နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဩစတြီးယားနဲ့ တူရကီ တွေ့ဆုံမှုကို ပွဲကြို ချဉ်းကပ်ကြည့်ခြင်း | ယူရို ၂၀၂၄

countdown banner

ယူရို ၂၀၂၄ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ဩစတြီးယားနဲ့ တူရကီ တို့ရဲ့ ပွဲစဉ် အကြောင်းကို ပွဲကြိုအနေနဲ့ ချဉ်းကပ်ကြည့်ရအောင်ပါ။

ဩစတြီးယား ကတော့ ယူရို ၂၀၂၄ အုပ်စု (D) မှာ အသင်းကြီး ပြင်သစ်၊ နယ်သာလန်၊ ပိုလန် တို့ ပါဝင်တဲ့ အုပ်စုမှာ ကျရောက်ခဲ့ပေမယ့် အုပ်စုဗိုလ် အဖြစ် ရှုံးထွက်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ပြင်သစ်ကို OG နဲ့ ကပ်ရှုံးခဲ့ပေမယ့် နောက်နှစ်ပွဲမှာတော့ ပိုလန်ကို ၁-၃ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့သလို နယ်သာလန် ကိုတော့ ဂိုးတွေ အပြန်အလှန် သွင်းပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်နဲ့ ပွဲမှာ ရက်ဖ် ရန်းညက်ခ် အသင်းရဲ့ ခြေစွမ်းက တော်တော်လေးကို အားရစရာ ကောင်းခဲ့ပြီး ဆဘစ်ဇာ၊ ရှမစ်ဒ်၊ ဆိဒ်ဝဲလ်ဒ်၊ ဂရီလစ်ချ် တို့ရဲ့ ကွင်းလယ်နဲ့ တောင်ပံ အစုအဖွဲ့က နယ်သာလန် ခံစစ်ကို ဒုက္ခပေးသွားခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း ဩစတြီးယား မှာက ကြယ်ပွင့် ကစားသမားတွေ လက်ချိုးရေလို့ ရပါတယ်။ ဒါပေမယ့် နည်းစနစ်ဆရာကြီး တစ်ဦးလည်း ဖြစ်တဲ့ ရန်းညက်ခ်ရဲ့ ပွဲအပေါ် ချဉ်းကပ်ပုံတွေက မှန်ကန်လွန်းသလို အခုဆိုရင် ဩစတြီးယားက စိတ်ဓာတ်ပိုင်းမှာပါ အမြင့်ဆုံး ရောက်နေခဲ့ပါပြီ။ နောက်ပြီး တခြား အသင်းကြီးတွေနဲ့ မတွေ့ပဲ တူရကီနဲ့ တွေ့ဆုံနေတာက ဩစတြီးယားတို့ ကံကောင်းတယ်လို့ ပြောလို့ ရပြီး ပြောရရင် ကွာတားဖိုင်နယ် လောက်အထိ အနိမ့်ဆုံး မျှော်လင့်နိုင်ဖို့ ရှိနေပါတယ်။

ဒီလို ပြောလို့ တစ်ဖက်က တူရကီကို ဩစတြီးယားတို့ လျှော့တွက်ရင်တော့ မှားသွားမှာပါ။ တူရကီက မာကျောတဲ့ အသင်း ဖြစ်ပြီး ပြိုင်ပွဲ အတွေ့အကြုံလည်း ကောင်းကောင်း ရှိပါတယ်။ တူရကီရဲ့ ယူရို ၂၀၂၄ ဖြတ်သန်းမှုကို ပြန်ကြည့်ရင်တော့ ပေါ်တူဂီ၊ ဂျော်ဂျီယာ၊ ချက်တို့ ပါဝင်တဲ့ အုပ်စု (F) မှာ ကျရောက်ခဲ့ပြီး ပေါ်တူဂီ တစ်သင်းတည်းကို ရှုံးပြီး ဂျော်ဂျီယာနဲ့ ချက်တို့ကိုတော့ အနိုင်ရကာ ဒီအဆင့် ရောက်လာတာ ဖြစ်ပါတယ်။ လက်ရှိ တူရကီမှာ ရီလ်မက်ဇ်၊ ရီလ်ဒစ်ဇ်၊ ကာဒီယိုဂလူ၊ ဒါမီရယ်၊ ချလနောဂလူ၊ ကော့ကူ၊ ဆီလစ်ခ်၊ အာဒါဂူလာ တို့လို ဥရောပအသင်းကြီးတွေမှာ ကစားနေတဲ့ ကစားသမားတွေ ရှိနေပြီး ကစားရခက်တဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပါတယ်။

တူရကီရဲ့ ယူရို ၂၀၂၄ ဖြတ်သန်းမှုကို ပြန်ကြည့်ရင်တော့ ပေါ်တူဂီ၊ ဂျော်ဂျီယာ၊ ချက်တို့ ပါဝင်တဲ့ အုပ်စု (F) မှာ ကျရောက်ခဲ့ပြီး ပေါ်တူဂီ တစ်သင်းတည်းကို ရှုံးပြီး ဂျော်ဂျီယာနဲ့ ချက်တို့ကိုတော့ အနိုင်ရကာ ဒီအဆင့် ရောက်လာတာ ဖြစ်ပါတယ်။
ဩစတြီးယားနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံးပွဲမှာ ဂိုးပြတ် ရှုံးထားတဲ့ တူရကီ

ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ နှစ်ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် ကတော့ သရေကျထားခဲ့ပါတယ်။ အများစုက ခြေစမ်းပွဲတွေ အဖြစ် ကစားခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက ကစားခဲ့တဲ့ ခြေစမ်းပွဲ မှာတော့ ဩစတြီးယားက တူရကီကို ၆-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒါက ခြေစမ်းပွဲ ဖြစ်ပြီး အဲဒီပွဲ ရလဒ်ကို အတည်ယူပြီး ဩစတြီးယားတို့ အပြတ်အသတ် အနိုင်ရသွားမယ်လို့ တွေးရင် မှားသွားနိုင်ပါတယ်။

ကျွန်တော် ကတော့ ဒီပွဲမှာ စိတ်ဓာတ်လည်း တက်နေပြီး နည်းစနစ်ပိုင်း ကောင်းတဲ့ နည်းပြ ကိုင်တွယ်နေတဲ့ ဩစတြီးယား ကိုတော့ ပိုသဘောကျနေတာ အမှန်ပါပဲ။ စိတ်ဓာတ်ပိုင်းကလည်း တက်နေပြီး ကွင်းလယ်နဲ့ တောင်ပံ ကလည်း တော်တော်လေးကို အချိတ်အဆက်မိမိနဲ့ ကစားနေတာ တွေ့ရပါတယ်။ တူရကီ ကတော့ သူတို့ အသင်းရဲ့ ထုံးစံ အတိုင်း ခံစစ် ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားဖို့ ပြင်ဆင်လာနိုင်ပြီး တန်ပြန် တိုက်စစ်ကိုပဲ အားကိုးသွားမယ့် သဘော ရှိပါတယ်။ ဒါပေမယ့်လည်း ပွဲတိုင်းလိုလို ဂိုးပေးနေရတဲ့ နှစ်သင်းစလုံးရဲ့ ခံစစ်က အားရစရာ သိပ်မရှိလို့ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပါတယ်။ ဩစတြီးယားတို့ တူရကီကို ခက်ခက်ခဲခဲ ကစားပြီးမှ တစ်ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားဖွယ် ရှိပါတယ်။ အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ အဖြစ် မြင်တွေ့ရဦးမှာပါ။

ဒီပွဲမှာတော့ ဩစတြီးယား ဘက်က ပွဲတိုင်းလိုလို ခြေစွမ်းပြနေတဲ့ ဆဘစ်ဇာ ကို စောင့်ကြည့်ထားချင်ပြီး တစ်ဖက်မှာ တူရကီ ဘက်ကတော့ အာဒါဂူလာကို စောင့်ကြည့်ချင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်