ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် အနိုင်ရပြီးနောက် နည်းပြ မီခဲလ် အာတေးတားက အခုလိုပဲ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ အိမ်ရှင် အာဆင်နယ်ဟာ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အာတေးတားက သူတို့ရဲ့ သမိုင်းကို သူတို့ ကိုယ်တိုင် ရေးဖို့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါးခဲ့တာပါ။
မီခဲလ် အာတေးတားက “ဒီအသင်း အနေနဲ့ နှစ် ၂၀ လုံးလုံး မကစားခဲ့ရသလို ဒီပြိုင်ပွဲမှာ သေချာတဲ့ အောင်မြင်မှု မရခဲ့တဲ့အခါ မင်းရဲ့ သမိုင်းကို ကိုယ်တိုင်ရေးဖို ပြင်ဆင်ထားရမယ်။ ဒီလိုညတွေမှာ မင်းရဲ့ သမိုင်းကို ရေးနိုင်တယ်။ ဒါဟာ ကျွန်တော်တို ကစားသမားတွေရဲ့ စုပေါင်း စွမ်းရည်နဲ့ တစ်ဦးချင်း အရည်အချင်း ကနေ ထွက်လာတာ။ အခု ကျွန်တော် တို့မှာ ပေးဆပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အာတေးတားက ဒီပွဲဟာ နှစ်ကျော့ ကစားရမှာ ဖြစ်တာကြောင်း အခုရလဒ်က ပထမပိုင်း ရလဒ်ပဲ ဖြစ်တယ် ဆိုပြီး ကစားသမားတွေရော၊ ပရိသတ်တွေ ကိုပါ ထပ်ခါတလဲလဲ သတိပေးခဲ့ပါသေးတယ်။ အာတေးတားက “ဒီနိုင်ပွဲကို ပျော်ရမှာပါ၊ ဒါပေမယ့် အခု ပထမပိုင်းပဲ ပြီးပါသေးတယ်။ မက်ဒရစ်မှာ ပိုကောင်းအောင် လုပ်နိုင်ရမယ်။ ကျွန်တော် ဒီလို ဖြစ်နိုင်တယ်လို့လည်း ယုံကြည်ခဲ့တယ်။ ပွဲမတိုင်ခင် ကျွန်တော်တို့ သူတို့ကို ဒုက္ခပေးနိုင်မယ်လို ခံစားရပါတယ်။ ဒါပေမယ့် အဲဒါကို ဖြစ်အောင် လုပ်ရမယ်။ ဒီလို စိတ်ထားနဲ့ ယုံကြည်ချက် ရှိရင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ပြခဲ့ပြီး၊ ဒါပေမယ့် ဒါက ပထမပိုင်းပဲ။” လို့ သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၅ ကြိမ် ချန်ပီယံ ဖြစ်ထားသလို လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းကို ဒီကလန် ရိုက်စ်ရဲ့ ဖရီးကစ် သွင်းဂိုး ၂ ဂိုး အပြင် မာရင်နိုရဲ့ ဂိုးနဲ့ ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ရိုက်စ် ကိုယ်တိုင် ကလည်း သူ့အတွက် ပထမဦးဆုံး ဖရီးကစ် သွင်းဂိုးတွေ ရရှိခဲ့တာ ဖြစ်ပြီးတော့ အခုလို စွမ်းဆောင်ရည်တွေ ရရှိဖို့ အချိန် အကြာကြီး လေ့ကျင့်ခဲ့ရတာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကို မတက်လှမ်းနိုင်ခဲ့တာဟာ ၁၆ နှစ် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်က လက်ရှိ ပထမအကျော့ အပြီးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ၈၀ ရာခိုင်နှုန်း သေချာနေပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် မှာ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၂၀၀၄ ခုနှစ်က ဗိုလ်လုပွဲကို တစ်ကြိမ် တက်ရောက်ခဲ့ဖူးပေမယ့် ချန်ပီယံဆုတော့ မရရှိခဲ့ပါဘူး။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် လာမယ့် ဧပြီ ၁၇ ရက်နေ့ ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.