နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပို့တင်းလစ္စဘွန်း ရှုံးထွက်တက်ပြီး ယူရိုပါလိဂ် ကစားရတော့မယ့် ဒေါ့မန် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

စပို့တင်းလစ္စဘွန်း ၃ – ၁ ဒေါ့မွန်

လစ္စဘွန်းမှာ ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ဒေါ့မန်တို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကလည်း အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး အဆုံးအဖြတ် ပွဲစဉ် ဖြစ်တဲ့ အလျောက် နှစ်သင်းလုံး အားထည့် ကစားခဲ့ကြပေမယ့် ပုံစံကောင်းရနေတဲ့ အိမ်ရှင် အသင်း အနေနဲ့ ဟာလန်း မကစားနိုင်တဲ့ နောက်ပိုင်း ခြေစွမ်း မတည်မငြိမ် ဖြစ်နေတဲ့ ဒေါ့မန်ကို ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ် အကျဉ်း

ဒဏ်ရာရ ကစားသမား များနေတဲ့ မာကိုရို့စ်ရဲ့ အသင်းက ဒီနေ့ပွဲမှာ ၄-၃-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ မာလန်၊ ကွင်းလယ်နဲ့ တောင်ပံမှာ ဘရန့်တ်၊ ရိန်နီရာ၊ မာကိုရိုက်စ်၊ ဘယ်လင်ဂမ်၊ ဝစ်ဆဲလ်၊ ခံစစ်မှာ ရှော့လ်ဇ်၊ ပွန်ဂရက်ဆစ်၊ အာကန်ဂျီ၊ မြူနီယာနဲ့ ဂိုးမှာတော့ ကိုဘယ်ပဲ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် စပို့တင်း လစ္စဘွန်း ကတော့ ဒဏ်ရာရ ကစားသမား ကင်းရှင်းနေလို့ ပေါ်လင်ဟို၊ ဂွန်ဆာလက်ဗ်၊ ဆာရာဘီယာ၊ ပေါလ်ဟင်ဟာ၊ ကော့တက်စ်၊ မားသီးယက်စ် တို့လို အမာခံ ကစားသမားတွေနဲ့ပဲ ဒေါ့မန်ကို အကောင်းဆုံး ရင်ဆိုင်လာခဲ့တာ တွေ့ရပါတယ်။

ဒီပွဲနဲ့ ပတ်သတ်လို့ စာရွက်ပေါ်က အချက်အလက်တွေကို ကြည့်မယ် ဆိုရင် ဒေါ့မန်တို့ အပြတ်အသတ် အသာရခဲ့ပေမယ့် အရေးပါတဲ့ ဂိုးသွင်း အဆုံးသတ်မှု အပိုင်း မှာတော့ စပို့တင်းလစ္စဘွန်းတို့ ပိုမို သာလွန်ခဲ့တာ တွေ့ရပါတယ်။ ရမှတ် လိုအပ်ချက် ရှိလို့ တိုက်စစ် အားပြု ကစားလာမယ့် ဒေါ့မန်တို့ နည်းဗျူဟာကို တန်ပြန် တိုက်စစ် ကနေ အကောင်းဆုံး ပြန်လည် တုန့်ပြန်နိုင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်းတို့ ပထမပိုင်း မိနစ် ၃၀ ကျော်မှာပဲ ဦးဆောင်ဂိုး ၂ ဂိုး စတင် ရရှိခဲ့ပါတယ်။ သွင်းဂိုး ၂ ဂိုး စလုံး ကိုတော့ ဒေါ့မန် နောက်ခံလူတွေရဲ့ ပေါ့ဆမှု ကနေ ပက်ဒရို ဂွန်ဆာလက်ဗ် ကပဲ တစ်ကိုယ်တော် စွမ်းရည်နဲ့ လှလှပပ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒေါ့မန်တို့ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားရင်း ကနေ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာခဲ့ပြီး ရန်ပွဲ တချို့လည်း မြင်တွေ့ခဲ့ရပြီး ဒုတိယပိုင်း ပွဲကစားချိန် ၇၄ မိနစ် မှာတော့ အန်မရီချန် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး စပို့တင်းလစ္စဘွန်း ဘက်ကတော့ ပေါ်ရို၊ မားသီးယက်စ် လူးဝစ်ဇ်၊ ပေါ်လင်ဟိုတို့ အဝါကတ် ပြခံခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ ဇာဂါဒူရဲ့ ဂိုးဧဘရန့်တ်နဲ့ မာကိုရိုက်စ် တို့ရဲ့ တောင်ပံ နှစ်ဖက်က လုပ်အားနှုန်း ကောင်းခဲ့ပေမယ့် မာလန်ရဲ့ အဆုံးသတ် အားနည်းမှုတွေက ဒေါ့မန်ကို နိုင်ပွဲနဲ့ ဝေးစေခဲ့ပြီး ခံစစ်ရဲ့ ပေါ့ဆမှုတွေက ဒေါ့မန်ကို ဂိုးပြတ် ရှုံးပွဲကြုံသွားစေခဲ့တာ ဖြစ်ပါတယ်။ရိယာ အတွင်း ဥပဒေပြင်ပ ဖျက်ထုတ်မှုကြောင့် စပို့တင်းလစ္စဘွန်းတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး စောတက တက်ခဲ့တဲ့ ဒေါ့မန် နည်းပြ မာကိုရို့စ်လည်း အဝါကတ် ပြသခံခဲ့ရပြန်ပါတယ်။ ပင်နယ်တီ ကိုတော့ ဂွန်ဆာလက်ဗ် ကန်သွင်းခဲ့ပြီး ကိုဘယ် ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ပေါ်ရိုက ထပ်ဆင့် ခေါင်းတိုက် အဆုံးသတ်ပေးခဲ့လို့ အိမ်ရှင် စပို့တင်းတို့ ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ အိမ်ရှင်တို့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို မှာတော့ ဒေါ့မန် အတွက် တစ်လုံး တည်းသော ချေပဂိုးကို မာလန်က သွင်းယူပေးခဲ့တာကြောင့် ၃-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီး သုံးသပ်ချက်

အာလင်း ဟာလန်း မပါတဲ့ နော်ဝေတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို ဒေါ့မန် လည်း ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို လက်ပြ နှုတ်ဆက်ခဲ့ရပါပြီ။ ဘရန့်တ်နဲ့ မာကိုရိုက်စ် တို့ရဲ့ တောင်ပံ နှစ်ဖက်က လုပ်အားနှုန်း ကောင်းခဲ့ပေမယ့် မာလန်ရဲ့ အဆုံးသတ် အားနည်းမှုတွေက ဒေါ့မန်ကို နိုင်ပွဲနဲ့ ဝေးစေခဲ့ပြီး ခံစစ်ရဲ့ ပေါ့ဆမှုတွေက ဒေါ့မန်ကို ဂိုးပြတ် ရှုံးပွဲကြုံသွားစေခဲ့တာ ဖြစ်ပါတယ်။ ရူဘင် အန်မိုရင်ရဲ့ စပို့တင်း လစ္စဘွန်း ကတော့ အုပ်စု နောက်ဆုံး ပွဲမှာ အေဂျက်စ်ကို အရေးနိမ့်ခဲ့ရင်တောင် ဂိုးကွာခြားချက်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ ရာနှုန်းပြည့် သေချာသွားခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ၁၃ နှစ်တာ ကာလ အတွင်း စပို့တင်း လစ္စဘွန်းတို့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ပထမဦးဆုံး အကြိမ် တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်နဲ့ လွဲချော်ခဲ့ခြင်းပြီး ယူရိုပါလိဂ် ကစားရတော့မှာလည်း ဖြစ်ပါတယ်။


လာမယ့် ပွဲစဉ်များ

စပို့တင်းလစ္စဘွန်းတို့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လီဂါပေါ်တူဂီ ပွဲစဉ် အဖြစ် တွန်ဒဲလ်လာနဲ့ ကစားရဖို့ ရှိပြီး ဒေါ့မန် ကတော့ ဝုဖ်ဘတ်နဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်