နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းက လမ်းကြောင်းမှန်ပေါ်မှာ ရောက်လာပြီလို့ ဆိုလိုက်တဲ့ စတုန်းစ်နဲ့ ကိန်း | ယူရို ၂၀၂၄

countdown banner

အင်္ဂလန် လက်ရွေးစင် အသင်း ကတော့ ယူရို ၂၀၂၄ မှာ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အားရစရာ ခြေစွမ်းမျိုးနဲ့ မမြင်တွေ့ရသေးပါဘူး။ အင်္ဂလန်က အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဆလိုဗေးနီးယားနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အုပ်စု ပထမနေရာ ကနေ ၁၆ သင်း အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ 

ယူရို ၂၀၂၄ မှာ အားရစရာ ခြေစွမ်းမရှိတဲ့ အင်္ဂလန် လက်ရွေးစင် အသင်း ကို ပရိသတ်တွေ ကလည်း လှောင်ပြောင် ဝေဖန်မှုတွေ ရှိနေတာပါ။ ဒါပေမယ့် လည်း နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း တို့ ကတော့ သူတို့ အသင်းက ရှင်းလင်းတဲ့ တိုးတက်မှုတွေ ရှိနေတယ် ဆိုပြီး ပြောကြားလာခဲ့ပါတယ်။ ဂျွန် စတုန်းစ်က အင်္ဂလန် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို နားလည်ပေမယ့်လည်း အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ အခိုင်အမာ ယုံကြည်နေတာ ဖြစ်ပါတယ်။ အဓိက ကတော့ အင်္ဂလန်က အုပ်စု ပထမနေရာ ရရှိခဲ့တာကြောင့် အိမ်ရှင် ဂျာမနီနဲ့ ပေါ်တူဂီ၊ ပြင်သစ်နဲ့ စပိန် တို့ကိုလည်း ရှောင်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျွန်စတုန်းစ်က ITV Sport နဲ့ အင်တာဗျူးမှာ “ကောင်းပြီ၊ ငါတို့အနိုင်ရချင်ပေမယ့် ရည်ရွယ်ချက်က အုပ်စု ထိပ်ဆုံး ရောက်ဖို့ ဖြစ်ပြီး အဲဒါကို လုပ်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ အထူးသဖြင့် အသင်းတိုင်းက ငါတို့ကို အနိုင်ယူဖို့ ပစ်မှတ်ထားနေကြတဲ့ အတွက် အမြဲတမ်းတော့ မလွယ်ကူပါဘူး။ သုံးပွဲမှာ ပေးဂိုး မရှိ ၂ ပွဲနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာ ကျွန်တော်တို့ အတွက် အရမ်း ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ရလဒ် တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံး ပွဲ နှစ်ပွဲမှာ ကျွန်တော်တို့ အများကြီး တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ခဲ့ပြီး နေရာလွတ်တွေ ကို ရှာဖွေနိုင်ခဲ့ပါတယ်၊ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ပြီးတော့ ဒါဟာ လမ်းကြောင်းမှန်ပေါ် ရောက်မယ့် နောက်ထပ် ခြေလှမ်း တစ်ခုလို့ ကျွန်တော် ယုံကြည်ပါတယ်။”

ဆက်လက်ပြီး စတုန်းစ်က “ကျွန်တော်တို့ ဂိုးမသွင်းတာ ဒါမှမဟုတ် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်မှု တချို့ကို ကျွန်တော် နားလည်နိုင်တယ်၊ ဒါက ဘောလုံးပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ ရှုံးထွက် အဆင့်မှာ နယ်သာလန် သို့မဟုတ် အုပ်စု (E)က ၄ သင်း အနက် တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စုတွင်း ၃ ပွဲ ကစားရာမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အင်္ဂလန်

ဂျွန်စတုန်းစ်ဟာ ဆောက်ဂိတ် လက်အောက် အဓိက ပြိုင်ပွဲတွေမှာ အင်္ဂလန် အတွက် ၂၂ ပွဲစလုံး ပွဲထွက် ကစားခွင့် ရထားတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ဆက်လက်ပြီး စတုန်းစ်က“ကျွန်တော်တို့ တော်တော်လေး နီးစပ်နေပါပြီ။ ကျွန်တော်တို့ အာရုံစိုက်ပြီး ထိန်းချုပ်နိုင်တဲ့ အရာတွေကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ ဒီထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ တွေးထားတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ထန်ထန် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ခံစားရပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အုပ်စုထိပ်မှာ ရပ်တည်နိုင်တာ အရမ်း ဝမ်းသာ ပါတယ်။ ကျွန်တော်တို့ ရှေ့မှာ ဘယ်သူပဲ ရှိရှိ အနိုင်ယူရပါမယ်၊ ဘယ်သူတွေနဲ့ပဲ ကစားနေပါစေ ကျွန်တော်တို့ ယုံကြည်မှု ရှိပြီး တိုးတက်လာဖို့ လိုပါတယ်။”

အဲဒီနောက် မှာတော့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက သူ့ရဲ့ အသင်းဖော် ဂျွန်စတုန်းစ်ရဲ့ အတွေးနဲ့ ထပ်တူကျကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ကိန်းက “ဒါက ပြိုင်ပွဲမစခင် ရည်ရွယ်ချက်ပဲလေ။ အုပ်စုထိပ် ကနေ နောက်တစ်ဆင့် တက်လာပြီး ကျွန်တော် တို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်လိုက်ပါတယ်။ ကျွန်တော်တို့ဟာ တခြား ပွဲတွေထက် အများကြီး ပိုကောင်းအောင် ကစားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် တို့ဟာ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

အင်္ဂလန်ဟာ ယူရို ၂၀၂၄ ရှုံးထွက် အဆင့်မှာ နယ်သာလန် သို့မဟုတ် အုပ်စု (E)က ၄ သင်း အနက် တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်