နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒွန်နာရမ်မာက ဒီထက်ပိုကောင်းအောင် လုပ်သင့်တယ်လို့ ထောက်ပြခဲ့တဲ့ ဂျိုကိုးလ်၊ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ အမ်ဘာပေး (ချန်ပီယံလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ဒွန်နာရမ်မာက ဒီထက် ပိုကောင်းအောင် လုပ်သင့်တယ်လို့ ထောက်ပြခဲ့တဲ့ ဂျိုကိုးလ်၊ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ အမ်ဘာပေး စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရဲ့ ချန်ပီယံလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒွန်နာရမ်မာက ဒီထက် ပိုကောင်းအောင် လုပ်သင့်တယ်လို့ ထောက်ပြခဲ့တဲ့ ဂျိုကိုးလ်

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ ပီအက်စ်ဂျီ ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဘေယန်မြူးနစ် ကစားသမား ကင်စလေ ကိုမန်ရဲ့ သွင်းဂိုးကို ကာကွယ်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ဒွန်နာရမ်မာကို ပရိသတ်တွေနဲ့ ဘောလုံး သုံးသပ်သူတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကိုမန်ရဲ့ ကန်သွင်းချက်ဟာ ဒွန်နာရမ်မာရဲ့ လက်အောက် ကနေ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဟာ ဒီဂိုးနဲ့ ဘေယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ အတွက် နောက်တစ်ဆင့် တက်ဖို့ ဆိုရင် ဘေယန်မြူးနစ် ကွင်းမှာ ပိုပြီး ရုန်းကန်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ ဂျိုကိုးလ် ကတော့ ဒါဟာ ဒွန်နာရမ်မာရဲ့ အမှားလို့ ပြောခဲ့တာပါ။ ဂျိုကိုးလ်က “ ဒါဟာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ပါ။ ဒါပေမယ့် ဂိုးသမား အနေနဲ့ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်သင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပရိသတ်တွေ ကတော့ ဒွန်နာရမ်မာဟာ ဒီလို အမှားမျိူးကို ပြီးခဲ့တဲ့ ရီးရယ်လ်နဲ့ ပွဲစဉ် မှာလည်း ကျူးလွန်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြပြီး နာဗတ်စ်သာ ဆိုရင် သေချာပေါက် ကာကွယ်နိုင်မှာလို့ ပြောခဲ့ကြပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေခံနေရပြီး နာမည်ကြီး ကစားသမားတွေ ခေါ်ယူထားပေမယ့် ချန်ပီယံလိဂ် ကနေ ထွက်ခွာရမယ့် အရေးနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။


မင်းတို့ ထမင်း၀အောင် စားထား ဆိုပြီး အသင်းဖော်တွေကို သတိပေးလိုက်တဲ့ အမ်ဘာပေး

ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဂျာမနီ ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးက ပြောဆိုခဲ့ကာ ဘယ်လိုပုံစံမျိုးတွေ လုပ်ရင် အနိုင်ယူနိုင်မလဲ ဆိုတာ ကိုပါ အသင်းဖော်တွေကို အသိပေးခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဂျာမနီ ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့တဲ့ အမ်ဘာပေး

ဒီပွဲရဲ့ ဒုတိယပိုင်း ရောက်မှ လူစားဝင်ရောက်လာတဲ့ အမ်ဘာပေးဟာ ၂ ဂိုး သွင်းယူခဲ့ပေမယ့် လူကျွံဘော အဖြစ် သတ်မှတ်ခံရလို့ ပီအက်စ်ဂျီ အတွက် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ နောက်တစ်ဆင့် တက်ဖို့ ဆိုရင် ဘေယန်ကွင်းမှာ အနည်းဆုံး မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာပါ။

အမ်ဘာပေးက “ ဒီပွဲရဲ့နောက်ဆုံး အပိုင်းကို ကျွန်တော်တို့ မှတ်မိဖို့ ရှိပါတယ်။ သူတို့ရဲ့ အနောက်မှာ ရှိပေမယ့် ကျွန်တော်တို့ သူတို့ကို ဒုက္ခပေးနိုင်တယ် ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျန်းမာရေး ကောင်းပြီး အနိုင်ရဖို့ အတွက် ကျွန်တော် တို့ရဲ့ ကစားသမား အားလုံးကို လိုပါတယ်

“ ကျွန်တော်ဟာ မကစားသင့်သေးပေမယ့် အသင်းဖော်တွေကို ကူညီပေးချင်သလို၊ စွမ်းအားတွေ ကိုလည်း ယူဆောင်လာချင်လို့ပါ။ အားလုံး ကြိုးစားခဲ့ကြပြီး ကျွန်တော်လည်း ဒီထက် ပိုပြီး မလုပ်နိုင်ခဲ့ပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ ကစားသမားတွေ ကျန်းမာဖို့၊ လူတိုင်း အစားကောင်းကောင်း စားဖို့နဲ့ အိပ်ရေးဝဝ အိပ်ဖို့ အရေးကြီးပါတယ်” လို့ ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ၃ ပွဲ ဆက် ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပြီး ၂၀၂၃ ထဲမှာ ရှုံးပွဲ ၅ ပွဲ အထိ ရှိသွားပြီ ဖြစ်ပါတယ်။


ငါတို့ ရမယ့် ၂ မှတ် ငါတို့ကို ပြန်ပေးဆိုပြီး တောင်းနေတဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီခဲလ် အာတေတာက ဘရန်ဖိုဒ့်နဲ့ ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူကျွံဘောသွင်းဂိုး ခွင့်ပြုပေးခဲ့တာနဲ့ ပတ်သက်ပြီး သူတို့ မှားယွင်းတယ်လို့ ဒိုင်လူကြီး အဖွဲ့ချုပ်က တောင်းပန်တာကို လက်ခံရရှိခဲ့ပေမယ့် ပြင်းပြင်းထန်ထန်ကို ငြင်းဆန်ခဲ့ပြီး သူတို့ ဆုံးရှုံးခဲ့တဲ့ ရမှတ် ၂ မှတ်သာ ပြန်လိုချင်တယ်လို့ ပြောဆိုသွာခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
လိဒ် ယူနိုက်တက်
1X2 အဲဗာတန်2.42
အဲဗာတန် အာရှ ဟန်းဒီးကပ် 0.00 @ 1.80
ဂိုးပေါ် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲမှာ ဘရန်ဖိုဒ့် အတွက် အိုင်ဗန် တိုနေး ဂိုးသွင်းတဲ့ အချိန်မှာ လူကျွံနေပေမယ့် လူကျွံနေတဲ့သူကို လိုင်းမဆွဲခဲ့တာကြောင့် ကွင်းလယ် ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ အဲ့ဒီပွဲစဉ်ရဲ့ VAR တာဝန်ရှိသူကို လာမယ့် ပွဲစဉ်တွေမှာ တာဝန်ပေးတာ ကနေပါ ဖယ်ရှားပစ်ခဲ့ပြီး ဒိုင်လူကြီး အဖွဲ့ချုပ်က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် အသင်း နှစ်သင်းစလုံးကို ဒီအမှား အတွက် တောင်းပန်သွားခဲ့တာပါ။

အာဆင်နယ် ပရိသတ်တွေ ကတော့ ဒီပွဲကို ပြန်ကစားပေးဖို့ ဆိုရှယ် မီဒီယာတွေ ပေါ်မှာ ရေးသားခဲ့ကြပါတယ်။ အာဆင်နယ် အတွက်တော့ ချန်ပီယံဆုရဖို့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အချိန်မှာ ရမှတ် ၂ မှတ် လျော့တာက အသင်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။

အာတေတာက “ ဒါဟာ လူသား အမှားအယွင်း မဟုတ်ဘူး။ ခင်ဗျား တို့ရဲ့ အလုပ်ကို နားမလည်တာပါ။ ဒါကို လုံးဝ လက်မခံနိုင်ပါဘူး။ ဝမ်းနည်းပါတယ်။အခု အာဆင်နယ်က ပြန်မရနိုင်တဲ့ ၂ မှတ် ကုန်ကျသွားတယ်”

“ ဒါကြောင့် ဒီ ၂ မှတ်ကို လိဂ်ရဲ့ အခြားနေရာမှာ ရှာဖွေရတော့မယ်” လို့ ပြောခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ မနက်ဖြန် မနက်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် မန်ချက်စတာစီးတီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အရေးနိမ့်ခဲ့ရင် ထိပ်ဆုံး နေရာက ဖယ်ပေးရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်