နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ပါးပါးနပ်နပ် ကျော်ဖြတ်ပြပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ခဲ့ပြန်တဲ့ ရီးရဲလ်မက်ဒရစ်

countdown banner

မန်ချက်စတာစီးတီး ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ဒုတိယနေ့ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ ပွဲကောင်း တစ်ပွဲ အဖြစ် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အချိန်ပို ပင်နယ်တီတွေ အထိ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီမှာတော့ ရီးရဲလ်မက်ဒရစ်က လူနင်ရဲ့ လက်စွမ်းပြမှုနဲ့ အတူ အနိုင်ရခဲ့ပြီးတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးက အီဒါဆင်၊ ဒီးရာ့စ်၊ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ အာကန်ဂျီ၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဟာလန်း တို့ပါဝင်တဲ့ လူစာရင်းနဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ လူနင်၊ ရူဒီဂါ၊ နာချို၊ ကာဗာဟယ်၊ မန်ဒီ၊ ကာမာဗင်ဂါ၊ ခရူးစ်၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို၊ ဗင်နီးစီးယပ်စ်နဲ့ ဘယ်လင်ဟမ်တို့ ပွဲထွက်လာခဲ့ပါတယ်။ အန်ဆယ်လော့တီ အနေနဲ့ ပြီးခဲ့တဲ့ ပွဲကအတိုင်း ဂျူ့ဒ် ဘယ်လင်ဟမ်ကို အထောင် တိုက်စစ်မှာ ဗင်နီနဲ့ တွဲဖက် ကစားစေပြီး မန်စီးတီး နောက်တန်းကို Physical ချင်း ယှဉ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၁၂ မိနစ် မှာတင်ပဲ ဗင်နီးစီးယပ်စ်ရဲ့ ဖန်တီးပေးမှုကနေ ရိုဒရီဂိုက နှစ်ဆင့် ပိတ်ပြီး ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးတို့ ချေပဂိုး ရရှိရေး အတွက် ရီးရဲလ်မက်ဒရစ်ကို တောက်လျောက် ဖိအားပေးနိုင်ခဲ့ပေမယ့် ရူဒီဂါ ဦးဆောင်တဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ဟာလန်း တစ်ယောက် ရူဒီဂါရဲ့ အိပ်ကပ်ထဲ ရောက်နေခဲ့ရတဲ့ အထိ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ပြိုင်ဘက်တိုင်းက ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်လို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းနဲ့ ရင်ဆိုင်ရရင် အလိုလို ရှိန်နေတတ်ပါတယ်။
ချန်ပီယံလိဂ်မှာ ၁၄ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ရီးရဲလ်မက်ဒရစ်

ဒီလို ထိုးဖောက်နေရင်းက ပွဲချိန် ၇၆ မိနစ် မှာတော့ ဒီဘရွန်းနားက မန်စီးတီး အတွက် အသက်ဆက် ချေပဂိုး သွင်းယူပေးခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ အန်ဆယ်လော့တီ အနေနဲ့ အသင်းကို ခံစစ် အားပြုစေပြီး အခွင့်အရေး ရမှပဲ တန်ပြန် တိုက်စစ်ပြောင်းဖို့ ရည်ရွယ်ခဲ့တာ တွေ့ရပါတယ်။ တကယ်လည်း ရီးရဲလ်က မန်စီးတီးကို ၁၈ ကိုက်စည်း ဝန်းကျင်မှာ စိတ်ကြိုက် ထိုးဖောက်ခွင့်ပေးခဲ့ပြီး သူတို့ရဲ့ ခံစစ် စွမ်းရည်ကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲက နာကျင်အချိန်ပို ပင်နယ်တီ အဆုံးအဖြတ် အထ ရောက်သွားခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ ရီးရဲလ်မက်ဒရစ် ဘက်က လူကာမိုဒရစ် ဂိုးမဝင်ခဲ့ပေမယ့် မန်စီးတီး ဘက်က ဘာနာဒို ဆေးလ်ဗားနဲ့ ကိုဗာချစ်တို့ လွဲခဲ့တာကြောင့် ရီးရဲလ်က နှစ်ကျော့ပေါင်း ရလဒ် ၇-၈ နဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ကစားခွင့်ရပြီ ဆိုရင် အဓိက အချက် ၃ ချက်လိုပါတယ်။ ခြေစွမ်းကောင်းရမယ်၊ အတွေ့အကြုံ ရှိရမယ်၊ ကံတရားရဲ့ ဖေးမမှုလည်း လိုအပ်ပါတယ်။ ခြေစွမ်းကောင်းရမယ် ဆိုတာ ကတော့ အားလုံး သိပြီးသားပါ။ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲကြီး တစ်ခုမှာ တစ်သင်းလုံး ခြေစွမ်းကောင်းနေမှပဲ လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။ အတွေ့အကြုံ ဆိုတာ ကတော့ ဘယ်အသင်းနဲ့ တွေ့ရင် ဘယ်လို ကစားရမယ်။ ပထမအကျော့မှာ ဘယ်လို ကစားပြီး ဒုတိယအကျော့မှာ ပြိုင်ဘက်ကို ဘယ်လို ရင်ဆိုင်ရမယ်။ အခွင့်အရေးတွေ အသုံးချနိုင်ရမယ်။ စသဖြင့်ပေါ့။ အဝေးကြီး ကြည့်ဖို့ မလိုပါဘူး။ ဘေယန်မြူးနစ်နဲ့ အာဆင်နယ် ပွဲကို ကြည့်တာနဲ့ သိသာပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ ကံတရားရဲ့ ဖေးမမှုပေါ့။ အသင်းက အပေါ်က အချက် နှစ်ချက်နဲ့ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ။ Luck မရှိရင်လည်း ဘာမှလုပ်မရပါဘူး။ ဒီနေရာမှာ ရီးရဲလ်မက်ဒရစ်ရဲ့ UCL Luck က ဘယ်အသင်းနဲ့မှ မတူပါဘူး။ ခြေစွမ်းနိမ့်နေတဲ့ အချိန်မှာတောင် ချန်ပီယံ ဖြစ်ခဲ့တာတွေက သက်သေပါပဲ။

ပြောရမယ် ဆိုရင် အန်ဆယ်လော့တီရဲ့ အသင်းက ခြေစွမ်းအကောင်းကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ သမ္ဘာရှိသလို ကံလည်း ကောင်းတတ်ပါတယ်။ ပြိုင်ဘက်တိုင်းက ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်လို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းနဲ့ ရင်ဆိုင်ရရင် အလိုလို ရှိန်နေတတ်ပါတယ်။ နောက်ပြီး ရီးရဲလ်ဟာ ဘယ်အချိန်မှာ ဘာလုပ်ရမယ် ဆိုတာကို ကောင်းကောင်း နားလည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒီအချက်တွေကပဲ စပိန် ထိပ်သီးကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။

အခုတော့ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျာမန် ဘီလူး ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရတော့မှာပါ။ ဘေယန်မြူးနစ် ကလည်း ခြေစွမ်းကျနေချိန်မှာတောင် အာဆင်နယ်ကို ပါးပါးနပ်နပ် ကျော်ဖြတ်နိုင်ခဲ့လို့ ရီးရဲလ် အတွက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ မန်စီးတီး ကတော့ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံစိုက်နိုင်တော့မှာ ဖြစ်ပြီး သူတို့ အတွက် Treble ချန်ပီယံ မဟုတ်ရင်တောင် ဖလား ၂ လုံး ချန်ပီယံ အဖြစ် ရာသီသိမ်းနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်