နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆီနီဂေါရဲ့ တောင့်တင်းမှုကို ဘာကီနာဖာဆိုတို့ ကျော်ဖြတ်ဖို့ မလွယ် (အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်)

ဘာကီနာဖာဆို – ဆီနီဂေါ

၂၀၂၁ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ ကတော့ တဖြည်းဖြည်း ဇာတ်ရှိန် မြင့်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ အိမ်ရှင် ကင်မရွန်းနဲ့ အီဂျစ်တို့ရဲ့ တွေ့ဆုံမှုကို ပရိသတ်တွေ ပိုပြီး စိတ်ဝင်စားမှာ မှန်ပေမယ့် အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ ဘာကီနာဖာဆိုနဲ့ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဆီနီဂေါ တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကလည်း တမျိုးတဖုံတော့ စိတ်ဝင်စားဖို့ ကောင်းနေတာ အမှန်ပါပဲ။

အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ အဆင့်ကို ၄ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ ဘာကီနာဖာဆို ကတော့ ဒီနှစ် မှာလည်း မထင်မှတ်ထားတဲ့ ခြေစွမ်းတွေနဲ့ ပြိုင်ဘက် ကောင်းတွေကို ကျော်ဖြတ်လာတဲ့ အသင်း ဖြစ်ပါတယ်။ အုပ်စု အဆင့်မှာ ကင်မရွန်း၊ ကိပ်ဗာဒီ၊ အီသိယိုးပီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၄ မှတ်၊ အုပ်စု ဒုတိယနေရာ ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဲ့နောက် ၁၆ သင်း အဆင့်မှာ ဂါဘွန်းကို ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့သလို ကွာတားဖိုင်နယ်မှာ တူနီးရှားကို ၁-၀ ရလဒ်နဲ့ ထပ်မံ ကျော်ဖြတ်နိုင်ခဲ့လို့ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ လူသိများတဲ့ ကစားသမား ဆိုလို့ ဘာထရန် ထရာအိုရေး တစ်ဦးတည်းသာ ရှိပေမယ့် အသင်းလိုက် စုစည်းမှု အားကောင်းကောင်းနဲ့ ပြိုင်ဘက်တိုင်းကို ဒုက္ခပေးနိုင်ခဲ့တဲ့ အသင်းလို့လည်း ဆိုနိုင်ပါတယ်။ အဓိက ကတော့ တပ်ဆိုဘာနဲ့ ကာဘိုရီတို့ ရှိနေတဲ့ ခံစစ်က ကျစ်လျစ် တောင့်တင်းပြီး အမှားနည်းလွန်းတာကြောင့် ပြိုင်ဘက် တိုက်စစ်မှူးတိုင်း ကျော်ဖြတ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ပြန် တိုက်စစ် ကစားပုံကောင်းတဲ့ ဘာကီနာဖာဆိုဟာ အခွင့်အရေး ရရင် ရသလို အသုံးချတတ်တာ ကလည်း အသင်း အတွက် အားသာချက် တစ်ခုလို ဖြစ်နေပြီး အခုလာမယ့် ပွဲမှာလည်း ဆီနီဂေါရဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် အကောင်းဆုံး တောင့်ခံပြီး တန်ပြန် တိုက်စစ်နဲ့ပဲ ပြန်ပြီး ခြိမ်းခြောက်ဖို့ ကြိုးပမ်းလာမှာ သေချာပါတယ်။ တစ်ချက် ရှိတာက တူနီးရှား ဘက်ကို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ လိုရီးယန့် လူငယ် တောင်ပံ ကစားသမား အော့တ်တာရာ အနီကတ် ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ အဓိက အားထားရတဲ့ ဘာထရန် ထရာအိုရေး၊ တပ်ဆိုဘာ၊ ခံစစ်နဲ့ တိုက်စစ်က အော့တ်တာရာနဲ့ ကာဘိုရီနဲ့ ယာဘို တို့ကတော့ ပွဲထွက်လူစာရင်းမှာ ကျိန်းသေပေါက် မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ
ဝက်ဖို့ဒ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဆီနီဂေါ ကတော့ အခုနှစ် ၂၀၂၁ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းပီပီ ခြေစွမ်းပိုင်း သိပ်ပြီး အားရစရာ မရှိပေမယ့်လည်း ဆီမီးဖိုင်နယ် အဆင့် ကိုတော့ အရောက် တက်လှမ်းထားခဲ့တယ် လို့ပဲ ဆိုရပါမယ်။ အုပ်စု အဆင့်မှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ရမှတ် ၅ မှတ်နဲ့ ရှုံးထွက်တက်ခဲ့တဲ့ ဆီနီဂေါ တို့ တိုက်စစ်မှာ နာမည်ကျော် လစ်ဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မာနေး ဦးဆောင်လာခဲ့ပေမယ့် အုပ်စု ပွဲစဉ် ၃ ပွဲ ကစားရာမှာ ရဂိုး ၁ ဂိုးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှုံးထွက် အဆင့်ကနေ စပြီး Form ပြန်မိလာတဲ့ ဆီနီဂေါဟာ ကိပ်ဗာဒီကို ၂-၀၊ အီကွေတိုရီရယ် ဂီနီကို ၃-၁ တို့နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး လက်တလောမှာ အကောင်းဆုံး ပုံစံ ပြန်ရပြီလို့ပဲ ဆိုရပါမယ်။ လက်တလော အသင်းမှာ အက်ဒ်ဝက် မန်ဒီ၊ ဆား၊ ကူလီဘာလီ၊ အာမက်ဒိုင်ယာလို၊ ကိုယာတေး၊ ဂီရီ၊ ဒီယာ၊ ဆာဒီယိုမာနေး၊ ဆစ်၊ ဒစ်ဒီဟျူ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်နိုင်ဖို့ ရှိနေပြီး ဘာကီနာဖာဆိုရဲ့ မာကျောမှုကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်ပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲ အဆင့်ကို ၄ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ ဘာကီနာဖာဆို ကတော့ ဒီနှစ် မှာလည်း မထင်မှတ်ထားတဲ့ ခြေစွမ်းတွေနဲ့ ပြိုင်ဘက် ကောင်းတွေကို ကျော်ဖြတ်လာတဲ့ အသင်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ ဘာကီနာဖာဆို

အခုတစ်ကြိမ်နဲ့ ဆိုရင် ၁၂ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ ၇ ကြိမ် ထက်မနည်း သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲဆက် သရေကျထားခဲ့ပြီး သမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်မှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဘာကီနာဖာဆို – ဆီနီဂေါ အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၈၃ ဆ
ဖေဖော်ဝါရီလ ၃ ရက်၊ ည ၁:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ ဆီနီဂေါ အတွက် ၁.၈၃ ဆ၊ ဘာကီနာဖာဆို အတွက် ၄.၅၀ဆနဲ့ သရေ အတွက် ၃ ဆ လောက် ကြေးဖွင့်ပေးထားတာ တွေ့ရတယ်။ ထပ်ပြီး သတိပေးချင်တာက အာဖရိကဖလား ပွဲဖြစ်ပါတယ်။ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်တတ်ပါတယ်။ ဘာကီနာဖာဆို ဟာ အသင်းလိုက် ကစားပုံ ကောင်းပြီး ခံစစ် တောင့်တင်းပေမယ့် အခုကစားရမယ့် ပြိုင်ဘက်က ဂါဘွန်း၊ တူနီးရှား တို့ထက် ခြေစွမ်း တစ်ဆင့် မြင့်ပြီး ကစားသမားကောင်းတွေ တပုံတပင် ရှိနေတဲ့ ဆီနီဂေါပါ။ အဲ့တော့ ဒီပွဲနဲ့ ပတ်သတ်ပြီး သဘောကျနေတဲ့ Tip ၃ ခု ရှိပါတယ်။ ဆီနီဂေါရယ်၊ နှစ်သင်းလုံး ဂိုးသွင်းနိုင်ဖို့ ရှိနေတာရယ်၊ ဂိုးပေါ် ၂.၅ ရယ်ပါ။ အကျိုးအမြတ် အတွက် စိတ်ကြိုက် ရွေးချယ်ကြဖို့ တိုက်တွန်းပါရစေ။


ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်