နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြင်သစ်နဲ့ တွေ့တိုင်း ရုန်းကန်ရတတ်တဲ့ အစဉ်အလာဆိုးကို နယ်သာလန်တို့ ချေဖျက်နိုင်မလား | ယူရို ၂၀၂၄ (ပွဲကြိုသုံးသပ်ချက်)

countdown banner

နယ်သာလန် – ပြင်သစ်

ယူရို ၂၀၂၄ အုပ်စု (D)ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် နယ်သာလန်နဲ့ ပြင်သစ်တို့ လိုက်ပ်ဇစ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ကိုယ်စီ နိုင်ပွဲ ရထားကြတဲ့ ဒီနှစ်သင်းက နောက်တစ်ဆင့် တက်ဖို့ အားကောင်းနေပြီး ဒီပွဲကတော့ အုပ်စုဗိုလ် နေရာ အတွက် အရေးပါလာနိုင်တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။

နယ်သာလန်က ယူရို ၂၀၂၄ အုပ်စု အဖွင့်ပွဲမှာ ပိုလန်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ဂက်ခ်ပို ချေပဂိုးနဲ့ ဗက်ဟော့စ်ရဲ့ အဖိုးတန် နောက်ကျဂိုးကြောင့် ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။ ပိုလန်နဲ့ ပွဲမှာ ရော်နယ် ကိုးမန်းရဲ့ အသင်းက ပိုလန် ဘက်ကို အကြိမ်ကြိမ် ဂိုးပေါက် ကန်ချက်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ကတော့ ၄ ကြိမ်သာ ရှိခဲ့ပါတယ်။ နယ်သာလန်မှာ အားလုံး သိကြတဲ့ အတိုင်း ဝါရင့် ကစားသမားတွေနဲ့ လူငယ် ကြယ်ပွင့်တွေ ပါဝင်နေပေမယ့် ကစားကွက် အချိတ်အဆက်မိဖို့ ကတော့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ် ကလည်း အဖွင့်ပွဲမှာ ဩစတြီးယား ကို ခက်ခက်ခဲခဲ ကစားပြီးမှ ပြိုင်ဘက် နောက်ခံလူ ဝိုဘာရဲ့ လက်ဆောင်ဂိုးကြောင့် ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ဟာ ယူရို ၂၀၂၄ မှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ပါဝင်နေပေမယ့် ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိသေးပါဘူး။ အမ်ဘာပေး ကိုယ်တိုင်လည်း တခြား ပြိုင်ပွဲတွေမှာ ဂိုးသွင်းနိုင်သလောက် ယူရို မှာတော့ အခုထိ သွင်းဂိုး မရရှိသေးပါဘူး။ ပိုဆိုးတာက ဒီကစားသမားက ဩစတြီးယားနဲ့ ပွဲမှာ နှာခေါင်းရိုး ကျိုးသွားပြီး အခုပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာဖို့ မသေချာသေးပါဘူး။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာတော့ ပြင်သစ်က အပြစ်ပြောစရာ မရှိပဲ တောင့်တင်းလွန်းနေတာ တွေ့ရပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဒီပွဲကိုတော့ နယ်သာလန် ဘက်က တံကောက်ကြော ဒဏ်ရရနေတဲ့ ဘရော့ဘီ ပါဝင်ကစားဖို့ မသေချာသေးသလို ပြင်သစ် ဘက်ကလည်း နှာခေါင်းရိုးကျိုးသွားတဲ့ ကီလီယန် အမ်ဘာပေး ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

နယ်သာလန် – ဗာဘရက်ဂျန်၊ ဒမ်းဖရီးစ်၊ ဒီဗရစ်ဂျ်၊ ဗန်ဒိုက်ခ်၊ အေခီ၊ ရှောက်တန်၊ ဗီးယားမန်း၊ ဆိုင်မွန်စ်၊ ရိုင်ဒါ၊ ဂက်ခ်ပို၊ ဒီပေး

ပြင်သစ် – မိုက်ဂ်နန်၊ ကွန်ဒေး၊ ဆလီဘာ၊ အူပါမီကာနို၊ ဟာနန်ဒက်ဇ်၊ ကန်တေ၊ ရာဘီယော့တ်၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း၊ သူရမ်၊ ဂျရူး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြင်သစ်ဟာ ယူရို ၂၀၂၄ မှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ပါဝင်နေပေမယ့် ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိသေးပါဘူး။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိတဲ့ ပြင်သစ်

နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာ နယ်သာလန်က ပြင်သစ်ကို ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၇ ကြိမ် အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ ယူရို ၂၀၂၄ ခြေစစ်ပွဲ အဆင့်မှာလည်း တွေ့ဆုံထားခဲ့ကြပြီး ပြင်သစ်က ပထမအကျော့ အိမ်ကွင်းမှာ ၄-၀၊ နယ်သာလန် ကွင်းမှာတော့ ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး ပြင်သစ်က ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နယ်သာလန် နိုင်ရင် ၃.၀၁ ဆ၊ ပြင်သစ် နိုင်ရင် ၂.၃၃ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေး၊ ပြင်သစ်က သရေ တစ်ဝက် ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေပေးထားပါတယ်။ ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ အုပ်စုတွင်း အင်အား အကောင်းဆုံး အသင်း နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိလာဦးမှာပါ။ ဒီလို ပွဲမျိုးကို ဂိုးပေါင်း အပေါ် ရွေးချယ်ရင် မှားမယ် ထင်ပါတယ်။ တစ်သင်းရဲ့ အမှားကို တစ်သင်း စောင့်ကစားရင်း သရေ တစ်မှတ်စီ ခွဲယူသွားနိုင်ပေမယ့် ခြေစွမ်း အနည်းငယ် ပိုသာတဲ့ ပြင်သစ်ကို သဘောကျနေပါတယ်။ ပြင်သစ် ဘက်မှာပဲ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

နယ်သာလန် ၀-၁ ပြင်သစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်