နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမနီနဲ့ ကစားဖို့ မစောင့်နိုင်တော့ဘူး ဆိုတဲ့ ဒိန်းမတ် နည်းပြ | ယူရို ၂၀၂၄

countdown banner

ဒိန်းမတ် ကတော့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဆားဘီးယားကို သရေ ကစားပြီး အင်္ဂလန်နဲ့ အတူ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ အသင်း နည်းပြ ကတ်စ်ပါ ဂျူးလ်မန်းက အသင်းရဲ့ လက်ရှိ ခြေစွမ်းကို အားရကျေနပ်မှု ရှိနေပြီး အိမ်ရှင် ဂျာမနီ အသင်းနဲ့ ကစားဖို့ မစောင့်နိုင်တော့ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒိန်းမတ် အသင်းဟာ ယူရို ၂၀၂၄ အုပ်စု (C) မှာ နာမည်ကြီး အင်္ဂလန်၊ ဆလိုဗေးနီးယား၊ ဆားဘီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ရမှတ် ၃ မှတ်နဲ့ ရှုံးထွက်တက်လာခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာက ဒိန်းမတ်ဟာ အုပ်စုတွင်း ပွဲစဉ် ၃ ပွဲစလုံး သရေကျခဲ့တာ ဖြစ်ပြီး ရဂိုး ၂ ဂိုး ပေးဂိုး ၂ ဂိုး ရှိခဲ့ပါတယ်။ ဆလိုဗေးနီးယားနဲ့ ရမှတ်တူ ဂိုးကွာခြားချက်တူခဲ့ပေမယ့် ယူရို ၂၀၂၄ ပွဲစဉ် တစ်လျှောက်လုံး စွမ်းဆောင်ရည် အပေါ် ပြန်ကြည့်ခဲ့တာကြောင့် အုပ်စု ဒုတိယ နော ကနေ ရှုံးထွက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဒိန်းမတ် နည်းပြ ကတ်စ်ပါ ဂျူးလ်မန်းက “ပွဲချိန် နောက်ဆုံး ခုနစ် မိနစ်၊ ရှစ်မိနစ် အတွင်း (ဆားဘီးယားနဲ့ ပွဲမှာ) ခံစစ်က အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ပွဲစဉ်ရဲ့ နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပြီး ဒီအတွက်လည်း ကျွန်တော် ပျော်ရွှင်ပါတယ်။”

ဒိန်းမတ်နဲ့ ဂျာမနီ တို့ဟာ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ် အဖြစ် ဇွန်လ ၃၀ ရက်နေ့ ဒေါ့မန်ရဲ့ BVB ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ဂျာမနီနဲ့ တွေ့ဆုံနေလို့ ပျော်ရွှင်နေတဲ့ ဒိန်းမတ် နည်းပြ

ဆက်လက်ပြီး ဂျူးလ်မန်းက “ကျွန်တော်တို့ အောင်မြင်ဖို့ အတွက် တိုက်စစ်မှာ အပြောင်းအလဲ လုပ်ရမယ့် အရာ တစ်ချို့ ရှိနေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဲဒါကို လုပ်နိုင်တယ် ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော် တို့မှာ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတွေ ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒိန်းမတ်ဟာ ယူရို ၂၀၂၄ ၁၆ သင်း အဆင့် ရှုံးထွက် မှာတော့ သူတို့ အသင်းထက် အဘက်ဘက်မှာ ပိုပြီး တောင့်တင်းတဲ့ အိမ်ရှင် ဂျာမနီနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ဂျာမနီနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၄ ကြိမ်စလုံး အနိုင်မရခဲ့ပေမယ့် ၁ ပွဲ ရှုံးပြီး ၃ ပွဲ သရေကျထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ နှစ်ပွဲစလုံး ဒိန်းမတ်တို့ ဂျာမနီကို ၁-၁ သရေတွေ ကစားထားတာ ဖြစ်ပါတယ်။

ဂျာမနီနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သတ်လို့လည်း ဂျူးလ်မန်းက “ကျွန်တော် ဒိန်းမတ်နဲ့ အတူ ဂျာမနီမြေမှာ ဂျာမနီနဲ့ ကစားရမှာကို နှစ်သက်ပါတယ်။ ဘာမှတော့ ထူးခြားသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ဂျာမနီက အရမ်းကောင်းတဲ့ အသင်း တစ်သင်းပါ။ ဒါပေမယ့် ကျွန်တော် တို့ကလည်း အသင်းကောင်း တစ်သင်းပါ။ ပြီးတော့ ကျွန်တော် တို့ဟာ အသင်းကြီးတွေနဲ့ ကစားတဲ့ အချိန်မှာ အမြဲတမ်း ကျော်ဖြတ်နိုင်လေ့ ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒိန်းမတ်နဲ့ ဂျာမနီ တို့ဟာ ယူရို ၂၀၂၄ ရှုံးထွက် ပွဲစဉ် အဖြစ် ဇွန်လ ၃၀ ရက်နေ့ ဒေါ့မန်ရဲ့ BVB ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်