နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန်မြေမှာ သရေနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဂျူဗင်တပ်စ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

ဗီလာရီးရဲယ် ၁ – ၁ ဂျူဗင်တပ်စ်

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပထမအကျော့ နောက်ထပ် ပွဲစဉ် ဖြစ်တဲ့ ဗီလာရီးရဲယ်နဲ့ ဂျူဗင်တပ်စ် တို့ရဲ့ ပွဲကတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ ဒူဆန် ဗလာဟိုဗစ်ရဲ့ တစ်မိနစ် မပြည့်ခင်မှာတင် သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဗီလာရီးရဲယ် ဘက်က ပယ်ရီဟိုက ချေပဂိုး ပြန်လည် သွင်းယူခဲ့လို့ သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ကြရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အူနိုင်းအန်မေရီရဲ့ အသင်းက ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဂျူဗင်တပ်စ် ကတော့ ၃-၅-၂ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဗီလာရီးရဲယ်တို့ တိုက်စစ်မှာ နောက်ပိုင်း ပွဲတွေမှာ ဂိုးမြူးနေတဲ့ ဒန်ဂျူးမားကို လိုဆယ်ဆိုနဲ့ တွဲဖက် ပွဲထုတ်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ကာပူး၊ ပယ်ရီဟို၊ ချူကွီဇီ၊ အဲလ်ဘတ်တို မိုရီနို၊ ပက်ဒ်ရာဇာ၊ ပါအူ တောရက်စ်၊ အဲလ်ဘီယို၊ ဖွိုက်၊ ရူလီတို့ ပါဝင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကလည်း တိုက်စစ်မှာ ဗလာဟိုဗစ်၊ မိုရာတာ အတွဲအဖက်နဲ့ အတူ ကွင်းလယ်မှာ ရာဘီယော့တ်၊ လိုကတ်တယ်လီ၊ မက်ကင်နီ၊ ခံစစ်မှာ ကွာဒွာဒို၊ ဒီဆစ်ဂ်လီယို၊ ဒန်နီလို၊ ဒီလစ်ချ်၊ ဆန်ဒရို၊ ရှက်ဇီနီ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ ပွဲအစ ၁ မိနစ် မပြည့်ခင်မှာပဲ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး နောက်ခံလူ ဒန်နီလိုရဲ့ တိုက်ရိုက် ကန်တင် ပေးပို့မှုကို ဗီလာရီးရဲယ် ခံစစ်မှူးတွေ လိုက်လံ ထိန်းချုပ်နေတဲ့ ကြားက ဗလာဟိုဗစ်က သေသေသပ်သပ်နဲ့ ကန်သွင်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းလုံး အပိုင် အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ဘောလုံးက ကွင်းလယ် မှာသာ အပျက်များနေခဲ့ပါတယ်။ လိုဆယ်လိုရဲ့ အပိုင်ကန်ချက် ဂိုးတိုင်ထိ ထွက်သွားခဲ့တာကြောင့်လည်း အိမ်ရှင်တို့ နစ်နာခဲ့ရပြီး ပထမပိုင်း အပြီးမှာတော့ ဧည့်သည် ဂျူဗီတို့ ၀-၁ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲပြီးဆုံးချိန် အထိ သွင်းဂိုးတွေ ထပ်မမြင်ရတော့လို့ ၁-၁ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး ဒုတိယအကျော့ တူရင်မြေ ပွဲစဉ် ကတော့ နှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေး အတွက် ပိုပြီး အရေးပါလာခဲ့ပြီ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် အတွက် ပြိုင်ပွဲစုံ ၅ ပွဲကစားပြီး ၂ ဂိုး သွင်းယူပေးထားတဲ့ ဒူဆန်ဗလာဟိုဗစ်

ဒုတိယပိုင်း မှာတော့ မက်စ်အဲလ်လီဂရီ အနေနဲ့ ခံစစ် အတွက် ဘိုနူချီနဲ့ အားဖြည့်ခဲ့ပြီး ကွင်းလယ် မှာတော့ လိုကတ်တယ်လီ အစား အာသာကို ထည့်ပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆၆ မိနစ်မှာတော့ ဗီလာရီးရဲယ်တို့ ချေပဂိုး ရရှိသွားခဲ့ပြီး ကာပူးရဲ့ ပေးပို့မှု ကနေ ပယ်ရီဟို က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာလည်း ဗီလာရီးရဲယ်တို့ ပွဲကို ပိုမို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဂျူဗင်တပ်စ် ကတော့ တန်ပြန် တိုက်စစ် ကိုပဲ အဓိက အားပြုကစားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးဆုံးချိန် အထိ သွင်းဂိုးတွေ ထပ်မမြင်ရတော့လို့ ၁-၁ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး ဒုတိယအကျော့ တူရင်မြေ ပွဲစဉ် ကတော့ နှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေး အတွက် ပိုပြီး အရေးပါလာခဲ့ပြီ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် တိုက်စစ်မှူး ဗလာဟိုဗစ် ကတော့ ဒီပွဲမှာ မဖြစ်မနေ ချီးကျူးရမယ့် ကစားသမား ဖြစ်ခဲ့ပြီး သူ့ အနေနဲ့ ချန်ပီယံလိဂ် မှာ ဂိုးသွင်းနိုင်ဖို့ ၃၂ စက္ကန့်သာ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ကြိုတင် တွက်ဆ ခန့်မှန်းခဲ့တဲ့ ရလဒ်အတိုင်း ပြီးဆုံးခဲ့တဲ့ ပွဲစဉ် လို့လည်း ပြောလို့ ရပြီး ခြေစွမ်း အရလည်း နှစ်သင်းလုံး အားရစရာ ပုံစံမျိုးတော့ မမြင်တွေ့ခဲ့ရပါဘူး။ ဗီလာရီးရဲယ် တိုက်စစ်က ဒန်ဂျူးမား ဒီနေ့ပွဲမှာ ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့သလို ဂျူဗင်တပ်စ် ခံစစ်မှူးတွေရဲ့ မာမာထန်ထန် တားဆီးမှုတွေကြောင့် ဘောလုံး ထိဖို့တောင် တော်တော်လေး ခက်ခဲခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အိမ်ကွင်းဆိုရင် တတ်နိုင်သမျှ မရှုံးအောင် ကစားတတ်တဲ့ ဗီလာရီးရဲယ်တို့ သရေ ရလဒ်ကို မရရအောင် ယူသွားနိုင်ခဲ့ပြီး ဒုတိယ အကျော့ပွဲစဉ် ကတော့ ပိုပြီး အရေးကြီးသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဗီလာရီးရဲယ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အက်စ်ပန်ညိုနဲ့ လာလီဂါ ပွဲစဉ် ကစားရဖို့ ရှိပြီး ဂျူဗင်တပ်စ် ကတော့ ၂၆ ရက်နေ့မှာ အမ်ပိုလီနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်