နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ ကို ကြိုတင် ခန့်မှန်းကြည့်ခြင်း | ဂျာမနီ

ကျွန်တော်များ SBOTOP ကနေ ယူရို ၂၀၂၀ ကစားမယ့် အသင်းတွေရဲ့ အုပ်စု အခြေအနေ၊ လူစာရင်းနဲ့ ကစားကွက်၊ စောင့်ကြည့်ရမယ့် ကစားသမား၊ အလားအလာတွေနဲ့ ပတ်သတ်လို့ ကြိုတင် ခန့်မှန်းချက်တွေကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဥရောပချန်ပီယံရှစ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ဂျာမနီနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တချို့ကို ရွေးချယ် သုံးသပ်ပေးမှာ ဖြစ်ပါတယ်။

အခု ယူရို ၂၀၂၀ ဟာ ဂျာမနီနဲ့ အတူ ၁၅ နှစ်ကြာ လက်တွဲခဲ့တဲ့ နည်းပြ ဂျိုအာချင်လိုးရဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်သလို ပြိုင်ပွဲ သမိုင်းတစ်လျှောက် ချန်ပီယံ ၃ ကြိမ် ဖြစ်ထားတဲ့ ဂျာမနီတို့ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါမယ်။ နောက်ပြီး ဂျာမနီဟာ မရဏအုပ်စု (F) မှာ ကျရောက်နေပေမယ့်လည်း အုပ်စု ပွဲစဉ် ၃ ပွဲစလုံးကို မြူးနစ်မှာ လက်ခံကစားရမှာ ဖြစ်လို့ အိမ်ကွင်း အားသာချက်နဲ့ အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အလားအလာ ကောင်းနေတဲ့အပြင် တောင့်တင်းတဲ့ ကစားသမား အင်အားကြောင့် ဗိုလ်စွဲဖို့ အထိပါ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
 

သမိုင်းကြောင်း

ဘောလုံးသမိုင်းမှာ ဂျာမနီဟာ ဆရာကြီးပါ။ ကမ္ဘာ့ဖလား ချန်ပီယံဆု ၄ ကြိမ် ရရှိထားပြီး ဥရောပချန်ပီယံရှစ် လို့ခေါ်တဲ့ ယူရိုပြိုင်ပွဲ မှာတော့ ချန်ပီယံဆု ၃ ကြိမ် ရပြီး အအောင်မြင်ဆုံး အသင်း အဖြစ် စပိန်နဲ့ ပူးတွဲ ရပ်တည်နေပါတယ်။ ဒါပေမယ့် ဂျာမနီတို့ ယူရိုမှာ ၁၉၉၆ ခုနှစ်က နောက်ဆုံး တစ်ကြိမ် ဗိုလ်စွဲထားပြီး ဥရောပရဲ့ ဘုရင်ဘွဲ့မခံယူနိုင်ခဲ့တာ ၂၅ နှစ်လောက် ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် ချန်ပီယံဆု ၃ ကြိမ် ရရှိခဲ့တယ် ဆိုပေမယ့်လည်း အစောပိုင်း ၂ ကြိမ်ဟာ အနောက်ဂျာမနီ အနေနဲ့ ယှဉ်ပြိုင်စဉ်တုန်းက ရရှိခဲ့တာ ဖြစ်ပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်း မှာတော့ ချန်ပီယံ တစ်ကြိမ်ပဲ ဖြစ်ထားခဲ့ပါတယ်။ ယူရိုပြိုင်ပွဲ နောက်ဆုံး ၅ ကြိမ် ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ၂၀၀၀နဲ့ ၂၀၀၄ ယူရိုတို့မှာ အုပ်စု အဆင့်သာ ရောက်ရှိခဲ့ပြီး ၂၀၀၈ ယူရိုမှာ ဒုတိယ၊ ၂၀၁၂နဲ့ ၂၀၁၆ ယူရိုတို့မှာ ဆီမီးဖိုင်နယ် အဆင့် ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ကတော့ ဂျာမနီ အတွက် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ် ပိုင်ဆိုင်ခဲ့ရတဲ့ ပြိုင်ပွဲလို့ ဆိုရမှာ ဖြစ်ပြီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ အဲ့နောက် ဂျိုအာချင်လိုးရဲ့ အသင်းက ယူအီးအက်ဖ်အေ နေးရှင်းလိဂ်မှာ စပိန်ကို ၆ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ အပြင် အောင်မြင်မှုနဲ့ ထပ်မံ  လွဲချော်ခဲ့သလို လက်ရှိအချိန်ထိ ကစားသမားကောင်းတွေနဲ့ ပြည့်နေပေမယ့် အရင်လို ပုံစံကောင်းတစ်ခု ပြန်မရသေးတာ တွေ့ရပါတယ်။ 
 

နည်းပြ

ဂျိုအာချင်လိုး
ကစားသမားဘဝမှာ မအောင်မြင်ခဲ့ပေမယ့် နည်းပြဘဝ ရောက်မှ အောင်မြင်မှု ရရှိခဲ့တဲ့ ဂျိုအာချင်လိုးဟာ ဂျာမနီကို ကမ္ဘာ့ဘောလုံးစင်မြင့်ထက် တကျော့ပြန် တင်ပေးထားသူ ဖြစ်ပါတယ်။  စတုဂတ်၊ ဩစတြီးယားဝီရင် တို့မှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိပြီး ဂျာမနီ နည်းပြရာထူးကို ကလင်းစမန်း ဆီကနေ လက်လွှဲရယူခဲ့တာ ၁၅ နှစ်ကျော် ကြာခဲ့ပါပြီ။ ၁၅ နှစ် အတွင်းမှာ ကမ္ဘာ့ဖလားနဲ့ ကွန်ဖက်ဒရေးရှင်း ဖလားတို့ကို ရယူပေးထားပြီး ယူရိုပြိုင်ပွဲ မှာတော့ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၂၀၀၈ ခုနှစ်က ဒုတိယတစ်ကြိမ် ရရှိထားခဲ့ပါတယ်။ ဂျိုအာချင်လိုးဟာ ဂျာမနီ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေ အားလုံးထဲမှာ သက်တမ်းအကြာဆုံး နည်းပြ ဖြစ်ပြီး ယူရို ၂၀၂၀ ပြီးရင်တော့ တစ်ချိန်က သူ့လက်ထောက် အဖြစ် လုပ်ကိုင်ခဲ့သူ၊ လက်တလော ဘေယန်မြူးနစ်နဲ့ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူထားတဲ့ ဟန်ဆီဖလစ်ခ်ကို ရာထူး လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိုး ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ၆၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်တာကြောင့် ဒီပြိုင်ပွဲဟာ သူ့အတွက် နည်းပြဘဝ နောက်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ ကစားသမားဘဝတုန်းက ကွင်းလယ် တိုက်စစ် နေရာ အဓိက ကစားခဲ့သူ ဖြစ်တဲ့ ဂျိုအာချင်လိုးဟာ ဂျာမနီကို မာကျောတဲ့ခံစစ်၊ ဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်နဲ့ ထက်မြတ်တဲ့ တိုက်စစ် ပိုင်ဆိုင်တဲ့ အသင်းတစ်သင်းအဖြစ် စိတ်ကြိုက် တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

နောက်ပြီး နေးရှင်းလိဂ်မှာ စပိန်ကို ၆ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားလို အသင်းငယ်လေးကို ရှုံးနိမ့်ခဲ့တာတွေဟာ ဂျိုအာချင်လိုးရဲ့ အသင်းကို ယူရို ၂၀၂၀ မကစားမီ သတိပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။
ဂျာမနီကို ကမ္ဘာ့ဖလား၊ ကွန်ဖက်ဒရေးရှင်ဖလား ရယူပေးခဲ့ပြီး ယူရိုမှာ ဒုတိယဆု ရယူပေးထားတဲ့ ဂျိုအာချင်လိုး

 

လက်ရှိ အခြေအနေ

အခုနောက်ပိုင်းမှာ ဂျာမနီရဲ့ တိုက်စစ်က လုပ်အားနှုန်း ကျမသွားဘူးဆိုပေမယ့် မျိုးဆက် အကူးအပြောင်းမှာ ခံစစ် ကစားသမားကောင်း ရှားပါးတဲ့ ပြသနာကို ကြုံတွေ့နေရလို့ ဂျိုအာချင်လိုးရဲ့ အသင်းက နိုင်ပွဲ ရှာဖို့ ခက်ခဲနေပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ တိုက်စစ်က ဂိုးတွေ တောက်လျောက် သွင်းပေးနေပေမယ့် ခံစစ်မှူးတွေရဲ့ ပေါ့လျော့မှုတွေကြောင့် ချေပဂိုးတွေ အကြိမ်ကြိမ်အခါခါ ပေးခဲ့ရတာ တွေ့ရပါတယ်။ နောက်ပြီး နေးရှင်းလိဂ်မှာ စပိန်ကို ၆ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားလို အသင်းငယ်လေးကို ရှုံးနိမ့်ခဲ့တာတွေဟာ ဂျိုအာချင်လိုးရဲ့ အသင်းကို ယူရို ၂၀၂၀ မကစားမီ သတိပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။ လက်ရှိ ဂျာမနီရဲ့ အပြီးသတ် လူစာရင်းအရ တစ်သင်းလုံး ခြုံကြည့်ရင် တောင့်တင်းနေပေမယ့် ဂျိုအာချင်လိုးရဲ့ ကစားသမား ရွေးချယ်မှု မမှားယွင်းဖို့ လိုအပ်ပါတယ်။ ဗဟိုခံစစ်နဲ့ ဂိုးသမား နေရာအတွက် သတိထားဖို့ လိုအပ်ပါတယ်။ သက်ကြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကျဆင်းလာမှု အပြင် တိုက်စစ်ကို အလွန်အကျွံ လိုက်ပါလေ့ရှိသလို ခံစစ်ကို အမြန် ပြန်လိုက်နိုင်ခြင်း မရှိတာတွေက ဂျာမနီကို ဒုက္ခရောက်စေ နိုင်ပါတယ်။ ဒါ့အပြင် အသက်ရလာလို့ လက်ရည်ကျလာတဲ့ မန်ဝဲလ်နော်အာကိုပဲ အားကိုးနေရပြီး ဒုတိယ ဂိုးသမား ဖြစ်တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက အမှားတွေ တောက်လျောက် လုပ်ပြခဲ့တဲ့ ဘန်လန်နို ဟာလည်း စိတ်ချရမယ့် အခြေအနေမှာ မရှိပါဘူး။ တတိယ ဂိုးသမား ဖရန့်ဖတ် ဂိုးသမား ကီဗင် ထရပ် ကလည်း လောက်လောက်လားလား စွမ်းဆောင်ရည် မရှိလို့ ဂျိုအားချင်လိုး ကတော့ ဂိုးသမား ပြသနာနဲ့ ရင်ဆိုင်ရဖို့ သေချာသလောက်ပါပဲ။
 

စောင့်ကြည့်ရမယ့် ကစားသမား

ဂျော်ရွှာ ကင်မစ်ခ် (ကွင်းလယ်)
တချို့တွေက ကီဗင်ဗိုလန်း၊ တချို့က တီမိုဗာနာ၊ တချို့က ဆာနေး ဆိုပြီး ဂျာမနီရဲ့ စောင့်ကြည့်ရမယ့် ကစားသမားကို ရွေးချယ် သတ်မှတ်ကြပေမယ့် ကျနော့် အမြင်အရ ဆိုရင် ကွင်းလယ်က ဂျော်ရွှာ ကင်မစ်ခ်ဟာ ဂျာမနီရဲ့ အသက် ဖြစ်လာပါလိမ့်မယ်။ ကင်မစ်ခ် အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့ပဲ လိုအပ်ပြီး သူပါဝင်တဲ့ ပွဲဆိုရင် အသင်းရဲ့ ကစားပုံကို ဘယ်လောက်အထိ‌ ပြောင်းလဲသွားစေသလဲ ဆိုတာ အနီးစပ်ဆုံး ဘေယန်မြူးနစ်မှာ စွမ်းဆောင်ပြခဲ့တာတွေက သက်သေပါပဲ။
 
အုပ်စု အလားအလာ
ယူရို ၂၀၂၀ မရဏ အုပ်စု(F)မှာ ကစားရမယ့် နောက်ထပ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဂျာမနီတို့ ကျိန်းသေပေါက် ခက်ခက်ခဲခဲ ကစားရမှာ မှန်ပေမယ့် အိမ်ကွင်း အားသာချက်တော့ ရှိနေပါတယ်။ ပွဲကြပ် ကစားရမှာချင်း အတူတူ ၃ ပွဲစလုံး မြူးနစ်မှာ ဧည့်ခံကစားရမှာက ဂျာမနီကို ခေါင်းတစ်လုံးတော့ ပိုသာစေပါလိမ့်မယ်။ ကျိန်းသေတာတော့ ပေါ်တူဂီ၊ ပြင်သစ် တို့ကို သုံးသပ်ခဲ့စဉ် ကလိုပဲ ဂျာမနီတို့ အုပ်စု ပထမနေရာ ရဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ဆီမီးဖိုင်နယ်ကို အလွယ်တကူ တက်သွားနိုင်မှာ ဖြစ်ပြီး မဟုတ်ရင်တော့ ရှုံးထွက်အဆင့်မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ထပ်ပြီး ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်