နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်ယူနိုက်တက်ကို အကောင်းဆုံးကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner

ချဲလ်ဆီး ၃ – ၁ လိဒ်စ်ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျ ပွဲစဉ်တစ်ပွဲမှာတော့ ချဲလ်ဆီးနဲ့ လိဒ်စ်ယူနိုက်တက်တို့  ယှဉ်ပြိုင်ကစားခဲ့ကြပြီး စတန်းဖို့ဒ်ဘရစ်ရဲ့ ပရိသတ် ၂၀၀၀ ရှေ့မှောက်မှာ ဖျော်ဖြေမှု ရသအပြည့် ပေးပြီး ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ် တစ်ပွဲ လို့ ပြောရင်လည်း မမှားပါဘူး။ အစောပိုင်းမှာ အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ အိမ်ရှင်အသင်းကို အကောင်းဆုံး တုန့်ပြန်ကစားနိုင်ခဲ့ပေမယ့် ဖရန့်ခ်လမ်းပတ်ရဲ့ လူစားလဲ မှန်ကန်မှုနဲ့ အတူ ချဲလ်ဆီးတို့ ပွဲအပြီး ဂိုးပြတ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် မှာ အကောင်းဆုံးပုံစံကို ရရှိနေတဲ့ ချဲလ်ဆီးတို့ အခုပွဲစဉ်မှာ ရလဒ်ကောင်းဖို့အတွက် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ၄ ဂိုးသွင်းခဲ့တဲ့ အိုလီဗီယာ ဂျီရူးကို တိုက်စစ်မှာ အထောင်ထားပြီး တီမိုဝါနာ၊ ဟာကင်ဇီယက်ချ်တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ကတော့ ထုံးစံအတိုင်း အဓိကကစားသမား တော်တော်များများနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာတင် ကွင်းလယ်က  ကယ်ဗင်ဖီးလစ်ရဲ့ အမှတ်မထင် ဖြတ်တင်ပေးပို့မှုက တစ်ဆင့် ဘမ်းဖို့ဒ် က အမှားအယွင်းမရှိ အဆုံးသတ်ပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ လိဒ်စ်ယူနိုက်တက် နောက်တန်းက ရော့ဘ် ကော့ချ် ဒဏ်ရာရခဲ့လို့ လောရန်တေးနဲ့ လူစားလဲခဲ့ရပြီး ချဲလ်ဆီးတို့လည်း စိတ်ကြိုက်ဖိကစားခွင့် ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ ဂိုးပေါက် ခြိမ်းခြောက်မှာ ၂၃ ကြိမ်အထိ ရှိခဲ့ပြီး လိဒ်စ်ယူနိုက်တက်ဂိုးသမား မက်စ်လိုင်ယာ ကာကွယ်မှု‌တွေ ပြုလုပ်နိုင်ခဲ့လို့သာ ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ အိုလီဗီယာဂျီရူးကတော့ ပြီးခဲ့တဲ့ ပွဲမှာ ၄ ဂိုးသွင်းခဲ့သလို ပဲ အခုပွဲမှာလည်း တော်တော်လေး ခြေစွမ်းပြသွားခဲ့ပြီး လိဒ်စ်ဂိုးပေါက်ကို တောက်လျောက် ခြိမ်းခြောက်ခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာ ချေပဂိုး ၁ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ဧည့်သည်တို့ ကစားကွက် ပျက်သွားပြီး ချဲလ်ဆီးတို့ ထိုးဖောက်ချင်သလို ထိုးဖောက်ခွင့် ပေးခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်စလို့ ၁၅ မိနစ်လောက်မှာ မေဆင်မောင့်ရဲ့ ထောင့်ကန်ဘောကနေ တစ်ဆင့် နောက်ခံလူ ကော့တ်ဇူးမားက ခေါင်းတိုက်သွင်းယူပြီး ဦးဆောင်ဂိုး စတင်သွင်းယူသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဖရန့်ခ်လမ်းပတ် အနေနဲ့ တောင်ပံက ခြေသိပ်မပေါ်တဲ့ ကိုင်ဟာဗက်ဇ်ကို ကိုဗာချစ်နဲ့ လူစားလဲခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင် အချိန်ပို ၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ တတိယဂိုး ရရှိခဲ့ပြီး တောင်ပံက တီမိုဝါနာရဲ့ ဖြတ်တင်ပေးပို့မှုကနေ တစ်ဆင့် ခရစ္စတီယန်ပူလီဆစ်က ပိတ်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်ကတော့ အဆင့် ၁၃ နေရာထိ ကျဆင်းသွားခဲ့ပြန်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲစဉ်ကတော့ အခုတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲလို့ ပြောရမှာပါ။
ပရီးမီးယားလိဂ် အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ဒီပွဲစဉ်ကတော့ အခုတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲလို့ ပြောရမှာပါ။ ဒီပွဲမှာ အဓိက ခြေစွမ်းပြခဲ့တာ ကတော့ ချဲလ်ဆီး နောက်တန်းက ဖြစ်ပြီး ရိစ်ဂျိမ်းစ်၊ ဇူးမား၊ ဆေးလ်ဗား၊ ချေးလ်ဝဲလ်တို့ အားလုံး ပြောစရာမရှိအောင် ကောင်းခဲ့ပါတယ်။ ဂျိမ်းစ်ဆိုရင် တစ်ဂိုးဖန်တီးပြီး ဇူးမားကတော့ တစ်ဂိုးသွင်းပေးခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက် ဂိုးသမား မက်စ်လိုင်ယာ ဂိုးဧရိယာအတွင်း ကာကွယ်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး တော့ သူကာကွယ်နေလို့ လိဒ်စ်တို့ ဂိုးပြတ် မရှုံးတာပါ။ မာဆယ်လို ဘီရာဆာရဲ့ လိဒ်စ်ယူနိုက်တက်က ခန့်မှန်းရ ခက်နေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ လက်စတာလို အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့် အခုပွဲမှာ ချဲလ်ဆီးကို အဘက်ဘက်က မယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒီပွဲမှာ နောက်တန်းက ရော့ဘင်ကော့ချ်ရဲ့ အရေးပါပုံကို နားလည်ခဲ့ရပြီး သူထွက်သွားတဲ့ အချိန်မှာ လိဒ်စ်ယူနိုက်တက်ရဲ့ ခံစစ်က တော်တော်လေးကို ပေါက်ပြဲသွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ ဒီရာသီမှာ ခြေစွမ်းပြန်မှန်နေပါပြီ။ ဒီပုံအတိုင်းသာ ဆက်ကစားနိုင်မယ်ဆိုရင် ရာသီကုန်ရင် ဆုဖလား တစ်လုံးကတော့ ကျိန်းသေရဖို့ သေချာနေပါပြီ။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့်ရက်မှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ခရက်စနိုဒါ အသင်းနဲ့ ကစားဖို့ရှိနေပြီး တနဂ်နွေနေ့မှတော့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ကစားဖို့ရှိနေပါတယ်။ လိဒ်စ်ယူနိုက်တက်ကတော့ လာမယ့် စနေနေ့မှာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်