ပီအက်စ်ဗွီ – ဂျူဗင်တပ်စ်
ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ်ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲအဖြစ် ပီအက်စ်ဗွီနဲ့ ဂျူဗင်တပ်စ်တို့ နယ်သာလန်မြေမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ပထမအကျော့ တူရင်မှာခြေစွမ်းမကောင်းပေမယ့် ၂-၁ ရလဒ်နဲ့ ကပ်နိုင်ထားတဲ့ ဂျူဗင်တပ်စ်တို့ ပီအက်စ်ဗွီရဲ့ အိမ်ကွင်းမှာရလဒ်ကောင်းရှာဖွေနိုင်ပါ့မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ပီအက်စ်ဗွီကတော့ ပထမအကျော့တုန်းကခြေစွမ်းသာခဲ့ရက်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့တော့ အနည်းငယ် ခက်ခဲနေခဲ့ရပြီဖြစ်ပါတယ်။ ပီအက်စ်ဗွီကနောက်ပိုင်းကစားတဲ့ ပွဲတွေမှာအနည်းငယ် ခြေကျနေတာမျိုးတွေ့ရပြီးနိုင်ပွဲတွေလည်းပျောက်နေပါတယ်။ပီအက်စ်ဗွီအနေနဲ့ နောက်ဆုံး ၅ ပွဲမှာနိုင်ပွဲ ၁ ပွဲသာရခဲ့တဲ့ အထိအခြေအနေဆိုးနေပြီးဂျူဗင်တပ်စ်လိုအသင်းကောင်းတစ်သင်းကိုအသာရဖို့ ဖြစ်နိုင်ပါ့မလားဆိုတာသံသယဖြစ်စရာပါ။
ပထမအကျော့တုန်းကဂျူဗင်တပ်စ်ဟာအိမ်ကွင်းမှာကစားခဲ့ရပေမယ့် ပီအက်စ်ဗွီကိုခြေစွမ်းအရမသာခဲ့ပဲအမ်ဘန်ဂူလာရဲ့ နောက်ကျဂိုးနဲ့ ကပ်နိုင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ကလက်ရှိမှာပုံစံကောင်းပြန်ရနေပြီးတော့ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲရထားပါတယ်။ အင်တာမီလန်လိုအသင်းကိုတောင် အနိုင်ကစားထားလို့ သီယာဂိုမော့တာရဲ့ အသင်းကစိတ်ဓာတ်ပိုင်းကအမြင့်ဆုံးမှာရှိနေပါလိမ့်မယ်။တစ်ခုရှိတာကဂျူဗင်တပ်စ်ဟာပထမအကျော့တုန်းကအနိုင်ရထားတာကြောင့် ထိန်းကစားဖို့ ရှိပြီးအိမ်ကွင်းကစားပုံကောင်းတဲ့ ပီအက်စ်ဗွီကိုဘယ်လိုမျိုးတားဆီးမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
အခုပွဲကိုတော့ပီအက်စ်ဗွီဘက်ကဘို့စ်ကက်ဂလီ၊ ကားစ်ဒေါ့ပ်၊ ဒက်စ်၊ တေးလ်မန်း၊ ပပ်ပီတို့လိုကစားသမားတွေလွဲချော်ဖွယ် ရှိနေပါတယ်။
ဂျူဗင်တပ်စ် ဘက်မှာတော့ လူးဝစ်ဇ်၊ ဘရီမာ၊ ကာဘဲလ်၊ ကာလူလူ၊ မီလစ်ခ် တို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ်လူစာရင်း

ပီအက်စ်ဗွီ -ဘင်နီတက်ဇ်၊ လီဒက်ဇ်မာ၊ ဖလာမင်ဂို၊ အိုဘီစပို၊ ဂျူနီယာ၊ ဗီးယားမန်း၊ ရှောက်တန်၊ ပါရီဆစ်၊ တေးလ်၊ လန်းဂ်၊ ဒီယောင်
ဂျူဗင်တပ်စ်-ဒီဂျော်ဂျီယို၊ ကယ်လီ၊ ဗိုင်ဂါ၊ ဂတ်တီ၊ ဝီးရာ့၊ လိုကတ်တယ်လီ၊ ကူ့ပ်မိုင်းနား၊ ရီလ်ဒစ်ဇ်၊ ဂွန်ဇာလက်ဇ်၊ မက်ကင်နီ၊ ကိုလိုမူအာနီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဂျူဗင်တပ်စ်ကပီအက်စ်ဂျီနဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်နောက်ဆုံး ၂ ကြိမ်စလုံးအနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်တွေကိုပြန်ကြည့်ရင် ပီအက်စ်ဗွီက ၁ ပွဲနိုင်၊ ၃ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ ဂျူဗင်တပ်စ် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1×2 မှာပီအက်စ်ဗွီနိုင်ရင်၂.၃၃ဆ၊ဂျူဗင်တပ်စ်နိုင်ရင်၂.၇၀ဆ၊သရေဆိုရင်တော့၃.၃၁ဆပေးထားပါတယ်။အာရှဟန်းဒီးကပ်မှာတော့ ပီအက်စ်ဗွီကဒဲ့ကြေးနဲ့ ခပ်ပါးပါးကြေးပေါက်နေပြီးဂိုးပေါင်းကလည်း ၃ လုံးသွင်းရင် ပျော်ရွှင်ရပါပြီ။ ပီအက်စ်ဗွီကမဖြစ်မနေအနိုင်ရဖို့ တိုက်စစ်ဖွင့်ကန်မှာဖြစ်ပြီးဂျူဗင်တပ်စ် ကတော့ သူတို့ ထုံးစံအတိုင်းခံစစ်ကိုကျစ်ကျစ်လျစ်လျစ် ကစားဖို့ အနိမ့်ဆုံးသရေရလဒ်ကိုဆွဲခေါ်ဖို့ ကြိုးစားမှာပါ။ ဂိုးပေါ် ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ပီအက်စ်ဗွီ၂-၂ဂျူဗင်တပ်စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.