အက်တလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီကဒီရာသီချန်ပီယံလိဂ်မှာဗိုလ်လုပွဲရောက်ဖို့ရည်မှန်းထားတယ်လို့ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။အက်တလက်တီကိုမက်ဒရစ်ကအခုတစ်ပတ်ချန်ပီယံလိဂ်လိဂ်အဆင့်ပွဲစဉ်၇မှာလေဗာကူဆင်ကိုအိမ်ကွင်းမှာ၂-၁ရလဒ်နဲ့အနိုင်ရခဲ့ပြီးနောက်ဒီယေဂိုဆီမြွန်နီကအခုလိုပဲပြောကြားသွားခဲ့တာဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ကတော့ဒီရာသီချန်ပီယံလိဂ်လိဂ်အဆင့်ပွဲစဉ်၇ပွဲကစားပြီးချိန်မှာရမှတ်၁၃မှတ်ရရှိထားပြီးတော့၁၆သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်အနိမ့်ဆုံးပလေးအော့ဖ်ကစားခွင့်ရဖို့သေချာနေပြီလည်းဖြစ်ပါတယ်။ဒီပွဲမှာအက်တလက်တီကိုမက်ဒရစ်ကလေဗာကူဆင်ကိုခြေစွမ်းအသာနဲ့ကစားနိုင်ခြင်းမရှိခဲသလိုပွဲချိန်၂၃မိနစ်ကတည်းကတစ်ယောက်လျော့နဲ့ပြိုင်ဘက်ကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဦးဆောင်ဂိုးလည်းပေးခဲ့ရပြီးနောက်ကနေလိုက်ကစားခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့အက်တလက်တီကိုမက်ဒရစ်ကအခွင့်အရေးတွေကိုအသုံးချနိုင်ခဲ့ပြီးအဲလ်ဗာရက်ဇ်ကချေပဂိုးပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ပွဲချိန်၇၆မိနစ်မှာတော့လေဗာကူဆင်ဘက်ကဟင်ကပ်ပီနှစ်ဝါတစ်နီနဲ့ထွက်ခဲ့ရတာကြောင့်ပွဲကချိန်ခွင်လျှာပြန်မျှခဲ့ပြီးအဲလ်ဗာရက်ဇ်ကပဲနောက်ဆုံးမိနစ်မှာအနိုင်ဂိုးသွင်းယူပေးခဲ့လို့၂-၁ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
အဖိုးတန်နိုင်ပွဲရအပြီးမှာနည်းပြဆီမြွန်နီက “ဒုတိယပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကတိုက်ဆိုင်မှုမဟုတ်ဘူး။ကျွန်တော်တို့ညဏ်သုံးပြီးကစားခဲ့ပါတယ်၊ကျွန်တော်တို့ကိုပွဲကိုလက်မလျှော့ခဲ့ပါဘူး။လေဗာကူဆင်ကအရမ်းကောင်းအောင်ကစားခဲ့ပေမယ့်ဂိုးသွင်းခွင့်တွေတော့မရခဲ့ဘူး၊ကျွန်တော်တို့မှာရှိတဲ့ကစားသမားတွေနဲ့အပြောင်းအလဲလုပ်နိုင်ခဲ့ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးဆီမြွန်နီကအခုနွေရာသီမှမန်စီးတီးကနေပြောင်းရွှေ့လာခဲ့တဲ့အဲလ်ဗာရက်ဇ်ရဲ့ခြေစွမ်းကိုလည်းအထူးတလည်ချီးကျူးသွားခဲ့ပါသေးတယ်။ “ဂျူလီယန်ကိုခေါ်ယူဖို့စစချင်းတွေးတုန်းကနည်းနည်းတော့စိတ်လှုပ်ရှားခဲ့တယ်။သူ့မှာအထင်ကြီးစရာကောင်းတဲ့မှတ်တမ်းတွေရှိတယ်။နှစ်တွေကြာလာတာနဲ့အမျှကလပ်မှာနေရာကောင်းတစ်ခုရလာပါလိမ့်မယ်။”လို့ဆိုခဲ့တာဖြစ်ပါတယ်။အက်တလက်တီကိုမက်ဒရစ်ရဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်နဲ့ပတ်သတ်လို့သတင်းထောက်တစ်ဦးကမေးမြန်းရာမှာလည်းဒီယေဂိုဆီမြွန်နီက “ဒီပြိုင်ပွဲမှာအသင်းတိုင်းယှဉ်ပြိုင်ကစားချင်ကြပြီးဗိုလ်လုပွဲကိုတက်ရောက်ချင်ကြပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာနည်းပြဆီမြွန်နီလက်အောက်မှာချန်ပီယံလိဂ်ဗိုလ်လုပွဲကိုနှစ်ကြိမ်တိုင်တိုင်ရောက်ရှိခဲ့ပေမယ့်လည်းရီးရဲလ်မက်ဒရစ်ကို၂ကြိမ်စလုံးရှုံးနိမ့်ကာဒုတိယနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ဒါကြောင့်မက်ဒရစ်ကလပ်အနေနဲ့ဒီတစ်ကြိမ်မှာရောဆီမြန်နီပြောသလိုချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်ပြီးအစဉ်အလာဆိုးတွေကိုရောချေဖျက်ပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.