နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေချင်းဝတ် ဒဏ်ရာကြောင့် နယ်သာလန် လူစာရင်းကနေ နှုတ်ထွက်ခဲ့ရတဲ့ ဒီယောင် | ယူရို ၂၀၂၄

countdown banner

နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူ ဖရန့်ကီ ဒီယောင် ကတော့ ကြံခိုင်မှုပိုင်းဆိုင်ရာ ပြသာနာတွေကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးနဲ့ လွဲချော်တော့မယ့်လို့ သိရပါတယ်။ ယူရို ၂၀၂၄ ဟာ လာမယ့် ရက်ပိုင်း အတွင်းမှာပဲ စတင် ကျင်းပသွားတော့မှာ ဖြစ်ပြီး ဒီယောင်ရဲ့ လွဲချော်မှုက နယ်သာလန် လက်ရွေးစင် အသင်း အတွက်တော့ စိတ်ပျက်စရာ သတင်း ဖြစ်လာခဲ့ပါတယ်။ 

အသက် ၂၇ နှစ် အရွယ် နယ်သာလန် ကွင်းလယ် ကြယ်ပွင့်ဟာ ဘာစီလိုနာ အတွက်ရော၊ နိုင်ငံ လက်ရွေးစင် အသင်း အတွက်ပါ အားထားရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီယောင်ဟာ ညာခြေချင်းဝတ် ဒဏ်ရာရနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၀ သာ ကစားပေးနိုင်ခဲ့ပါတယ်။ အကယ်၍ သူ့အနေနဲ့ လက်ရှိ ဒဏ်ရာ အခြေအနေနဲ့ ယူရို ၂၀၂၄ ကို ဝင်ရောက် ကစားမယ် ဆိုရင် အခုထက် ပိုပြီး အခြေအနေ ဆိုးရွားသွားနိုင်တာ ဖြစ်ပါတယ်။ နယ်သာလန်ဟာ ဒီယောင်ရဲ့ ဒဏ်ရာ အခြေအနေကို အချိန်ပေး စောင့်ကြည့်ခဲ့ပေမယ့် သက်သာလာခြင်း မရှိတာကြောင့် ဒီယောင် မပါပဲ ယူရို ၂၀၂၄ ကို ဝင်ရောက် ကစားတော့မှာ ဖြစ်ပါတယ်။

ဒီယောင်ဟာ ညာခြေချင်းဝတ် ဒဏ်ရာ ခံစားနေရတာ တော်တော်လေး ကြာနေပြီ ဖြစ်ပြီး ဘာစီလိုနာရဲ့ ရာသီပိတ်ပွဲ (၆) ပွဲစလုံး ကိုတောင် လွဲချော်ထားရတာပါ။ ဒါ့အပြင် ယူရို ၂၀၂၄ မစခင် နယ်သာလန်ရဲ့ ခြေစမ်းပွဲတွေမှာလည်း လွဲချော်ထားပါသေးတယ်။ ဒီယောင် အနေနဲ့လည်း ယူရို ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်ပေမယ့် သူ့ရဲ့ ဒဏ်ရာ အခုထက် ပိုဆိုးလာမှာ ဆိုးတာကြောင့် ကိုယ့်ကိုကိုယ် အရမ်း ဖိအားမပေးတော့တာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံ လက်ရွေးစင် အသင်း အတွက် မကစားပေးနိုင်တော့တဲ့ အတွက်ကြောင့်တော့ ဒီယောင် တစ်ယောက် တော်တော်လေး စိတ်မကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီယောင်ဟာ နယ်သာလန်ရဲ့ ယူရို ၂၀၂၄ လက်ရွေးစင် အသင်း လူစာရင်း ကနေ နှုတ်ထွက်ပြီး ဘာစီလိုနာ အသင်းထံ ပြန်သွားပြီလို့လည်း သိရပါတယ်။ ဒီယောင် အနေနဲ့ လာလီဂါ ကလပ်မှာ ဆေးကုသမှု ခံယူရင်း လာမယ့် ဘောလုံးရာသီ အတွက် ကြံခိုင်မှု အပြည့်အဝ ပြန်လည် ရှိနေစေဖို့ပဲ အာရုံစိုက်သွားတော့မယ်လို့ သိရပါတယ်။ 

၂၀၁၉ ခုနှစ်မှာ အေဂျက်စ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဒီယောင်က ဘာစီလိုနာ အတွက် ၅ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၁၃ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင် အသင်း အတွက်တော့ ၂၀၁၈ ခုနှစ်မှာ စတင် ကစားခွင့် ရခဲ့ပြီး ၅၄ ပွဲ ကစားကာ ၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒီယောင်ဟာ ဗဟို ကွင်းလယ် နေရာမှာ အပိုင်နိုင်ဆုံး ကစားနိုင်သူ ဖြစ်ပြီး နယ်သာလန်ရဲ့ နှလုံးသားလို့လည်း ပြောလို့ ရပါတယ်။ လက်ရှိ နယ်သာလန် အသင်းရဲ့ ဗဟို ကွင်းလယ်မှာ ကစားနိုင်သူတွေ အဖြစ် ဝိုင်ဂျ်နယ်ဒမ်၊ ကု့ပ် မိုင်းနားစ်၊ ရိုင်ဂျန်ဒါ၊ ဂရာဗန်ဘက်ချ်တို့ ရှိနေလို့ အရမ်းကြီးတော့ စိုးရိမ်စရာ မရှိပါဘူး။

ဒါပေမယ့်လည်း နယ်သာလန် ဘက်ကတော့ ဒီယောင်ရဲ့ နေရာ အတွက် နောက်ထပ် ကွင်းလယ် ကစားသမား တစ်ဦး ကိုပဲ အစားထိုး ရွေးချယ်မလား ဒါမှမဟုတ် ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်မှာ ဒေါ့မန်နဲ့ အတူ တောက်ပခဲ့တဲ့ ဘယ်နောက်ခံလူ မတ်ဆန် ကိုပဲ ပြန်လည် ရွေးချယ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်