နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန်ကို ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့တဲ့ ကွန်တီရဲ့ စပါး (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး ၃-၁ ဘရိုက်တန်

မနေ့ညက နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် မှာတော့ တော့တင်ဟမ်ဟော့စပါးတို့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဟယ်ရီကိန်းရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း

အက်ဖ်အေဖလား စတုတ္ထအဆင့်ပဲ ရှိသေးပေမယ့် ပရီးမီးယားလိဂ် အသင်း အချင်းချင်း ထိပ်တိုက် တွေ့ဆုံနေခဲ့တာ ဖြစ်လို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ အားစိုက် ကစားသွားခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ တော့တင်ဟမ်ဟော့စပါး အသင်းက ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဘရိုက်တန် ကတော့ ၄-၃-၂-၁ ကစားကွက် ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ ကွန်တီရဲ့ အသင်း တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ လူးကပ်စ် မော်ရာ တို့ပဲ ဦးဆောင်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ရက်ဂီလောင်း၊ ဟွိုက်ဘယက်ချ်၊ ဝင့်ခ်၊ အီမာဆင် ရွိုင်ရယ်၊ ဆန်းချက်ဇ်၊ ရိုမဲယို၊ ဘန်ဒေးဗီးစ်နဲ့ ဟျူဂို လိုရစ်တို့ ပါဝင်လာခဲ့ပါတယ်။ ဘရိုက်တန် ကလည်း မွီပူ၊ အယ်လစ်စတား တို့ကလွဲရင် မူပေး၊ လယ်လာနာ၊ ကူကာရယ်လာ၊ ဝက်ဘ်စတား၊ လမ့်ပ်တေးတို့နဲ့ လူစုံခဲ့ပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမား အကောင်းဆုံး မွှေနှောက် ကစားသွားခဲ့ပေမယ့် ကွင်းလယ်က မာ့ချ်နဲ့ ခံစစ်က ဝက်ဘ်စတားတို့ အမှားများခဲ့တာကြောင့် ဒီနှစ် အက်ဖ်အေဖလားကို စတုတ္ထအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိမှု စံချိန်ကောင်း တစ်ခု ရပ်တန့်ခဲ့ရတဲ့ ဘရိုက်တန်

ဒီပွဲမှာ စပါး တစ်သင်းလုံး Chemistry မိနေခဲ့တယ်လို့ ပြောလို့ ရပြီး ဆောင်းရာသီ ပိတ်ရက်မှာ အနားရထားခဲ့လို့လည်း တစ်သင်းလုံး အင်တိုက်အားတိုက် ကစားနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ပွဲအစ ၁၃ မိနစ် ဟွိုက်ဘက်ချ် ဖန်တီးပေးတဲ့ ဘောလုံးကို ဟယ်ရီကိန်းက ဘီးကုပ် စက်ဝိုင်း ထိပ်ကနေ လှလှပပ ကန်သွင်း အဆုံးသတ်ပေးခဲ့လို့ စပါးတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ အဲ့နောက် ၂၄ မိနစ် မှာလည်း စပါးတို့ ဒုတိယဂိုး ထပ်ရသွားခဲ့ပြီး အီမာဆင် ရွိုင်ရယ် ညာတောင်ပံ ကနေ ကန်တင်တဲ့ ဘောလုံးဟာ မာ့ချ်နဲ့ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးချိန်မှာ တော့တင်ဟမ်ဟော့စပါးတို့ ၂ ဂိုးပြတ် ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ အပြန်အလှန် ရှိလာခဲ့လို့ ပွဲက ပိုပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ ဖန်တီးမှု ကနေ ဆွန်ဟောင်မင်ရဲ့ ခေါင်းတိုက်ချက် လွဲချော်ခဲ့သလို ဘရိုက်တန် တိုက်စစ်မှူး မိုဒါရဲ့ ကန်ချက် ဂိုးဘားတန်းပေါ်က ကျော်ခဲ့တာကြောင့် နှစ်သင်းလုံး ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် မိနစ် ၅၀ ဘစ်ဆူးမားရဲ့ ကန်ချက်ကို လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် ၆၃ မိနစ် ဘစ်ဆူးမားရဲ့ နောက်ထပ် တစ်ကြိမ် ကန်ချက် ကိုတော့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့လို့ ၂-၁ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၃ မိနစ် အကြာမှာ ဆွန်ဟောင်မင်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ လွတ်ထွက်သွားတဲ့ ဘောလုံးကို ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ စပါးတို့ ၃ ဂိုး ၁ ဂိုးနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဘရိုက်တန်တို့ ချေပဂိုး ပြန်ရဖို့ ဝဲလ်ဘတ်နဲ့ ဖာဂူဆန်ကို ထည့်သွင်းခဲ့ပြီး ကွန်တီ ကတော့ အနိုင်ရလဒ်ကို ထိန်းဖို့ ကူလူဆက်ဗ်စကီး၊ ဘက်ဂျ်ဝင်း၊ ရွန်ဒွန်၊ ဘန်တန်ကာ၊ ဒိုဟာတီ တို့ကို ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘက်ဂျ်ဝင်း အနေနဲ့ အပိုင်ကန်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ အံ့အားသင့်စရာ ကောင်းလောက်အောင် ဂိုးပေါက်နဲ့ သိသိသာသာ လွဲချော်ခဲ့လို့ ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ပဲ စပါးတို့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
နော်ဝစ်မြို့
ခရစ္စတယ်ပဲလေ့စ်
ပထမပိုင်း 1X2 နော်ဝစ်မြို့ @ 4.10
ခရစ္စတယ်ပဲလေ့စ် အာရှ ဟန်းဒီးကပ် -0.50 @ 2.14
ဂိုးပေါင်း 0-1 @ 2.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကွန်တီ စတင်ကိုင်တွယ်ချိန်က စလို့ စပါးတို့ ပထမဦးဆုံး အကြိမ် တစ်သင်းလုံး အချိတ်ဆက်မိမိ နားလည်မှု ရှိရှိနဲ့ ကစားသွားနိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ မော်ရာနဲ့ ဆွန်တို့ ခြေမပေါ်ချိန်မှာ ဟယ်ရီကိန်းရဲ့ အဆုံးသတ် သေချာမှုတွေက စပါးကို နောက်တစ်ဆင့် ပို့ဆောင်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမား အကောင်းဆုံး မွှေနှောက် ကစားသွားခဲ့ပေမယ့် ကွင်းလယ်က မာ့ချ်နဲ့ ခံစစ်က ဝက်ဘ်စတားတို့ အမှားများခဲ့တာကြောင့် ဒီနှစ် အက်ဖ်အေဖလားကို စတုတ္ထအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါတယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ကစားဖို့ ရှိပြီး ဘရိုက်တန် ကတော့ ၁၂ ရက်နေ့မှ ဝက်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်