နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား လိုချင်တယ်လို့ ပြောလာတဲ့ ဆိုဘို့ဇ်လိုင်း | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် အသင်းရဲ့ ကွင်းလယ်လူ ဒေါမနစ်ခ် ဆိုဘို့ဇ်လိုင်းက သူ့အနေနဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေ ရယူဖို့ ပစ်မှတ်ထားလျက် ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဟန်ဂေရီ လက်ရွေးစင် အသင်းခေါင်းဆောင် ဆိုဘို့ဇ်လိုင်း ကတော့ ဆိုဘိုဆလိုင်း ကတော့ ပရိုကစားသမား ဘဝ စတင်ကတည်းက ရာသီတိုင်း အနည်းဆုံး ဆုဖလား တစ်လုံး ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။  

အသက် ၂၃ နှစ် အရွယ် ဆိုဘို့ဇ်လိုင်း ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေရာသီမှာ လိုက်ပ်ဇစ် ကနေ လစ်ဗာပူးလ်ကို ပေါင်သန်း ၆၀နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဆိုဘို့ဇ်လိုင်းဟာ ပြီးခဲ့တဲ့ ရာသီက ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ်နဲ့ အတူ ခရာဘောင်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ 

ဒါကြောင့် ဆိုဘို့ဇ်လိုင်းက “ကျွန်တော် ချန်ပီယံလိဂ်ဖလား လိုချင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကွင်းထဲမှာ ချန်ပီယံလိဂ် သီချင်းကို ကြားချင်ခဲ့တာပါ။ ပြီးတော့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းချင်ခဲ့တယ်။ ပြီးတော့ နိုင်ငံလက်ရွေးစင် အသင်းမှာ ကစားချင်ခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်ချင်ခဲ့တာပါ။ အခု အဲဒီအရာတွေ အားလုံးကို ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ အခု ကျွန်တော့် အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနေတာ ဆိုတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လစ်ဗာပူးလ်နဲ့ အတူ ရချင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ဖလားကို ရချင်ပါတယ်။ ဒီတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေက ကြီးမားပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ဖြစ်နိုင်တာတွေကို ရည်မှန်းပြီး ကြိုးစားနေတာပါ။” လို့ ပြောကြားခဲ့ပါတယ်။ 

ဒါဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်ဟာ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်လို့ မရပေမယ့် ဂိုးကွာခြားချက် အရတော့ တိုက်စစ် ခံစစ် အမျှတဆုံး ကစားနိုင်တဲ့ အသင်း အဖြစ် သတ်မှတ်နိုင်မှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဂိုးကွာခြားချက် အကောင်းဆုံး အသင်း ဖြစ်နေတဲ့ လစ်ဗာပူးလ်

ဆက်လက်ပြီး ဆိုဘို့ဇ်လိုင်းက နည်းပြဟောင်း ယာဂင် ကလော့ပ်နဲ့ နည်းပြသစ် အာနေး ဆလော့တ် တို့ရဲ့ ခြားနားချက် ကိုလည်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ အာနေး ဆလော့တ် ကတော့ ပြီးခဲ့တဲ့ ရာသီကုန်က လစ်ဗာပူးလ်နဲ့ လမ်းခွဲခဲ့တဲ့ ကလော့ပ်ရဲ့ နေရာကို ဆက်ခံခဲ့ပြီး အခုရာသီအစမှာ အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ ဆိုဘို့ဇ်လိုင်းက ကလော့ပ် လက်ထက်မှာ တိုက်စစ်ကို တိုက်ရိုက် ကစားပေမယ့်လည်း အာနေး ဆလော့တ် လက်ထက်မှာ ဘောလုံးကိုင်ကာ တိုက်စစ်ကို တည်ဆောက်ပြီး ကစားလေ့ရှိတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နော့တင်ဟမ်ဖောရက်စ် တစ်သင်းတည်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပြီး ကျန် ၅ ပွဲစလုံး အနိုင်ရထားပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ရဲ့ တိုက်စစ်က သွင်းဂိုး ၁၃ ဂိုး ရရှိထားပြီး ပေးဂိုး ကတော့ ၂ ဂိုးသာ ရှိထားပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်ဟာ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်လို့ မရပေမယ့် ဂိုးကွာခြားချက် အရတော့ တိုက်စစ် ခံစစ် အမျှတဆုံး ကစားနိုင်တဲ့ အသင်း အဖြစ် သတ်မှတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ်မှာလည်း ၂ ပွဲ ကစားပြီး ၂ ပွဲစလုံး အနိုင်ရထားပါတယ်။ လစ်ဗာပူးလ်ဟာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်၊ ဘိုလော့ဂ်နာ တို့နဲ့ တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး အေစီမီလန်ကို ၁-၃၊ ဘိုလော့ဂ်နာ ကိုတော့ ၂-၀ နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်