နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဗွီကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်စ် | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဂျူဗင်တပ်စ်က ပီအက်စ်ဗွီကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အိမ်ရှင် ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာ နယ်သာလန် ကလပ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီးတော့ အမ်ဘန်ဂူလာရဲ့ မိနစ် ၈၀ ကျော် နောက်ကျဂိုးကြောင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂျူဗင်တပ်စ်က ဂိုးမြူးနေတဲ့ တိုက်စစ်မှူးသစ် ရန်ဒဲလ် ကိုလို မူအာနီကို အထောင်ထားပြီး မက်ကင်နီ၊ ဂွန်ဇာလက်ဇ်၊ ရီလ်ဒစ်ဇ်၊ လိုကတ်တယ်လီ၊ လူးဝစ်ဇ်၊ ဝီရာ့၊ ဂတ်တီ၊ ဗိုင်ဂါ၊ ကယ်လီ၊ ဒီ ဂျော်ဂျီယို တို့နဲ့ ပီအက်စ်ဗွီကို ရင်ဆိုင်သွားခဲ့ပါတယ်။ ပီအက်စ်ဗွီ ကလည်း ဒဏ်ရာရ ကစားသမားတွေ များနေပေမယ့် အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းနဲ့ အိမ်ရှင် ဂျူဗင်တပ်စ်ကို ပြန်လည် တုန့်ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနှစ်သင်းက အခုနှစ် ချန်ပီယံလိဂ် လိဂ် အဆင့် မှာတုန်းက တစ်ကြိမ် တွေ့ဆုံထားခဲ့ပြီး အဲဒီအချိန်တုန်းက ဂျူဗင်တပ်စ်ဟာ ရီလ်ဒစ်ဇ်၊ မက်ကင်နီ၊ ဂွန်ဇာလက်ဇ် တို့ရဲ့ ဂိုးတွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရထားခဲ့တာပါ။ ဒီတစ်ကြိမ် မှာတော့ ပီအက်စ်ဗွီရဲ့ တုန့်ပြန်ပုံ ကောင်းမွန်မှုကြောင့် သီယာဂို မော့တာရဲ့ အသင်း ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ဖက်ဒရစ်ကို ဂတ်တီရဲ့ ပေးပို့မှု ကနေ ဝက်စတန်း မက်ကင်နီက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုး ရယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ အိမ်ရှင်တို့ ၁-၀ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

တစ်ဖက်မှာ ပီအက်စ်ဗွီ ကလည်း ချန်ပီယံလိဂ် ၁၆ သင်း အဆင့် အတွက် မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်လို့ ဒုတိယအကျော့ ကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းဦးမှာပါ။
ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ အဖြစ် အိမ်ကွင်းမှာ ကစားရမယ့် ပီအက်စ်ဗွီ

ဒုတိယပိုင်းမှာတော့ ချေပဂိုး ရရှိရေး ပီအက်စ်ဗွီတို့ တိုက်စစ်မြှင့်လာခဲ့ပြီး ခရိုအေးရှား တောင်ပံကစားသမားကြီး အိုင်ဗန် ပါရီဆစ်က ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ၁-၁ ဖြစ်သွားချိန်မှာ ဂျူဗင်တပ်စ်က ကွန်ဆီကာအို၊ ကူ့ပ်မိုင်းနားစ်၊ သူရမ် တို့ကို ထည့်ပြီး တိုက်စစ် မြှင်ခဲ့သလို ပီအက်စ်ဗွီ ကလည်း ဘာကာယိုကို၊ တေးလ် တို့ကို ထည့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ ပီအက်စ်ဗွီကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး တိုက်စစ်အဆုံးသတ်တွေ အားနည်းခဲ့လို့သာ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက် ခြေမပေါ်တဲ့ ရန်ဒဲလ် ကိုလို မူအာနီကို ထုတ်ပြီး ဗလာဟိုဗစ်ကို ထည့်သွင်းလိုက်ချိန်မှာတော့ ဂျူဗင်တပ်စ်တို့ တိုက်စစ်က ပိုပြီး အသက်ဝင်လာခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ် မှာတော့ ဂျူဗင်တပ်စ်တို့ လိုအပ်နေတဲ့ သွင်းဂိုး ရခဲ့ပြီး လူစားဝင် တောင်ပံ ကစားသမား အမ်ဘမ်ဂူလာက အဖိုးတန် အနိုင်ဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဂျူဗင်တပ်စ်တို့ အသာစီးရခဲ့ပေမယ့် ဒုတိယအကျော့ နယ်သာလန်မြေမှာ ကစားရမှာ ဖြစ်တာကြောင့်တော့ အခုရလဒ်ကို ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ သီယာဂို မော့တာရဲ့ အသင်းကို အားနည်းချက်တွေ များစွာနဲ့ မြင်တွေ့နေရဆဲ ဖြစ်ပြီး ဒုတိယအကျော့မှာ ပေါ့ပေါ့ဆဆ ကစားလို့ မရပါဘူး။ ဥရောပ အတွေ့အကြုံ များတဲ့ ပီအက်စ်ဗွီ ကလည်း လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ပြီး သူတို့ရဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ သေချာပေါက် ဖောင်ဖျက်ကစားမှာ ဖြစ်ပါတယ်။ ဒီရလဒ်က ဂျူဗင်တပ်စ် အတွက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းဖို့ မသေချာသေးဘူးလို့ ပြောလို့ ရပါတယ်။ တစ်ဖက်မှာ ပီအက်စ်ဗွီ ကလည်း ချန်ပီယံလိဂ် ၁၆ သင်း အဆင့် အတွက် မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်လို့ ဒုတိယအကျော့ ကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းဦးမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်