နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတွေ့အကြုံပိုင်းမှာ စကားပြောလာနိုင်လို့ ဂျူဗီ ကိုပဲ အကြိုက်တွေ့မိတယ် | ဂျူဗင်တပ်စ် – ဗီလာရီးရဲယ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

ဂျူဗင်တပ်စ် – ဗီလာရီးရဲယ်

အခုတစ်ပတ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေရဲ့ ဒုတိယနေ့ မှာတော့ အီတလီ ထိပ်သီး ဂျူဗင်တပ်စ်တို့ ဗီလာရီးရဲယ်ကို အိမ်ကွင်း ဖြစ်တဲ့ အလိုင်းရန့်ဇ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ပထမအကျော့ စပိန်မြေမှာ အကြိတ်အနယ် ကစားခဲ့ပေမယ့် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့လို့ အခုပွဲက နောက်တစ်ဆင့် တက်ရေး အဆုံးအဖြတ် ဖြစ်လာနိုင်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

ဂျူဗင်တပ်စ် ကတော့ လက်ရှိ ဥရောပ ထိပ်တန်းလိဂ်တွေ ထဲမှာ ရှုံးပွဲ မရှိ စံချိန်ကို အကြာဆုံး ထိန်းထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို စီးရီးအေ မှာလည်း ၁၅ ပွဲဆက် ရလဒ်ကောင်းထားခဲ့လို့ အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ အတွက် သေချာနေပြီလို့ ပြောလို့ ရပါတယ်။ မက်စ် အယ်လီဂရီရဲ့ အသင်းက ပြီးခဲ့တဲ့ ၄ ပွဲဆက် အနိုင်ရထားသလို ကိုပါအီတလီယာ မှာလည်း ဗိုလ်လုပွဲ တက်ဖို့ အခြေအနေ ကောင်းနေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ် စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အားရစရာ မရှိခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဂျူဗင်တပ်စ်တို့ ၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်နှစ်ဆက် ၁၆ သင်း အဆင့် ကနေ ထွက်ခွာထားခဲ့ပါတယ်။ မက်စ် အယ်လီဂရီရဲ့ အသင်း အနေနဲ့ ဒီနှစ် ချန်ပီယံလိဂ် မှာတော့ ၇ ပွဲ ကစားခဲ့ရာမှာ အဝေးကွင်း ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး အိမ်ကွင်း မှာတော့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပါတယ်။ ပထမအကျော့ စပိန်မြေ ကနေ အဝေးဂိုး ၁ ဂိုး ရလာခဲ့တဲ့ အတွက် ဂျူဗင်တပ်စ်တို့ နောက်တစ်ဆင့် တက်ဖို့ အလေးသာနေခဲ့ပေမယ့် ဗီလာရီးရဲယ် ကလည်း လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် အယ်လီဂရီ အနေနဲ့ နည်းဗျူဟာပိုင်း အသေအချာ ပြင်ဆင်လာဖို့ ရှိပြီး အကောင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။ ၄-၄-၂ ကို အခြေခံတဲ့ အခင်းအကျင်းကိုပဲ အသုံးပြုလာဖို့ များနေပြီး ဗလာဟိုဗစ်၊ မိုရာတာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ အာသာ၊ လိုကတ်တယ်လီ၊ ကွာဒွာဒို၊ ရာဘီယော့တ်၊ ဆန်ဒရို၊ ဒီလစ်ဂျ်၊ ရူဂါနီ၊ ဒန်နီလို၊ ရှက်ဇီနီတို့ ပွဲထွက်လာဖို့ များနေပါတယ်။ ဒါပေမယ့် ခီယေဇာ၊ ဘိုနူချီ၊ ဇကာရီယာ၊ မက်ကင်နီတို့ ဒဏ်ရာပြသနာ ရှိနေလို့ အယ်လီဂရီ အတွက် အနည်းငယ် ခေါင်းကိုက်စရာ ဖြစ်နေပါလိမ့်မယ်။

ဒီနှစ်သင်း ကတော့ ဥရောပ အဆင့် ပွဲစဉ်တွေမှာ ၁ ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး အခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ ဗီလာရီးရဲယ်

ဗီလာရီးရဲယ်တို့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ပြန်ကောင်းနေပေမယ့် ခြေစွမ်းပိုင်း အရ သိပ်ပြီး တည်ငြိမ်နေတဲ့ အထဲမှာတော့ မပါသေးပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ အိုဆာဆူနာ တစ်သင်း တည်းကို ရှုံးနိမ့်ထားခဲ့ပြီး ၅ ပွဲနိုင်၊ ၂ ပွဲ သရေ ကျထားခဲ့ပါတယ်။ ထူးခြားချက်က ဗီလာရီးရဲယ်တို့ တိုက်စစ်ပိုင်း တော်တော်လေး ထက်မြတ်နေခဲ့ပြီး အဲ့ဒီ ၈ ပွဲမှာ တိုက်စစ်က တစ်ပွဲ ပျမ်းမျှ ၂ ဂိုးနှုန်း ရရှိထားခဲ့သလို ပေးဂိုး ကတော့ ၄ ဂိုးသာ ရှိထားခဲ့ပါတယ်။ အခုပွဲ မှာလည်း အူနိုင်း အန်မေရီ အနေနဲ့ ခံစစ်၊ တိုက်စစ် အမျှတဆုံး ဖြစ်အောင် ကစားနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပြီး ၄-၄-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာဖို့ များပါတယ်။ အဲလ်ဘတ်တို မိုရီနို၊ အဲလ်ကာဆာ၊ ပီနာတို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပေမယ့် ဖွိုက်၊ ကာပူး၊ အဲလ်ဘီယိုနဲ့ ဂျရတ် မိုရီနို တို့ကတော့ လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း အရ ဆိုရင်တော့ ဒန်ဂျူးမား၊ လိုဆယ်ဆို တို့ တိုက်စစ်မှာ ဦးဆောင်လာနိုင်ပြီး ကာပူး၊ ပီနို၊ ပယ်ရီဟို၊ ချူကွီဇီ၊ ဖွိုက်၊ အဲလ်ဘီယို၊ ပါအူ တောရက်စ်၊ ပီဒရက်ဇာ၊ ရူလီတို့ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ ဥရောပ အဆင့် ပွဲစဉ်တွေမှာ ၁ ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး အခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲမှာတော့ ဂျူဗင်တပ်စ်တို့ ဗလာဟိုဗစ်ရဲ့ ၃၂ စက္ကန့်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဗီလာရီးရဲယ် အတွက် ပယ်ရီဟိုက ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ၁-၁ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဂျူဗင်တပ်စ် အတွက် ၁.၉၉ ဆ၊ သရေ အတွက် ၃.၄၀ ဆ၊ ဗီလာရီးရဲယ် အတွက် ၃.၆၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ စုဖွဲ့မှုပိုင်း သိပ်မကွာသလို ခြေစွမ်းပိုင်း အရလည်း သိပ်ပြီး ကွာဟမှု မရှိပါဘူး။ ဒီလို အခြေအနေမျိုးမှာ ချန်ပီယံလိဂ် အတွေ့အကြုံ ပိုသာတဲ့ နည်းပြ အယ်လီဂရီနဲ့ ဂျူဗင်တပ်စ် ဘက်ကပဲ ရပ်တည်မိမှာပါ။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရနိုင်ပေမယ့် ဂိုးပေါင်း အောက်ကို သဘောကျမိပါတယ်။ ဂျူဗီတို့ ၂-၀ သို့မဟုတ် ၂-၁ လောက်နဲ့ပဲ ကပ်နိုင်သွားဖို့ များပါတယ်။


ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်