နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိုဒရစ်ရဲ့ ဖရီးကစ်ဂိုးနဲ့ ဆလိုဗက်ကီးယားရဲ့ ကမ္ဘာ့ဖလား အိမ်မက်ကို ရိုက်ချိုးခဲ့တဲ့ ခရိုအေးရှား (ပွဲပြီးသုံးသပ်ချက်)

countdown banner

ခရိုအေးရှား ၀ – ၄ ဆလိုဗက်ကီးယား

ကစားပုံ မာကျောတဲ့ အသင်းတွေ ဖြစ်တဲ့ အပြင် ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ အသင်း နှစ်သင်း ဖြစ်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ခရိုအေးရှား အတွက် အနိုင် ၃ မှတ်က အရေးပါခဲ့သလို ဆလိုဗက်ကီးယား အတွက် ကလည်း မျှော်လင့်ချက် ခပ်ရေးရေး အတွက် နောက်ဆုံး ကောက်ရိုးတမျှင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမား‌တွေ ပိုင်ဆိုင်ထားတဲ့ ခရိုအေးရှားကြောင့် သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဆလိုဗက်ကီးယားတို့ ကမ္ဘာ့ဖလား ကစားခွင့် မျှော်လင့်ချက်  အဆုံးသတ် သွားခဲ့ရပါတယ်။

 

ပွဲစဉ်အကျဉ်း

အမှတ်ပေးဇယား ရပ်တည်မှုအရ ကွာခြားချက် ရှိတယ် ဆိုပေမယ့် ဆလိုဗက်ကီးယားနဲ့ ခရိုအေးရှားရဲ့ ခြေစွမ်းက သိပ်ပြီး ကွာဟမှု မရှိခဲ့ပါဘူး။ ကစားအား၊ ကစားသမား စုဖွဲ့မှု၊ ကြံ့ခိုင်မှု အသားပေး ကစားပုံတွေကြောင့် အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ကြည့်ကောင်း ခဲ့ပါတယ်။ ၄-၁-၄-၁  ကစားကွက်နဲ့ ပွဲထွက်လာတဲ့ ခရိုအေးရှား အသင်းအတွက် ကာမာရစ်၊ မိုဒရစ်၊ ဘရိုဇိုဗစ် တို့ အဓိက နေရာမှာ ရှိနေခဲ့ပြီး ဟမ်ဆစ်၊ ရှက်ခရီနာတို့ ပါဝင်လာတဲ့ ဆလိုဗက်ကီးယားရဲ့ ကစားပုံကလည်း အတည်ငြိမ်ဆုံး ပုံစံမှာ ရှိနေခဲ့တာပါ။ အထူးသဖြင့်  ဆလိုဗက်ကီးယားရဲ့ ခံစစ်ပိုင်း စုဖွဲ့မှုက အထင်ကြီးစရာ အခြေအနေ တစ်ခုမှာ ရှိနေခဲ့သလို ခရိုအေးရှား ကစားသမားတွေ အနေနဲ့ ၁၈ ကိုက် စည်းအတွင်း ဝင်ခွင့်ရဖို့ အတွက်ကိုပဲ ခက်ခက်ခဲခဲ အားထုတ်နေခဲ့ရပါတယ်။ မိုဒရစ်၊ ကာမာရစ်တို့ ကိုယ်တိုင် ၁၈ ကိုက်စည်း အပြင် ကနေပဲ ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ရတဲ့ အထိ ဆလိုဗက်ကီးယား ခံစစ် မာကျောခဲ့ပါတယ်။ ပွဲချိန် မိနစ်၂၀ မှာ အိုင်ဗန်ရှာ့ဟ်ရန်ဇ်က ဆလိုဗက်ကီးယား အတွက် ခေါင်းတိုက် သွင်းဂိုး ရယူပေးနိုင်ခဲ့ပေမယ့် ကာမာရစ်က ၅ မိနစ် အကြာမှာ ခရိုအေးရှား အတွက် ပြန်လည် ချေပ‌ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်း မပြီးခင်မှာ ဆလိုဗက်ကီးယားတို့ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြီး ဟာရာစ်လင်က  အသေသပ်ဆုံး အဆုံးသတ် ဂိုးတစ်ဂိုး အဖြစ် ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ချေပဂိုးရဖို့ အတွက် အားစိုက်လာတဲ့ ခရိုအေးရှားရဲ့ ကစားပုံကြောင့် ဆလိုဗက်ကီးယားတို့ အဖျက်သီးသန့်သာ ကစားခဲ့ရပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု ၆၈ – ၃၂ ရာခိုင်နှုန်း အထိ ရှိခဲ့တဲ့ အပြင် မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှား ကွင်းလယ်က အတွဲအဖက် ပြန်မိလာခဲ့ပါတယ်။ လူကာ မိုဒရစ်ရဲ့ ကစားအားနဲ့ အတွေ့အကြုံနဲ့ ပွဲချိန် ၇၁ မိနစ် ဖရီးကစ် သွင်းဂိုး ကလည်း ခရိုအေးရှား အတွက် အရေးပါခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေ မှာတော့ နှစ်သင်းလုံး တိုက်စစ်ထက် ခံစစ်ကိုပဲ အားစိုက်ခဲ့သလို ဂိုးရဖို့ထက် ဂိုးမပေးရဖို့ကို  အာရုံစိုက်ခဲ့တဲ့ အတွက် ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ခရိုအေးရှားတို့ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် အဖြစ် မော်လ်တာ အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပြီး ဆလိုဗက်ကီးယား ကတော့ ဆလိုဗေးနီးယားကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (H) ရဲ့ Play_Off နေရာနဲ့ ၇ မှတ် အထိ ကွာဟသွားခဲ့တဲ့ ဆလိုဗက်ကီးယား

ပွဲပြီးသုံးသပ်ချက်

နည်းစနစ်ပိုင်း အားပြိုင်ခဲ့တဲ့ ပွဲတစ်ပွဲပါ။ နှစ်သင်းလုံးက ကြံ့ခိုင်မှု အသားပေး ကစားတတ်တဲ့ အသင်းတွေ ဖြစ်လို့ နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်းက အဖြေ ထုတ်ခဲ့တဲ့ပွဲလို့ ပြောလို့ရပါတယ်။ ခရိုအေးရှား နည်းပြ အနေနဲ့ ဆလိုဗက်ကီးယား ကွင်းလယ်ကို  အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ဆလိုဗက်ကီးယား နည်းပြ အနေနဲ့လည်း ပြိုင်ဘက် ကစားသမားတွေ ၁၈ ကိုက် စည်း အတွင်း ကန်သွင်းခွင့် မရအောင် အကောင်းဆုံး ဗျူဟာ ခင်းကျင်း နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ထူးခြားချက် တစ်ခုက နှစ်ဖက် အသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၄ ဂိုးမှာ ၃ ဂိုးက တည်ကန်ဘော Set Piece တွေက ရရှိခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ အမြင့်ဘော ကစားပုံ သေသပ်တဲ့ အသင်းတွေ ဖြစ်‌နေလို့ပါပဲ။ ဆလိုဗက်ကီးယား ကတော့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အိပ်မက် အဆုံးသတ်သွားခဲ့ပြီး ခရိုအေးရှား အတွက် ကတော့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ဖို့ လက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်‌နေခဲ့ပါပြီ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ခရိုအေးရှားတို့ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် အဖြစ် မော်လ်တာ အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပြီး ဆလိုဗက်ကီးယား ကတော့ ဆလိုဗေးနီးယားကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်