ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ဒုတိယနေ့ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဖီယင်နော့ဒ်နဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာတော့ စီးရီးအေ ထိပ်သီး တို့က နယ်သာလန် ကလပ်ကို အမှားအယွင်း မရှိ ကစားပြီး ၀-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် ဖီယင်နော့ဒ် ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ ဝယ်လန်ရူသာ၊ မစ်ချဲလ်၊ ဘီးလန်၊ ဟန့်ချ်ကို၊ ဗျူနို၊ မိုဒါ၊ စမဲလ်၊ မူဆာ၊ ပိုင်ရှို၊ အော့စ်မန်၊ ကာရန်ဇာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အင်တာမီလန် ကတော့ သူတို့ရဲ့ အဓိက အခင်းအကျင်း ဖြစ်တဲ့ ၃-၅-၂ ကိုပဲ သုံးခဲ့ပြီးတော့ မာတီနက်ဇ်၊ အကာဘီ၊ ဒီဗရစ်ဂျ်၊ ပါဗက်ဒ်၊ ဘက်စတိုနီ၊ ဇီလင်းစကီး၊ အက်ဆဲလ်လာနီ၊ ဘာရယ်လာ၊ ဒမ်းဖရီးစ်၊ မားကပ်စ် သူရမ်၊ လော်တာရို မာတီနက်ဇ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပထမပိုင်း မှာတော့ အိမ်ရှင် ဖီယင်နော့ဒ်တို့ စိတ်ကြိုက် ကစားနိုင်ခဲ့ပြီးတော့ အင်တာမီလန် ဘက်ကို တောင်ပံတွေ ကနေ တောက်လျောက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အော့စ်မန်၊ ကာရန်ဇာ တို့ရဲ့ ဖြုန်းတီးမှုတွေကြောင့် ဂိုးမရခဲ့ပဲ ပွဲချိန် မိနစ် ၃၀ ကျော်လာချိန်မှာတော့ အင်တာမီလန်တို့ ကစားကွက် တည်နိုင်ခဲ့ပါတယ်။ ဒီလို ကစားကွက် တည်နိုင်ပြီး မကြာခင်မှာပဲ ဧည့်သည် အင်တာမီလန်တို့ ပထမဂိုး ရရှိသွားခဲ့ပြီး သူရမ်က သွင်းယူပေးခဲ့ပါတယ်။ တောင်ပံ ကနေ ဒမ်းဖရီးစ် ပြန်ချိုးပေးလိုက်တာကို ဘာရယ်လာ ကန်တင် ပေးပို့ရာကနေ သူရမ်က လေပေါ်ခုန်ပြီး အလိုက်သင့် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အင်တာမီလန် တို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုးထားပြီး ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ် အကြာ မှာတော့ နောက်ထပ် သွင်းဂိုး ထပ်ရခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ဇီလင်းစကီးရဲ့ ဖန်တီးပေးမှု ကနေ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က အားပြင်းပြင်းနဲ့ ဂိုးထောင့်ထဲကို ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ၆၅ မိနစ်မှာ အင်တာမီလန်တို့ တတိယဂိုး ရရှိမယ့် အခွင့်အရေး ရှိခဲ့ပေမယ့် ဇီလင်းစကီးရဲ့ ပင်နယ်တီ ကန်ချက်ကို ဂိုးသမား ဝယ်လန် ရူသာ ကာကွယ်နိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အင်တာမီလန်ရော၊ ဖီယင်နော့ဒ်ပါ အခွင့်အရေး တချို့ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၀-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ဖီယင်နော့ဒ်ဟာ ဒီနှစ် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွေမှာ စီးရီးအေ ကလပ်တွေနဲ့ ဆက်တိုက် တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။ နယ်သာလန် ကလပ်က ပလေးအော့ဖ်မှာ အေစီမီလန်ကို အကောင်းဆုံး ကျော်ဖြတ်ပြခဲ့ပေမယ့် ကွာတားဖိုင်နယ် မှာတော့ မီလန်ထက် ကစားသမား စုဖွဲ့မှုရော၊ ခြေစွမ်းပါ ပိုသာတဲ့ အင်တာမီလန် ကိုတော့ ဘယ်လိုမှ ထိန်းချုပ်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီပွဲရလဒ်ကြောင့် အပြင် ဒုတိယအကျော့ဟာ အင်တာမီလန်ရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် သိပ်ပြီး စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်တော့ပါဘူး။ ဖီယင်နော့ဒ် အတွက် ချန်ပီယံလိဂ် ခရီးလမ်းက ဒီတင် ပြီးဆုံးပြီလို့တောင် ပြောလို့ ရပြီး အင်တာမီလန် ကတော့ ကွာတားဖိုင်နယ်ကို ခြေတစ်ဖက် လှမ်းထားနိုင်ပြီလို့ပဲ ဆိုရပါမယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.