နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်း သော့ချက် မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဂွာဒီယိုလာ၊ အသင်းရဲ့ စည်းလုံးမှုကို လေးစား ဂုဏ်ယူနေတဲ့ အင်ဇာဂီ (ချန်ပီယံလိဂ် နောက်ဆုံးရ သတင်းများ)

ဟာလန်း သော့ချက် မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဂွာဒီယိုလာ၊ အသင်းရဲ့ စည်းလုံးမှုကို လေးစား ဂုဏ်ယူနေတဲ့ အင်ဇာဂီ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၅ ရက်နေ့ရဲ့ ချန်ပီယံလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် မျှော်လင့်ချက် အတွက် ဟာလန်းက သော့ချက် မဟုတ်ဘူး ဆိုတဲ့ ဂွာဒီယိုလာ

ဟာလန်းက ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ စံချိန်သစ်တွေ တင်နိုင်ခဲ့ပြီးတော့ မန်စီးတီး ကလည်း ၇-၀ ဆိုတဲ့ ရလဒ်နဲ့ လိုက်ပ်ဇစ်ကို အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးတို့ နှစ်ကျော့ပေါင်း ၈-၁နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ၆ နှစ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဟာလန်းက ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၂ ဂိုး ထပ်သွင်းခဲ့တာကြောင့် သွင်းဂိုး ၅ ဂိုး အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဟာလန်း မတိုင်ခင် တစ်ပွဲထဲ (၅) ဂိုးသွင်းနိုင်ခဲ့သူက လီယွန်နယ် မက်ဆီနဲ့ လူးဝစ် အက်ဒရီယာနိုတို့ နှစ်ဦးသာ ရှိပါတယ်။ ဒါ့အပြင် နော်ဝေသားက ချန်ပီယံလိဂ် သွင်းဂိုး (၃၀) ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲ တစ်ခု အတွင်း (၁၀) ဂိုး သွင်းနိုင်တဲ့ မန်စီးတီးရဲ့ ပထမဦးဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂွာဒီယိုလာ ကတော့ မန်စီးတီးရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက် အတွက် ဟာလန်း အဖြေ မဟုတ်ပဲ ခံစစ်ပိုင်း ကောင်းမွန်ဖို့က အဓိကကျတယ်လို့ လက်ခံထားတာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက အရင်နှစ်တွေတုန်းက သူ့အသင်းဟာ ဂိုးတွေ သွင်းနိုင်ခဲ့သလို ပြန်လည်း ပေးခဲ့ရတာကြောင့် အမြဲတမ်းလိုလို ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သတ်ပြီး ဥပမာပေး ရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပပ်က သူ့အသင်းဟာ ဒီရာသီမှာ အချိန်တိုင်းလိုလို ဂိုးသွင်းနိုင်ပြီး ခံစစ် ကလည်း တကယ်ကို ကောင်းမွန်နေပြီလို့ ဆိုခဲ့ပါတယ်။ အဲ့နောက် ဟာလန်း ကိုတော့ အံ့အားသင့်စရာ ကောင်းတဲ့သူ တစ်ဦး ဖြစ်ကြောင်း၊ သူ့မှာ စွမ်းအား ရှိသလို စိတ်ဓာတ်လည်း ရှိပြီး အမြဲတမ်း အောင်နိုင်သူ ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။


အသင်းရဲ့ စည်းလုံးမှုကို လေးစား ဂုဏ်ယူနေတဲ့ အင်ဇာဂီ

အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်သွားတဲ့ သူ့အသင်းရဲ့ စည်းလုံး ညီညွတ်မှုကို လေးစား ဂုဏ်ယူလျက် ရှိနေပါတယ်။
၁၂ နှစ် အတွင်း ဥရောပ ပြိုင်ပွဲ တစ်ခုရဲ့ ကွာတားဖိုင်နယ်ကို ပထမဦးဆုံး အကြိမ် ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်သွားတဲ့ သူ့အသင်းရဲ့ စည်းလုံး ညီညွတ်မှုကို လေးစား ဂုဏ်ယူလျက် ရှိနေပါတယ်။

အင်တာမီလန်က ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ အဝေးကွင်းမှာ ပေါ်တိုကို ဂိုးမရှိ သရေ ကစားနိုင်ခဲ့လို့ နှစ်ကျော့ပေါင်း ၁-၀နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မီလန်မှာတုန်းက လူကာကူရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရထားတဲ့ အင်တာမီလန်တို့ ပေါ်တိုကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ရှင် အသင်းက အဆုံးသတ် လိုအပ်ချက်တွေ ရှိခဲ့သလို ဂိုးကံခေခဲ့တာကြောင့် အင်တာတို့ သက်သာရာရခဲ့တာ ဖြစ်ပြီး ၁၂ နှစ်တာ ကာလ အတွင်း ဥရောပ ပြိုင်ပွဲကြီး တစ်ခုရဲ့ ကွာတားဖိုင်နယ် အဆင့်ကို ပထမဦးဆုံး အကြိမ် ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အင်ဇာဂီက “ ကျွန်တော်တို့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်၊ အဖွဲ့လိုက် လုပ်ဆောင်ပြီး ကောင်းမွန်တဲ့ ပွဲ တစ်ပွဲကို ကစားခဲ့ပါတယ်၊ ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်း ကောင်းခဲ့ပါတယ်။ ပွဲရဲ့ နောက်ဆုံး အပိုင်းမှာတော့ ကျွန်တော်တို့ အားလုံး အတူတူ ကြံကြံခံခဲ့ရပြီး ဒီအစုအဖွဲ့ အတွက် ဂုဏ်ယူမိပါတယ်။

“ ဘောလုံးမှာ ကံတရားက အတော်လေးကို သက်ရောက်ရှိပေမယ့် ခြေနှစ်ချောင်းချင်း အတူတူမှာ ကျွန်တော်တို့ ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့ ထိုက်တန်ခဲ့ပါတယ်။ အခုတော့ အချိန် တော်ကြာအောင် ပျောက်ဆုံးနေတဲ့ အရာကို ပြန်ရခဲ့လို့ ကျနော်တို့ ပျော်ရွှင်ပါတယ်။” လို့ အင်ဇာဂီက ဆိုပါတယ်။

အဲ့နောက် အင်ဇာဂီက ခက်ခဲမယ် ဆိုတာ သူတို့ အားလုံး သိထားခဲ့ကြောင်း၊ သူ့အနေနဲ့ နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းသားတွေ အားလုံးကို ဂုဏ်ပြုလိုပြီး၊ အခုလို နောက်တစ်ဆင့် တက်ခဲ့တာက လာမယ့် ပွဲတွေ အတွက် တွန်းအား ဖြစ်စေကြောင်း ဆက်လက် ပြောကြားသွားခဲ့ပါတယ်။


အခွင့်အရေး တစ် ရာခိုင်နှုန်းလောက်ပဲ ရမယ် ဆိုရင်တောင် ကြိုးစားကြည့်ချင်တယ် ဆိုတဲ့ ကလော့ပ် 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
လီဗာပူးလ်
1X2 သရေ (Draw) @ 3.45
ဂိုးပေါ် 0.00 @ 1.78
ဂိုးပေါင်း 2-3 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တစ်ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေး ရခဲ့မယ် ဆိုရင်တောင် ကြိုးစားကြည့်ချင်တယ်လို့ လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်က ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ မတိုင်ခင် ပြောကြားလိုက်ပါတယ်။

ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ကလော့ပ်က “တကယ်လို့ ကျွန်တော်တို့ အခွင့်အရေး တစ်ရာခိုင်နှုန်းလောက်ပဲ ရှိမယ် ဆိုရင်တောင် ကြိုးစားကြည့်ချင်ပါတယ်။ ကျွန်တော်တို့ ဒီကို ရောက်နေတာဟာ အရမ်းကောင်းတဲ့ ပြိုင်ဘက်နဲ့ ကစားပြီး ပွဲကို အနိုင်ရအောင် ကြိုးစားဖို့ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ကလော့ပ်က ခက်ခဲနိုင်ပေမယ့် ဖြစ်နိုင်ချေ ရှိကြောင်း၊ သူတို့ အနေနဲ့ ပြိုင်ပွဲကို အရမ်း အလေးထားသလို ပြိုင်ဘက်ကိုလည်း အရမ်း လေးစားကြောင်း၊ ဒီပွဲက ကြိုတင် တွက်ဆထားလို့ မရကြောင်း ပြောကြားသွားခဲ့ပါတယ်။လစ်ဗာပူးလ်ဟာ ပထမအကျော့ အန်ဖီးလ်မှာတုန်းက ရီးရဲလ်မက်ဒရစ် ၅-၂နဲ့ အရေးနိမ့်ထားခဲ့တာကြောင့် ကွာတားဖိုင်နယ် တက်ရေး မျှော်လင့်ချက်က တော်တော်လေး ဝေဝါးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြိုးကြာနီ တို့ဟာ ချန်ပီယံလိဂ်မှာ ဆိုရင် မထင်မှတ်တာတွေ လုပ်ပြတတ်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့တာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်