နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နိုင်ပွဲဆက်နေမှုကို ချိုးဖျက်ပစ်မယ် ဆိုတဲ့ တာဇစ်

countdown banner

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ နည်းပြ အီဒင် တာဇစ် ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ လွှမ်းမိုးထားမှုကို ချိုးဖျက်ကာ အောင်ပွဲခံသွားမယ် ဆိုပြီးတော့ ကြုံးဝါးလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၈ ပွဲ ဆက်တိုက် အနိုင်ရရှိထားတဲ့ အသင်း ဖြစ်ပြီး သမိုင်းတစ်လျှောက် ၁၄ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ ရီးရဲလ်မက်ဒရစ်ဟာ ၁၉၈၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လစ်ဗာပူးလ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၈ ပွဲဆက် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေါ့မန် ကတော့ အက်တလက်တီကိုမက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့လို အသင်းကောင်းတွေကို ကျော်ဖြတ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် ကိုပါ ထပ်မံ အနိုင်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဒေါ့မန်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲဆက်နေမှုကို ရိုက်ချိုး ဖျက်ဆီးပြီး ချန်ပီယံ အဖြစ် အောင်ပွဲခံဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

တာဇစ်က “ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ရဲ့ ဆရာကြီးက ကျွန်တော် တို့ကို စောင့်ဆိုင်းနေပါတယ်။ ဒီနှစ်က ရီးရဲလ်မက်ဒရစ်ရဲ့ ဗိုလ်လုပွဲမှာ ၈ ကြိမ်ဆက် အနိုင်ရထားတဲ့ စံချိန်ကောင်းကို ရပ်တန့်ရမယ့် နှစ်ပါပဲ။” ဆိုပြီးတော့ ယုံကြည်ကြည်မှု ရှိရှိနဲ့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ ဒေါ့မန်က ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လို့ သတိထား ကစားသွားရမယ်လို့ ပြောကြားခဲ့ပေမယ့် ဗိုလ်လုပွဲ အတွက်တော့ စိတ်အေးလက်အေး ရှိနေတာ တွေ့ရပါတယ်။ အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် ဖလားကို ၄ ကြိမ် ရရှိခဲ့ဖူးပြီး အေစီမီလန်နဲ့ ၂ ကြိမ် ရီးရဲလ်မက်ဒရစ်နဲ့ ၂ ကြိမ် ရရှိထားခဲ့တာပါ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ အန်ဆယ်လော့တီ အတွက် ထမင်းစားရေသောက်လိုတောင် ဖြစ်နေပေမယ့် ဒီတစ်ကြိမ်မှာ ဒေါ့မန်တို့ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။

တာဇစ် ဦးဆောင်နေတဲ့ ဒေါ့မန်က ဒီရာသီမှာ ဘွန်ဒက်စ်လီဂါမှာ အရင်နှစ်တွေကလောက် ရလဒ်ကောင်းခဲ့ခြင်း မရှိပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ နိုင်ပွဲတွေ ဆက်နေပြီး ၁၁နှစ် အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ဗိုလ်လုပွဲဆီ ပြန်လည် တက်လှမ်းထားနိုင်တာ ဖြစ်ပါတယ်။ ဒေါ့မန်က ၂၀၁၃ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းခဲ့ဖူးပေမယ့် ပြည်တွင်း ပြိုင်ဘက် ဘေယန်မြူးနစ်ကို ၁-၂ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ဒုတိယ အဖြစ်နဲ့သာ ကျေနပ်ထားရတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နောက်ပိုင်း မှာတော့ ဒေါ့မန်က ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပြန်လည် ရောက်ရှိခဲ့ခြင်း မရှိပဲ လူငယ်နည်းပြ တာဇစ် လက်ထက်မှာသာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ဆိုင်မှု တစ်ခုက ၂၀၁၃ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံက ဝင်ဘလေ ကွင်းမှာ ကျင်းပခဲ့သလို အခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကလည်း ဝင်ဘလေကွင်းမှာ ကျင်းပဖို စီစဉ်ထားတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်