မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေး ၁ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ဝန်ခံ ပြောကြားလာခဲ့ပါတယ်။
အက်တီဟတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ်မှာ မန်စီးတီးက ပွဲချိန် ၈၅ မိနစ် အထိ ၂-၁ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ပွဲချိန် ၈၆ မိနစ်နဲ့ ၉၀+၂ မိနစ် တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် မန်စီးတီးတို့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးက ဒီနှစ် ချန်ပီယံလိဂ် လိဂ်အဆင့်မှာ အဆင့် ၂၂ မှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် အဆင့် ၁၁ မှာ ရပ်တည်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပလေးအော့ဖ် ကစားခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ ဂွါဒီယိုလာက “ဘာနေဗျူးမှာ အနိုင်ကစားရတော့မယ် ဆိုတာ အားလုံး အသိပါပဲ။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ဖို အခွင့်အရေး ဘယ်လောက် ရာခိုင်နှုန်း ရှိသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ၁ ရာခိုင်နှုန်း ဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ ဒါက အရမ်းကို နည်းပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာ ရှိနေတဲ့ အခွင့်အရေးတွေ အတွက် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ပထမအကျော့မှာ ၂-၁ ရလဒ်နဲ့သာ နိုင်ထားရင် အခြေအနေတွေက ခြားနားသွားပါလိမ့်မယ်။ အခုတော့ ၂-၃ ဖြစ်နေတာကြောင့် အခွင့်အရေးက နည်းပါးသွားပါတယ်။ ဒါပေမယ့် ရသလောက် အခွင့်အရေးနဲ့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ နိုင်ပွဲ ပြန်လည် ရယူနိုင်ဖို့ ခက်ခက်ခဲခဲ ကစားသွားရတော့မှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ နယူးကာဆယ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒီလို ဂိုးပြတ် နိုင်ပွဲ ရရှိထားသည့် တိုင်အောင် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲက တော်တော်လေး ခက်ခဲလိမ့်မယ် ဆိုပြီး ဂွါဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ဒါပေမယ့် အမှန်တရားက ဒီရာသီမှာ ကျွန်တော်တိုရဲ့ ခြေစွမ်းရော၊ ရလဒ်တွေပါ အရမ်းကို ဆိုးရွားပါတယ်။ ဒီနေ့ပွဲ တစ်ပွဲ (နယူးကာဆယ်နဲ့ ပွဲ)ပဲ ကောင်းကောင်း ကစားနိုင်ခဲ့တာပါ။ ဒါက ကျွန်တော့်ရဲ့ အမြင်၊ အမှန်တရား၊ အသင်းရဲ့ အခြေအနေတွေကို ပြောင်းလဲမပေးနိုင်ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ နေ့စဉ် တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် နောက်ဆုံး မိနစ်မှာ ၂-၁ ရလဒ်နဲ့ ရှုံးပွဲကို စိတ်ကူးယဉ်မယ့် အစား ဒီလို ရလဒ်နဲ့ မက်ဒရစ်ကို သွားရတာ ပိုကောင်းပါတယ်။ မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ မစတင်မီက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ခဲ့တဲ့ အသင်းပါ။ ဒါပေမယ့်လည်း မန်စီးတီးက လိဂ်အဆင့် ပွဲစဉ် ၈ ပွဲ ကစားရာမှာ ၃ ပွဲသာ အနိုင်ရရှိပြီးတော့ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုူံးခဲ့တာကြောင့် ပလေးအော့ဖ် ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ပရီးမီးယားလိဂ် မှာလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့လည်း ၁၆ မှတ် အထိ ကွာဟနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.