မန်ချက်စတာယူနိုက်တက် ကတော့ စပိုတင်းလစ္စဘွန်း အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ယိုကီးရက်စ်က ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ အသင်း ဆီကိုသာ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒ ရှိနေတာကြောင့် ယူနိုက်တက် အတွက် ခက်ခဲသွားဖွယ်တော့ ရှိနေပါတယ်။
လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူချင်နေတဲ့ ဥရောပ ထိပ်သီး ကလပ် များစွာ ရှိနေပြီးတော့ စပိုတင်းလစ္စဘွန်း နည်းပြဟောင်း ရူဘင် အမော်ရင် ကလည်း သူ့ရဲ့ တပည့်ဟောင်းကို ယူနိုက်တက်ဆီ အရ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေအရ ဆိုရင် ယူနိုက်တက်ဟာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး အသင်း အဖြစ် ထင်ကြေးပေးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်ဟာ ဆွီဒင်သားကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေကို တောင်းဆိုခဲ့သေးကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ယိုကီးရက်စ် ကတော့ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ကလပ် အသင်း ကိုသာ ဦးစားပေး ရွေးချယ်သွားဖို့ စီစဉ်လျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံး ရာသီမှာ စပို့တင်းနဲ့ အတူ စတင် တောက်ပလာခဲ့သူ ဖြစ်ပြီးတော့ သူ့ကို မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာနဲ့ အာဆင်နယ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် အသင်း များစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက စပို့တင်းလစ္စဘွန်း အတွက် ပွဲ ၅၀ ကစားပြီး ၄၃ ဂိုး သွင်းကာ ၁၄ ဂိုး ဖန်တီးနိုင်ခဲ့သလို အခု ရာသီ မှာလည်း ဆက်လက် ခြေစွမ်းပြနေပြီးတော့ ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားရာမှာ ၃၄ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။
ဗစ်တာ ယိုကီးရက်စ် ကတော့ အင်တာဗျူး တစ်ခုမှာ သူ့အနေနဲ့ ပရီးမီးယားလိဂ် ကလပ်တွေကို ပြောင်းရွှေ့ ကစားဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း ဖွင့်ဟထားခဲ့ဖူးပါတယ်။ လက်ရှိ မှာတော့ ယိုကီးရက်စ်က စပို့တင်းလစ္စဘွန်း မှာပဲ ရာသီကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပြီး လာမယ့် နွေရာသီမှ အသင်း ပြောင်းရွှေ့ဖို့ များနေပါတယ်။ ယူနိုက်တက် အနေနဲ့ ယိုကီးရက်စ်ကို ခေါ်ယူချင်ရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဦးဆုံး ရောင်းထုတ်ရမှာ ဖြစ်သလို အခုလို ယိုကီးရက်စ်ရဲ့ ချန်ပီယံလိဂ် ကစားချင်တဲ့ ဆန္ဒကြောင့် ခေါ်ယူဖို့ ပိုမိုခက်ခဲသွားခဲ့ရပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အမော်ရင်ရဲ့ နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမား တချို့ကို ရှင်းထုတ်နိုင်ခဲ့ပေမယ့် အားရစရာ ကစားသမား ခေါ်ယူမှုတွေတော့ မပြုလုပ်နိုင်ခဲ့ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.