နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာနေဗျူးမှာ အနိမ့်ဆုံး သရေကစားမယ့် မန်စီးတီး | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ရီးရဲလ်မက်ဒရစ် – မန်ချက်စတာစီးတီး

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ရဲ့ နောက်ထပ် ပွဲကြီး ပွဲကောင်း တစ်ပွဲ အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ ဘာနေဗျုးမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ မကြာခဏ တွေ့ဆုံနေတဲ့ Power House နှစ်သင်းရဲ့ အားပြိုင်မှုကို စိတ်ဝင်စားဖွယ် ထပ်မံ ရှုစားကြရမှာ ဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ဇန်နဝါရီလ နောက်ပိုင်း ကတည်းက ရှုံးပွဲ မရှိတော့တာ ဖြစ်ပြီး ပုံစံကောင်းလည်း ရနေပါတယ်။ ချန်ပီယံလိဂ် ဘုရင်ကြီးလို့ ခေါ်ဆိုရမယ့် ရီးရဲလ်မက်ဒရစ်က ၁၆ သင်း အဆင့်မှာ ဂျာမန် ကလပ် လိုက်ပ်ဇစ်ကို သက်တောင့်သက်သာ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာလို အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် နောက်ပိုင်း တွေ့ဆုံမှု တော်တော်များများမှာ မန်စီးတီးကို အသာမရခဲ့သလို ဒီနှစ် အတွက် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာ သေချာပါတယ်။

အထက်မှာ ပြောခဲ့သလိုပဲ မန်ချက်စတာစီးတီး ကတော့ ဒီနှစ် ချန်ပီယံလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်သလို လက်ရှိမှာ ပုံစံကောင်းရနေတဲ့ အသင်း ဖြစ်ပါတယ်။ ကစားသမား အင်အား၊ အသင်းလိုက် ကစားပုံ၊ တစ်ဦးချင်း ခြေစွမ်းကောင်းတဲ့ ကစားသမား ပိုင်ဆိုင်ထားမှု အရပါ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ကောင်းကောင်း ယှဉ်နိုင်ပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ သမ္ဘာ လိုပေမယ့် မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ အကြိမ်ကြိမ် တွေ့ဆုံထားဖူးလို့ လုံးဝ ရှိန်နေမှာ မဟုတ်ပါဘူး။ ပြိုင်ပွဲစုံ ၂၅ ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ တတ်နိုင်သမျှ ဂိုးမပေးရအောင် ကစားပြီး အနိမ့်ဆုံး သရေ မျှော်လင့်ချက် ထားမှာ သေချာပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အထက်မှာ ပြောခဲ့သလိုပဲ မန်ချက်စတာစီးတီး ကတော့ ဒီနှစ် ချန်ပီယံလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်သလို လက်ရှိမှာ ပုံစံကောင်းရနေတဲ့ အသင်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ ၂၅ ပွဲဆက် မရှုံးထားတဲ့ မန်စီးတီး

အခုပွဲကိုတော့ ရီးရဲလ်မက်ဒရစ်မှာ သီဘောက် ကော့တွိုက်စ်၊ ဒေးဗစ် အလာဘာ၊ ဆယ်ဘာလော့စ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
မန်စီးတီး ဘက်မှာတော့ နေသန် အေခီနဲ့ ကိုင်လီ ဝေါလ်ကာတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရီးရဲလ်မက်ဒရစ် – လူနင်၊ ရူဒီဂါ၊ နာချို၊ မန်ဒီ၊ ကာဗာဟယ်၊ ခရူးစ်၊ ချူအာမန်နီ၊ ဘယ်လင်ဂမ်၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို၊ ဒီးရာ့ဇ်

မန်ချက်စတာစီးတီး – အီဒါဆင်၊ ဒီးရာ့စ်၊ ဂျွန် စတုန်းစ်၊ ဂဗာဒီယိုလ်၊ လီဝစ်၊ ရိုဒရီ၊ အဲလ်ဗာရက်ဇ်၊ ဒီဘရွန်းနား၊ ဘော့ဘ်၊ ဖိုဒန်၊ ဟာလန်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်က ၄ ကြိမ်နိုင်၊ မန်စီးတီးက ၅ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ချန်ပီယံလိဂ် တွေ့ဆုံမှု မှာတော့ ရီးရဲလ်မက်ဒရစ်က ၄ ကြိမ် နိုင်ပြီး မန်စီးတီးက ၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ နှစ်သင်းစလုံး ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ၂၁ ပွဲဆက် ရှုံးပွဲ မရှိသလို မန်စီးတီး ကတော့ အဝေးကွင်း ၁၂ ပွဲဆက် မရှုံးထားပါဘူး။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၂.၆၇ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၂.၃၅ ဆ၊ သရေ ဆိုရင်တော့ ၃.၃၁ ဆရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဒဲ့ကြေးနဲ့ မန်စီးတီးက သရေ တစ်ဝက်ရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးမှာ ကောင်းကောင်း ယှဉ်ကစားနိုင်စွမ်းရှိပါတယ်။ ကျနော် ကတော့ ဒီပွဲမှာ သရေ ရလဒ်နဲ့ အရဲစွန့်ထားချင်ပြီး ဂိုးအောက်လည်း ကြိုက်ပါတယ်။


ခန့်မှန်းရလဒ်

ရီးရဲလ်မက်ဒရစ် ၁-၁ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်