နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာတွေကို ခဏမေ့ထားပြီး လက်ရှိ ခြေစွမ်းအရ ချဲလ်ဆီးကိုပဲ အားပေးသင့်တယ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး vs ရီးရဲယ်မက်ဒရစ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ ပွဲစဉ် အဖြစ် မေလ ၆ ရက်နေ့ မှာ ချဲလ်ဆီးနဲ့ ရီးရဲယ်မက်ဒရစ် တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ပထမအကျော့ စပိန်မြေမှာ ပုံစံကောင်းတစ်ခုနဲ့ အတူ သရေကစားနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အခြေအနေ ပိုကောင်းနေပေမယ့် ရီးရဲယ်မက်ဒရစ် ကလည်း မျှော်လင့်ချက် အများကြီး ရှိနေသေးလို့ ချန်ပီယံလိဂ်ရဲ့ ထုံးစံအတိုင်း ဘာမဆို ဖြစ်သွားနိုင်တာကိုလည်း မေ့ထားလို့ မရပါဘူး။

လက်ရှိမှာ အသင်းလိုက် ကစားပုံ တော်တော်လေး ကောင်းနေတဲ့ အပြင် ကစားသမား အင်အားအပြည့် ရှိနေတဲ့ ချဲလ်ဆီးတို့ ဘယ်လို ပြိုင်ဘက်မျိုးကို မဆို ရင်ဆိုင်အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။ ပွဲတစ်ပွဲ တစ်ပွဲကို ချဉ်းကပ်ရာမှာ အားသာတဲ့ သောမက်စ် တူဟယ်ဟာ အသင်းနဲ့ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့ပြီး ဘယ်ကစားသမားကို ဘယ်နေမှာ၊ ဘယ်လိုပုံစံနဲ့ ကစားခိုင်းရမယ် ဆိုတာ ကောင်းကောင်း သိနေပါပြီ။ ဒါကြောင့်လည်း တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ ကစားကွက်၊ လူစာရင်းတွေကို အသုံးပြုခဲ့ပေမယ့် ပုံစံကောင်းတစ်ခု ကိုတော့ ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ချဲလ်ဆီးနဲ့ ပွဲဦးထွက် ရာသီမှာတင် အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲ အထိ ပို့ဆောင်နိုင်ခဲ့ပြီး ဖြစ်သလို လက်ရှိ ချန်ပီယံလိဂ် မှာလည်း ဗိုလ်လုပွဲ တက်ဖို့ အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်ထားခဲ့ပါတယ်။ အခုပွဲမှာတော့ တူဟယ်အနေနဲ့ အဆုံးသတ် သေချာတဲ့ ပူလီဆစ်၊ ခြေပြန်မှန်လာတဲ့ တီမိုဗာနာ၊ မေဆင်မောင့်တို့ ၃ ဦးနဲ့ ရီးရဲယ်မက်ဒရစ် ခံစစ်ကို အလုပ်ပေးဖို့ ကြိုးစားဦးမယ့် သဘောရှိပြီး ကွင်းလယ် မှာတော့ ကိုဗာချစ် ဒဏ်ရာရနေလို့ ကန်တေ-ဂျော်ဂျင်ဟို အတွဲကိုပဲ သုံးဖို့ များပါတယ်။ တောင်ပံမှာ အတက်အဆင်းကစားဖို့ ချေးလ်ဝဲလ်၊ အက်ဇ်ပီလီကွယ်တာ၊ နောက်တန်း မှာတော့ ရူဒီဂါ၊ ခရစ္စတင်ဆန်၊ ဆေးလ်ဗား၊ ဂိုးမှာတော့ မန်ဒီကိုပဲ ပွဲထွက်ကစားစေမယ့် သဘောရှိပါတယ်။

 
ချန်ပီယံလိဂ် မှာ အစဉ်အလာကောင်းပြီး အတွေ့အကြုံရင့်တဲ့ ရီးရဲယ်မက်ဒရစ်ရဲ့ လက်ရှိ အခြေအနေကို ပြောပါ ဆိုရင်တော့ အရင်နှစ်တွေကနဲ့ ဘာမှမဆိုင်လောက်အောင်ကို ခြေစွမ်းက ကွာဟနေခဲ့ပါတယ်။ ဇီဒန်း အနေနဲ့ ရော်နယ်ဒို၊ ဘေးလ်၊ ဘင်ဇီမာ ခေတ်အလွန်မှာ ရှိတဲ့လူစာရင်းနဲ့ပဲ တတ်နိုင်သမျှ နည်းနည်းနဲ့ ကြဲကြဲဝိုင်းနေရတဲ့ သဘောရှိပါတယ်။ ဒါတောင် တိုက်စစ်မှာ ကာရင်ဘင်ဇီမာ အကောင်းဆုံး ကစားနိုင်သေးသလို ကွင်းလယ်က တိုနီခရူးစ်၊ မိုဒရစ်တို့ ရှိနေတာကြောင့် ဒီအခြေအနေထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ စပိန်မြေ ရောက်ပြီးမှ မကြာခဏ ဆိုသလို ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဟာဇက် အနေနဲ့ အခုပွဲမှာ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ဖို့ ပါဝင်လာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ ရီးရဲယ်မက်ဒရစ်ရဲ့ လူစာရင်းက ခြေတက်နေတဲ့ ချဲလ်ဆီးလို အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ဖို့ လုံလောက်မှု လုံးဝမရှိတာပါပဲ။ သတင်းတွေအရ ဆိုရင် ကာဗာဟယ်၊ ဗယ်ဗာဒီ၊ လူးကပ်စ် ဗက်စကွက်စ် တို့အပြင် နောက်တန်းက ဗာရန်းလည်း ဒဏ်ရာပြသနာကြောင့် ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ရီးရဲယ်မက်ဒရစ် ကလည်း ချန်ပီယံလိဂ် အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားတဲ့ အသင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အခုပွဲဟာ နှစ်သင်းစလုံး အတွက် ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ၅ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပြီး ချဲလ်ဆီးတို့ နောက်ဆုံး ၄ ကြိမ်စလုံး ရီးရဲယ်မက်ဒရစ်ကို မရှုံးခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး အခုပွဲဟာ ချဲလ်ဆီး အတွက် ရီးရဲယ်မက်ဒရစ်ကို စတန်းဖို့ဒ်ဘရစ်ချ် မှာ ရင်ဆိုင်ရမယ့် ပထမဦးဆုံး ပွဲလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၁၂ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်‌တော့ ၃ ပွဲသာ အနိုင်ရထားခဲ့လို့ အားရစရာတော့ မရှိပါဘူး။ ရီးရဲယ်မက်ဒရစ် ကလည်း ချန်ပီယံလိဂ် အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးထားတဲ့ အသင်း ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs ရီးရဲယ်မက်ဒရစ် 1X2 ချဲလ်ဆီ @ 1.98
မေလ ၆ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၂၀ ဆ၊ ဧည့်သည်အသင်းအတွက် ၃.၄၀ ဆ၊ သရေ အတွက် ၃.၃၀ ဆ ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ ပေါက်ကြေးအရ ရော လက်ရှိ ခြေစွမ်းပိုင်းအရပါ ချဲလ်ဆီးဘက်မှာ နေတာ ကတော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ လက်ရှိ ဇီဒန်းရဲ့ အသင်းက ကစားသမား အင်အားနည်းနေပြီး ခံစစ်ပိုင်း ကိုလည်း စိတ်မချရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဂိုးမရှိသရေ ဆိုရင်တောင် အိမ်ရှင်တို့ နောက်တစ်ဆင့် တက်ခွင့်ရှိနေပေမယ့် မဖြစ်မနေ ဂိုးရဖို့ ဖွင့်ကစားလာမယ့် ရီးရဲယ်မက်ဒရစ်ကြောင့် အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် အနိုင်ရမယ့် အသင်းဆိုရင်တော့ ချဲလ်ဆီးလို့ပဲ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်