နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် ဦးဆောင်ရင်း သရေနဲ့ပဲ ကျေနပ်ခဲ့ကြရတဲ့ ရီးရဲလ်နဲ့ မန်စီးတီး | ချန်ပီယံလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ရီးရဲလ်မက်ဒရစ် ၃-၃ မန်ချက်စတာစီးတီး

   ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ကလည်း ပိုလိုတောင် အကြိတ်အနယ် ရှိခဲ့ပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ တစ်သင်းနဲ့ တစ်သင်း အပြန်အလှန် ဦးဆောင်ရင်း နောက်ဆုံး မှာတော့ ၃-၃ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအတွက် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေဟာ ပြိုင်ဘက် အသင်း သွေးပျက်လောက်အောင် အကြီးအကျယ် ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အားပေးခဲ့ပေမယ့် ကျေနပ်လောက်တဲ့ ရလဒ်မျိုး မရခဲ့တာ ဖြစ်ပါတယ်။ ကာလို အန်ဆယ်လော့တီရဲ့ အသင်းက ဒီနေ့ပွဲမှာ ၄-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လူနင်၊ ရူဒီဂါ၊ ချူအာမန်နီ၊ မန်ဒီ၊ ကာဗာဟယ်၊ ခရူးစ်၊ ကာမာဗင်ဂါ၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို၊ ဗင်နီးစီးယပ်စ်၊ ဘယ်လင်ဟမ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ နောက်ပိုင်း ပွဲတွေ မှာလိုပဲ ချူအာမန်နီကို ခံစစ် ကစားခိုင်းခဲ့ပြီး ဘယ်လင်ဟမ်ကိုတော့ ထူးထူးခြားခြားပဲ တိုက်စစ်တင် ကစားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ထုံးစံ အတိုင်း ဟာလန်းကို အထောင် တိုက်စစ်မှာ ကစားစေပြီး သူ့နောက်မှာ‌တော့ ဖိုဒန်၊ ကိုဗာချစ်၊ ဂရီးလစ်ရှ်၊ ဆေးလ်ဗား၊ ရိုဒရီ၊ စတုန်းစ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အာကန်ဂျီ၊ အော်တီဂါ တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစပြီး ၂ မိနစ် အကြာမှာပဲ ဘာနာဒို ဆေးလ်ဗားက အလွတ်တည်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းပြီး မန်စီးတီး အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့နောက် ရီးရဲလ်မက်ဒရစ်တို့ အနည်းငယ် ပြာသွားပေမယ့် လျင်လျင်မြန်မြန်ပဲ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဒီးရာ့စ်ရဲ့ OG၊ ရိုဒရီဂိုရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးက တိုက်စစ် ပိုတင်လာခဲ့တာကြောင့် ရီးရဲလ်တို့ ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် မိနစ် ၆၀ ကျော်တဲ့ အထိ ရီးရဲလ်တို့ ၂-၁ နဲ့ ဦးဆောင်ထားခဲ့တာပါ။ မန်စီးတီးတို့ ၆၆ မိနစ်နဲ့ ၇၁ မိနစ် တွေမှာတော့ ဂိုးတွေ ထပ်ရခဲ့လို့ မန်စီးတီးတို့ ပွဲကို တဖန်ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ အပျော်တွေ ၁၀ မိနစ်တောင် မခံခဲ့ပဲ ရီးရဲလ် အတွက် ချေပဂိုးကို ဗယ်လ်ဗာဒီက လှပတဲ့ မြေမကျကန်ချက်နဲ့ အဆုံးသတ်ပေးခဲ့လို့ ၃-၃ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ နောက်ပိုင်း နှစ်တွေထဲ ဆရာကြီး ဖြစ်နေတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ကတော့ ပွဲမတိုင်ခင် ကတည်း ပရိသတ်တွေ မျှော်လင့်ခဲ့ကြတဲ့ အတိုင်းပဲ ဖျော်ဖြေမှုရသ အပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်ရဲ့ ပွဲပေါင်း ၁၀၀ ကျော်ထဲမှာ ဒီပွဲက အကောင်းဆုံး လို့တောင် ပြောလို့ ရပြီး အပြန်အလှန် ဦးဆောင်ခဲ့ကြရင်း မျှတတဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့တယ်လို့ ဆိုရမှာပါ။ ရီးရဲလ်မက်ဒရစ် အတွက် ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့က အက်တီဟတ်မှာ ကစားရမှာ ဖြစ်တာကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရီးရဲလ်ဟာ ရီးရဲလ် ဖြစ်နေတာကြောင့်တော့ မန်စီးတီးလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းကို အံ့အားသင့်ဖွယ် ခြေစွမ်းတွေနဲ့ ကျော်ဖြတ်ပြနိုင်မလား ဆိုတာ ဒုတိယအကျော့ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အဓိက ကတော့ ဒီနေ့ပွဲမှာ ဝေါလ်ကာ မကစားနိုင်ခဲ့တဲ့ မန်စီးတီး ညာခြမ်းက အားနည်းခဲ့ပြီး တစ်ဖက်က ဗင်နီးစီးယပ်စ်ကို ကြိုက်သလို ကစားခွင့်ပေးခဲ့မိတာ ဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာ ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်း မြက်ခင်းကို ဝေဖန်ခဲ့ပြီး သူတို့ကွင်း ရောက်ရင် ပရိသတ်တွေရဲ့ အားနဲ့ အပြတ်တီးမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ဧပြီလ ၁၈ ရက်နေ့မှ ဒုတိယအကျော့ ပြန်ကစားရမှာ ဖြစ်ပြီး ဒီပွဲ မတိုင်ခင် ရီးရဲလ်က မာယော့ကာ၊ မန်စီးတီး ကတော့ လူတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်