်ကို တွန်းပို့ ရပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ ဘယ်သူ့ကို မဆို အနိုင်ယူနိုင်မှာပါ။” လို့ ချာကာ က ပြောဆိုသွားခဲ့ပါတယ်။

တစ်ဖက်မှာ ဆွစ်ဇာလန် ကတော့ စပိန်၊ အီတလီ၊ အာဘေးနီးယား၊ ခရိုအေးရှား တို့ ပါဝင်တဲ့ အုပ်စု (B) က ဒုတိယရတဲ့ အသင်းနဲ့ ယူရို ၂၀၂၄ ရှုံးထွက် ကစားရတော့မှာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်ရဲ့ ခြေစွမ်းကို ဂုဏ်ယူနေတဲ့ ဂရန်းနစ် ချာကာ

တစ်ဖက်က ဂျာမနီ ကွင်းလယ်လူ တိုနီခရူးစ်က ဆွစ်ဇာလန်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ ချီးကျူးစကား ဆိုခဲ့ပေမယ့် သူတို့ အသင်း အနေနဲ့လည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ခရူးစ်က “ဆွစ်ဇာလန်ဟာ အသင်းကောင်း တစ်သင်း ဆိုတာ ရှင်းပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ အဲဒီ အပိုင်းအခြားမှာ နည်းနည်း ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အသင်းရဲ့ ခြေစွမ်းကို အပြည့်အဝ ကျေနပ်ပါတယ်။” လို့ ဆိုပါတယ်။

ဒီပွဲမှာ ဆွစ်ဇာလန်က ပွဲချိန် ၂၈ မိနစ်မှာ ရရှိခဲ့တဲ့ ဒန် အန်ဒိုရီရဲ့ သွင်းဂိုးနဲ့ ဂျာမနီကို ဦးဆောင်နိုင်ခဲ့ပြီး ဂျာမနီ ကတော့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပိုမှ ချေပဂိုး ပြန်ရခဲ့တာပါ။ ဆွစ်ဇာလန်ဟာ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ် အဖြစ် တက်ရောက်နိုင်ဖို့ အကောင်းဆုံး အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ဖူးလ်ခရက်ချ်ရဲ့ နောက်ကျ ဂိုးကြောင့် အုပ်စု ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျာမနီက ယူရို ၂၀၂၄ ရှုံးထွက် အဆင့်မှာ အင်္ဂလန်၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယား တို့ ပါဝင်တဲ့ အုပ်စု (C) က အုပ်စု ဒုတိယရတဲ့ အသင်းနဲ့ တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ဆွစ်ဇာလန် ကတော့ စပိန်၊ အီတလီ၊ အာဘေးနီးယား၊ ခရိုအေးရှား တို့ ပါဝင်တဲ့ အုပ်စု (B) က ဒုတိယရတဲ့ အသင်းနဲ့ ယူရို ၂၀၂၄ ရှုံးထွက် ကစားရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်