နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေမှာ ရုန်းကန်ရဖို့ ရှိနေတဲ့ ဂျူဗင်တပ်စ် | ဗီလာရီးရဲယ် – ဂျူဗင်တပ်စ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

ဗီလာရီးရဲယ် – ဂျူဗင်တပ်စ်

ဗုဒ္ဓဟူးညရဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပထမအကျော့ နောက်ထပ် ပွဲစဉ် အဖြစ် ဗီလာရီးရဲယ်နဲ့ ဂျူဗင်တပ်စ်တို့ စပိန်မြေမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပုံစံကောင်း တစ်ခုနဲ့ အတူ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်တဲ့ အသင်း နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိလာနိုင်ပြီး ဂျူဗင်တပ်စ်တို့ စပိန်မြေမှာ ရလဒ်ကောင်းဖို့ မလွယ်တဲ့ ပွဲစဉ်လို့လည်း ဆိုနိုင်ပါတယ်။

ချန်ပီယံလိဂ် နဲ့ သိပ်ပြီး ကံမစပ်တဲ့ ဗီလာရီးရဲယ် ကတော့ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဂျူဗင်တပ်စ်နဲ့ စောစောစီးစီး တွေ့ဆုံနေလို့ ကံဆိုးတယ် လို့ပဲ ဆိုရပါမယ်။ ချန်ပီယံလိဂ် အုပ်စု F မှာ မန်ချက်စတာယူနိုက်တက်၊ အတ္တလန္တာ၊ ယန်းဘွိုင်းစ် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ အနောက် အုပ်စု ဒုတိယနေရာ ကနေ ရှုံးထွက် အဆင့်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ကြည့်မယ် ဆိုရင်လည်း မဆိုးဘူးလို့ ပြောလို့ ရပြီး ပြိုင်ပွဲစုံ ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားသလို ပြီးခဲ့တဲ့ ၄ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ အဲ့ဒီ ၄ ပွဲမှာ ခြေစွမ်း ထက်မြတ်နေတဲ့ ရီးရဲယ်မက်ဒရစ်ကို သရေ၊ ရီးရဲယ်ဘက်တစ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ပွဲမှာတော့ ဂရန်နာဒါကို ဒန်ဂျူးမားရဲ့ ဟက်ထရစ်နဲ့ အတူ ၁-၄ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ လက်ရှိ အသင်းမှာ ဂျရန် မိုရီနို၊ ပီနာ၊ ကိုကွီလင် တို့ကလွဲရင် ကျန်အဓိက ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ဒန်ဂျူးမား၊ အဲလ်ဘတ်တို မိုရီနို၊ ချူကွီဇီ၊ ကာပူး၊ ဆဲလ်ဆို၊ ပယ်ရီဟို၊ ပါအူ တောရက်စ်၊ အဲလ်ဘီယို၊ ဖွိုက်၊ ပက်ဒရာဇာ၊ ရူလီ တို့ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
လိဒ် ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲမှာ အီတလီစူပါဖလား ဗိုလ်လုပွဲစဉ် ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ လက်ရှိ ခြေစွမ်းက မဆိုးပေမယ့် ပြီးခဲ့တဲ့ စီးရီးအေ ၂ ပွဲမှာတော့ နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ ဒူဆန်ဗလာဟိုဗစ် အနေနဲ့ သူ့ရဲ့ ဂျူဗင်တပ်စ် ကစားသမားဘဝ ပွဲဦးထွက် ၂ ပွဲမှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်တွေ မှာတော့ ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့တဲ့ အပြင် အသင်း နိုင်ပွဲရဖို့လည်း မကူညီနိုင်ခဲ့တာ တွေ့ရပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် တက်လာတဲ့ အသင်းတွေထဲမှာ ဗီလာရီးရဲယ်ဟာ အားနည်းတဲ့ ပြိုင်ဘက် အဖြစ် သတ်မှတ်လို့ ရပေမယ့် အိမ်ကွင်း မာကျောမှုက ဂျူဗင်တပ်စ် ကို ခက်ခဲစေနိုင်တဲ့ အဓိက အချက်တစ်ချက် ဖြစ်ပါတယ်။ မက်စ်အဲလ်ဂရီ ကတော့ ဗလာဟိုဗစ် ရောက်လာချိန်က စပြီး သမားရိုးကျ ၄-၄-၂ ကစားကွက်ကို ပြန်သုံးနေတာ တွေ့ရပြီး အခုပွဲ မှာလည်း တိုက်စစ်မှာ မိုရာတာ၊ ဗလာဟိုဗစ် အတွဲအဖက်နဲ့ပဲ ပွဲထွက်လာဖို့ များနေပါတယ်။ ကွင်းလယ်မှာ လိုကတ်တယ်လီ၊ ဇကာရီယာ၊ ကွာဒွာဒို၊ ရာဘီယော့တ်၊ ခံစစ်နဲ့ ဂိုးမှာတော့ ဒီလစ်ချ်၊ ဒန်နီလို၊ ဆန်ဒရို၊ ဒီဆစ်ဂ်လီယို၊ ရှက်ဇီနီတို့ပဲ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ပေါ်လို ဒီဘာလား၊ ဘိုနူချီ၊ ခီလီနီ၊ ဘာနက်ဒက်စ်ချီ၊ ရူဂါနီ၊ ခီယေဇာ တို့ကတော့ ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ ၂၀၀၉ ခုနှစ်က ခြေစမ်းပွဲမှာ ၁ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး အဲ့ဒီပွဲမှာတုန်းက ဗီလာရီးရဲယ်က ဂျူဗင်တပ်စ်ကို ၁-၄ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဗီလာရီးရဲယ် – ဂျူဗင်တပ်စ်အချိန်ပြည့် အိမ်ရှင် @ ၂.၄၉ ဆ
ဖေဖော်ဝါရီလ၂၃ ရက်၊ မနက် ၂:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ကြေးဖွင့်မှု အရ ဗီလာရီးရဲယ် အတွက် ၂.၄၉ ဆ၊ ဂျူဗင်တပ်စ် အတွက် ၂.၉၀ ဆ၊ သရေ အတွက် ၃.၁၀ ဆ သတ်မှတ်ထားတာ တွေ့ရပါတယ်။ လက်တလောမှာ ခြေစွမ်း တည်ငြိမ်နေတဲ့ အသင်းတွေလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ် အဓိက နောက်ခံလူ တော်တော်များများ ဒဏ်ရာကြောင့် လွဲချော်မယ့် အခြေအနေက ဗီလာရီးရဲယ် အတွက် အားသာချက် ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် Correct Score ၂-၁ သို့မဟုတ် ဂိုးပေါ် ၂.၀၀ က သင့်လျော်တဲ့ ရွေးချယ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ မဖြစ်မနေ တစ်သင်းသင်းကို ရွေးချယ်ရမယ် ဆိုရင် အိမ်ရှင် ဗီလာရီးရဲယ်ပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်